ဖဒိုမန်းရှာကို လုပ်ကြံရာတွင် သုံးသည့်ကား ထိုင်းရဲများက ဖမ်းမိ

ချင်းမိုင်။ ။ ဖဒိုမန်းရှာအား လုပ်ကြံခဲ့သော လူသတ်
သမားများ အသုံးပြုခဲ့သည့် ကားကို ယနေ့နေ့လည် ၃ နာရီခန့်တွင် မဲဆောက်မြို့ အနောက်ဘက်၊ ကီလိုမီတာ ၄ဝ အကွာရှိ၊ ဝမ်းခကျေးရွာ အနီးတွင် ထိုင်းရဲများက ဖမ်းဆီးရမိလိုက်ပြီး ယခုအခါ မဲဆောက်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

အနက်ရောင်၊ ဖိုးဝှီး အမျိုးအစား (ကားနံပါတ်- ၄၂၅) ဖြစ်ပြီး ကားတွင်း၌ အမျိုးသမီးစီး ဖိနပ် ၂ ရံနှင့် လက်ကိုင်အိတ် တခုကို တွေ့ရပြီး မှန်တံခါးတွင် သွေးစွန်းနေသည်ဟု မဇ္ဈိမ ဓာတ်ပုံ သတင်းထောက် ကိုအောင်တင်က ပြောသည်။

လူသတ်သမားများမှ ကားကို ပစ်ထားခဲ့သော နေရာသည် ထိုင်းဘက်အခြမ်းဖြစ်ပြီး ဒီကေဘီအေ တပ်များ ထိန်းချုပ်နယ်မြေနှင့် သောင်းရင်းမြစ် ခြားသည်ဟု သိရသည်။

ကားသည် ဘန်ကောက်လိုင်စင် ဖြစ်ပြီး ပိုင်ရှင်မှာ မဲဆောက်မြို့၊ မယ်ပအရပ်တွင် နေထိုင်သော ထိုင်းလူမျိုးတဦးဟု သိရပြီး ပိုင်ရှင်ကိုမူ ထိုင်းရဲများက ခေါ်ယူ စစ်ဆေးနေသည်ဟု သိရသည်။

လောလောဆယ်တွင် ရဲက ကားတွင်းမှ လက်ဗွေရာများကို စစ်ဆေးနေဆဲ ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးပါ။

နေသွင် မဇ္ဈိမ သတင်းဋ္ဌာန မှ


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form