ကျောင်းသား ခေါင်းဆောင် ကျန်းမာရေး ချို့တဲ့

မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ကျော်ကိုကိုသည် အစာအိမ် ရောဂါ ခံစားနေရပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီဟု ဗကသ (နိုင်ငံခြားရေးရာကော်မတီ)မှ ယနေ့ ပြောဆိုသည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင် ဦးဆောင်ခဲ့သဖြင့် လိုက်လံဖမ်းဆီးမှုမှ တိမ်းရှောင်နေရာက ယခုလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီးသွားသည့် ဗကသ ခေါင်းဆောင် ကိုကျော်ကိုကို (စီးပွားရေးတက္ကသိုလ် မဟာတန်းတက်နေသူ) သည် အစာအိမ်ရောဂါ ပြင်းထန်စွာ ခံစားနေရသည်ဟု ထိုင်းအခြေစိုက် ဗကသ (နိုင်ငံခြားရေးရာ ကော်မတီ) က ပြောခြင်း ဖြစ်သည်။

"တနေရာထဲမှာ အကြာကြီး မနေနိုင်တော့၊ ဒီကြားထဲမှာ အဖမ်းခံရနိုင်လို့ ရှောင်တိမ်းသွားရင်း အစားအသောက် မမှန်ခဲ့တာပါ။ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရတာပါ" ဟု ဗကသ မှ ကိုဇင်မောင်က ပြောသည်။

ကိုကျော်ကိုကိုနှင့် လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုဉာဏ်လင်းအောင် တို့ကို သီးခြားနေရာ နှစ်ခုမှ ဖမ်းဆီးခဲ့သည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form