ဗုံးပေါက်ပြန်ပြီဗျို့

အသေးစားဗုံးတလုံး ရန်ကုန်၌ တနင်္ဂနွေမြန်မာစံတော်ချိန် ၇း၄၀နာရီခန့်က မြို့လည်တွင်ပေါက်ကွဲခဲ့သည်။ ည ၁၀ နာရီခွဲတွင် နောက်တလုံး ထရေးဒါးဟော်တယ်အနီး ထပ်မံ ပေါက်ကွဲပြန်သည်။ ပေါက်ကွဲမှု နှစ်ခုစလုံး လူအသေအပျောက် မရှိပေ။


ပထမဗုံးမှာ ကျောက်တံတားမြို့နယ်မြိုတော်ခန်းမနောက်ဘက်ရှိ တက္ကစီကားများ ရပ်နားရာ နေရာ(၄၅ကားဂိတ်နှင့် ဆူးလေ ကားဂိတ်အနီး)၌ မော်တော်ယာဉ် အမှတ် (ခခ-၁၀၂၉) ပေါ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး မော်တော်ယာဉ် အစိတ်ပိုင်းအချို့ ပျက်စီးနေတာကိုတွေ့ရကြောင်း လူအနီးနားရှိ မျက်မြင် တွေ့ရသူများက ပြောပါသည်။ “ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိပါဘူး။ ပေါက်တဲ့အသံကအရမ်းမကျယ်ပါဘူး။ တစ်ချို့လူတွေဆိုရင် သိတောင် မသိလိုက်ပါဘူး”ဟု ပြောကြားသည်။

“အခုဖြစ်တဲ့ကိစ္စနဲ့ပက်သက်ပြီးတော့ ဘယ်လိုမြင်ပါလဲ“လို့ အနီးရှိကားမှတ်တိုင်တွင်ကားစောင့်နေသူ တစ်ဦးအားမေးကြည့်ရာ “အခုဖြစ်တာကိုတော့ ရန်ကုန်မြို့ကလူတွေ့က မတုန်လူပ်ပါဘူး။ ဒီလိုဖြစ်အောင်လို့ စစ်အစိုးရကပဲလုပ်နေတာလေ။ သူတို့ကျွေးမွေးထားတဲ့သူတွေကိုခိုင်းတာပေါ့ လိမ်လို့မရပါဘူး။ တရားခံဘယ်သူဆိုတာကို အားလုံးကသိနေတယ်လေ။ ရန်ကုန်မှာအခုဆိုရင် လုံခြုံရေးတွေ့က နေရာအနှံ့မှာ လူမြင်မကောင်း အောင် တွေ့နေရတာ အဲဒီတော့ တရားခံကို အဝေးကြီး လိုက်ရှာနေစရာမလိုပါဘူး။''စစ်''တဲ့သူတွေကလဲစစ်၊ ဗုံးဖောက်တဲ့သူတွေ့ကလဲ'' ရဲ'' လိုက်ကြတာ၊ ဗုံးတွေကလဲ''စွမ်း"လိုက်တာ” တရားခံကို''သိပြီလား''အဲဒါတရားခံတွေလေ။ နောက်လ ၁၀ရက်နေ့ဆိုရင်မဲပေးရတော့မယ်ဆိုတော့ ပြည်သူတွေကို ဟိုအဖွဲ့ကလုပ်တာ ဒီအဖွဲ့ကလုပ်တာဆိုပြီးတော့ ညာပြောပြီး မဲပေးဖို့အတွက်ကိုစည်းရုံးရေးဆင်းမယ်။ ပွဲကြမ်းပြမယ်။ ရိုးနေပါပြီ။ ပြည်သူတွေယုံကြည်အောင်နေဖို့ ကြိုးစားလိုက်ပါဦး။ အသိဥာဏ်ရှိတဲ့သူတွေဆိုရင် ဘယ်သူမှမပြောလဲ သိတယ် အသိဥာဏ်မရှိတဲ့လူတွေကတော့ ဘယ်သူဘာပြောပြော ကိုယ်အတွက်ပဲကြည့်တယ်”ဟု အနီးရှိကားမှတ်တိုင်တွင် ကားစောင့်နေသူတစ်ဦးက ပြောပါသည်။

ယင်းပေါက်ကွဲမှုနှင့် ပါတ်သက်၍ ရန်ကုန်တိုင်းရဲမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမနှင့် မီတာ ၁၀၀ အကွာအဝေးခန့်တွင် ပေါက်ကွဲခြင်းဖြစ်သည်။ ည ၁၀း၃၀ ခန့်တွင်Trader Hotel တွင်ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။ ထိုနေရာတွင်လည်း လူထိခိုက် ဒဏ်ရာရခြင်းမရှိပါ။



ဓါတ်ပုံ အား မဇ္ဈိမသတင်းဌာန မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form