ပြန်စဉ်းစားရမှာက ဒီလောက်ကောင်းတဲ့လူထုကမ္ဘာမှာ မရှိဘူး။တခြားနိုင်ငံတွေ မှာ ပြည်သူပိုင်သိမ်းတာက ဘီလီယံချမ်းသာတဲ့သူဆီက သိမ်းတာ။မြန်မာနိုင်ငံမှာက ကွမ်းယာဆိုင်ကအစ သိမ်းတာ။ဒါလည်း ဘုန်းကြီးတို့ဒကာ၊ဒကာမတွေကငြိမ်နေတာပဲ။
နောက်ဘာလုပ်လဲ။ဒီအိမ် ဒီနေရာကနေ ဖယ်ပေးရမယ်ဆိုတော့လည်း ဖယ်ပေးတာပဲ။
ဖမ်းချင်သလို ဖမ်းတယ်။ဖမ်းလည်း ဘာဖြစ်လည်း ပြောဦးပေါ့။ စာရွက်တစ်ရွက်တွေ့တာ နဲ့ ထောင်အနှစ်-၁၀၀ ချချင်လည်းချတယ်။ ဒါလည်း ဘုန်းကြီးတို့ ဒကာ ၊ ဒကာမတွေ သည်းခံနေတာပဲ။
ပီနန် ဆရာတော်ဘုရားကြီး နှင့် ယနေ့မြန်မာ သတင်းဌာန မှ တွေ့ဆုံမေးမြန်းလျှောက်ထားချက် စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။New York,USA.
Tags
မျှဝေခြင်း