ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော် ထိန်းသိမ်းခံရ

ပီတာအောင် ခေတ်ပြိုင်သတင်းဌာန

အက်စစ် (ACID) တေးဂီတအဖွဲ့မှ ဟစ်ဟော့ပ်အဆိုတော်ဇေယျာသော်ကို အာဏာပိုင်များက ခေါ်ယူထိန်းသိမ်းထားကြောင်း မိသားစုဝင်တဦးက ပြောသည်။

ယခုလ (၁၂) ရက်ညနေတွင် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တခု၌ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ ပြီး နောက်တနေ့တွင် အာဏာပိုင်များက ၎င်း၏နေအိမ်သို့ လာရောက်ရှာဖွေသွားကြောင်း ဇေယျာသော်၏ အစ်မ မဖြိုးပပသော်က ပြောသည်။

၎င်းက “အပြင်ထွက်သွားရင်းနဲ့ ပြန်မလာတော့တာ။ လိုက်ရှာတဲ့အခါကျတော့ စားသောက်ဆိုင် မှာ ခေါ်သွားတယ်ပဲ သိရတယ်။ ဘယ်စားသောက်ဆိုင်မှန်းလည်း မသိရသေးဘူး။ အတိအကျ ဘာမှမသိရဘူး။ အဲလိုဖြစ်ပြီး နောက်တရက်ကျတော့ အိမ်ကိုတော့ လာကြည့်သွားတယ်။ ဘယ်သူတွေလည်းတော့မသိဘူး။ ဇေယျာသော်ကို စစ်ဆေးစရာရှိလို့ ခေါ်ထားတယ်ပေါ့နော်၊ အဲလိုပြောပြီး အိမ်မှာရှာစရာရှိလို့ဆို ရှာသွားတယ်။ ဘာမှ မသိမ်းသွားဘူး။ ဘာမှမှ မရှိတာ။ ဘာကြောင့်ဆွဲသွားမှန်းလည်း မသိဘူး” ဟု ပြောသည်။

ဇေယျာသော် (ယာအစွန်)

ဇေယျာသော် ဖမ်းဆီးခံရခြင်းသည် နိုင်ငံရေးသီချင်းများ ရေးစပ်သီဆိုကာ ဖြန့်ဝေနေသည့် Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးမှ ကိုကျော်ကျော်ဖမ်းဆီးခံရမှုနှင့် ဆက် စပ်မှုရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

အနဂ္ဂ၊ ဟိန်းဇော် (ကွယ်လွန်)၊ ရန်ရန်ချန်း၊ ဇေယျာသော်တို့ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာအရရော၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့ သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form