တိဘက်မှာ အကြမ်းဖက်မှုအခြေအနေတွေ ဒီ့ထက်ပိုဆိုးလာရင် သူနုတ်ထွက်မယ်လို့ တိဘက်ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောဆို လိုက်ပါတယ်။
တိဘက်ဆန္ဒပြသူများက အိန္ဒိယနိုင်ငံ ဒါရမ်ဆလမ်မြို့တွင် တရုတ်အလံကို မီးရှို့ဆန္ဒပြနေကြစဉ်။
မတ် ၁၈၊ ၂၀၀၈ (ဓာတ်ပုံ-အေပီ)
တိဘက်ဆန္ဒပြသူများက အိန္ဒိယနိုင်ငံ ဒါရမ်ဆလမ်မြို့တွင် တရုတ်အလံကို မီးရှို့ဆန္ဒပြနေကြစဉ်။မတ် ၁၈၊ ၂၀၀၈ (ဓာတ်ပုံ-အေပီ)
အခုလို အကြမ်းဖက်မှုတွေ ဖြစ်နေတာကို သူ့အနေနဲ့ ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒါရမ်ဆလမ်မြို့မှာ သတင်းထောက်တွေကို အခုလို
ပြောလိုက်တာပါ။
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားဘောင်ကတော့ တိဘက်က အကြမ်းဖက်ဆန္ဒပြမှုတွေကို ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ သူ့ရဲ့နောက်လိုက်တွေက ကြိုးကိုင်နေကြတယ်လို့ ဒီနေ့မနက်ပိုင်းက ပြစ်တင်လိုက်ပါတယ်။
ဆန္ဒပြသူတွေက အကြမ်းဖက်လို့ အသေအပျောက်များခဲ့ပေမယ့် အစိုးရဘက်ကတော့
အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရဘက်က အပြစ်မဲ့အရပ်သား ၁၃ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် အိန္ဒိယအခြေစိုက် ပြည်ပရောက် တိဘက်အစိုးရဘက်ကတော့ အနည်းဆုံး ၈၀ သေဆုံးတယ်လို့ ပြောပါတယ်။
VOA သတင်းဌာန မှ
Tags
သတင်း