မျက်စိကို အသာလေးမှိတ်ထားပါ။ တကိုယ်လုံးမှာ ရှိတဲ့  အကြောတွေကို
လျှော့ထားပါ။ စိတ်ကလွတ်လွတ်လပ်နေတတ်ဘို့ ဘာတွေညာတွေကို စိတ်ဝင်စားနေတဲ
့စူးစမ်းလေ့လာနေတဲ့ အကျင့်ကို စွန့် ပါ။ စိတ်သရုပ်ဆောင်လေး အဖြစ်
တစ်သံသရာလုံး သရုပ်ဆောင်ခဲ့ ပါဘီ။ စိတ်ကတခုခုကို ရှောင်ပါ။
ပစ္စုပ္ပန်ရှောင်နေတဲ့ စိတ်ကလေး တစ်ခုကလွဲရင် ဘာမှမကျန်အောင် ရှောင်ပါ။
စိတ်ဆိုတာ ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်တဲ့  အတွက်
ဘာမှလုပ်နေစရာမလိုဘူးဆိုပြီး အဲ့ ဒီလို ခံယူတဲ့ အလုပ်ကိုသာ ပြုလုပ်နေပါ။
စိတ်က ဘာနဲ့ မှမပေါင်းဘဲ သဘာဝစိတ်နဲ့ ပေါင်းပါ။ သဘာဝစိတ်က စေတသိတ်နဲ
့ရုပ်နဲ့ သူ့ ဟာနဲ့ သူသဘာဝ အပေါင်းပါ။ ကိုယ်လုပ်ယူပြီးပေါင်းတာကတော့
ကွဲမှာပါဘဲ။ မျက်စိဆိုတာ ဖန်ဆင်းထားတာ.. ဒီမျက်စိက ပြိုကွဲမှာပါဘဲ။
အဆင်းတွေ ဆိုတာလည်း ဖန်ဆင်းထားတာတွေပါ။ ကမ္ဘာကြီးဆိုတာ.. နေတွေ၊လတွေ
ဆိုတာ.. ကိုယ့်စိတ်နဲ့  ဖန်ဆင်းထားတာတွေပါ။ ရှိတယ်လို့ ယူထားတာ။
ဖန်ဆင်းထားတာတွေကတော့ အမြဲရှိမဟုတ်တဲ့ အတွက် ပျက်စီးမှာပါဘဲ။ သူ့ ဟာနဲ
့သူ သဘာဝအပေါင်း၊ စိတ်စေတသိတ်ရုပ်ဆိုတဲ့ စွမ်းအင်သတ္တိတွေရဲ့ 
သဘာဝပေါင်းတာကျတော့ စိတ်ချရပါတယ်။ ထာဝရမြဲပါတယ်။ မျက်စိနဲ့ မြင်တဲ့ နေနဲ
့လလို၊သဘာဝစုံတွဲကြတော့ လူတွေသာ ကွဲသွားတယ် သူ့ ဟာနဲ့ သူသဘာဝကျကျ
ပေါင်းနေတာကျတော့ တော်တော့်ကို ရေရှည်ခံတယ်။ တငါငါနဲ့ အကြံအဖန်နဲ
့ပေါင်းလာတဲ့ ဒီအရိုးအကြော အသွေးအသားတွေနဲ့ ဒီနေရာနဲ့ ဘယ်သူဘယ်ဝါနဲ
့ဘယ်သားဘယ်သမီးနဲ့  ဘယ်ဆွေမျိုးနဲ့ ဘယ်သူငယ်ချင်းနဲ့ ဒီလိုလုပ်ယူလို့ 
ပေါင်းတာတွေကျတော့ မျက်စိနဲ့ မြင်နိုင်တဲ့ သဘာဝအပေါင်းထက်စာရင် အများကြီး
သက်တမ်းတိုပါတယ်။ မမြင်ရတဲ့ စိတ်စေတသိတ်ရုပ်အပေါင်းက စိတ်အချရဆုံးပါ။
ဘာမှမလိုဘဲနဲ့ ကို သူ့ ဟာနဲ့ သူကိုဘဲ သဘာဝအတိုင်း တွဲနေတော့ ခွဲယူလို
့မရပါဘူး။ ကိုယ်လုပ်ယူပြီးမှ ပေါင်းထားတာတွေကို စွန့်  လွှတ်ပါ။
ဘာမှမဟုတ်တဲ့ သဘောလေးဘဲလို့ … ဒီလိုလက်ခံနေတဲ့  သဘောလေးကိုသာ
ခန္ဓာငါးပါးကိုသာ လက်ခံပါ။ ဘာစွဲညာစွဲ ဖြုတ်ပါ။ အသံကိုလဲ စိတ်မ၀င်စားနဲ့ ။
ဘာကိုမှစိတ်မ၀င်စားနဲ့ ။ စိတ်ဝင်စားနေရင် ဆင်းရဲတယ်။ ဘာတွေညာတွေ
အားကိုးနေရင် ဆင်းရဲတယ်။ သူ့ ပင်ကိုယ်သဘာဝ အတိုင်း လွတ်လပ်တဲ့
စိတ်စေတသိတ်ရုပ်အတိုင်း ခံယူ၇င် ချမ်းသာတယ်။ ဘာမှလုပ်ရမှာ မဟုတ်ဘူး။
စိတ်ဝင်စားနေတာကို စွန့် ။ တရားကို စိတ်ဝင်စားတဲ့ အစွဲပါ စွန့် ရမယ်။
စကားတွေနဲ့ သိတာကို စွန့် ရမယ်။ စကား မပါဘဲ တိုက်ရိုက်သိဘို့ အတွက်
စကားလုံးတွေက တဆင့်သိတဲ့ အသိတွေကို စွန့် ရမယ်။ စကားကို အားမကိုးရဘူး။
ဦးနှောက်ကို အားမကိုးရဘူး။ နားကကြားတာကို ဦးနှောက်နဲ့ အဓိပ္ပါယ်
ဖော်ပြီးသိတဲ့ အသိတွေ ဒါတွေကိုလည်း စွဲစေချင်လို့ မဟုတ်ဘူး။ ဒါတွေကိုလည်း
စွန့် လွှတ်ဘို့ ။ ပျက်စီးတတ်တာတွေကို မမှီခိုဘို့။နားဆိုတာ လဲ
ကန်းမှာဘဲ။ ဦးနှောက်ဆိုတာလည်း ပျက်စီးမှာဘဲ။ သေရင်ဦးနှောက်လဲ ပျက်၊
နားလဲပျက်၊ မျက်စိလဲ ပျက်မယ်။ မသေခင်လဲ ပျက်နိုင်တာဘဲ။ ကိုယ့်ရဲ
့စိတ်ကလေးတောင်မှ ဘာမှမဟုတ်ဘူးလို့ လက်ခံနေတဲ့ သဘောလေး တောင်မှ အနိစ္စ၊
ဒုက္ခ၊ အနတ္တပါဘဲ။ မှီစရာ၊ ဆုတ်ကိုင်စရာ မရှိပါဘူး။ ကိုယ့်ကိုကိုယ်
ဖန်ဆင်းပီး ဆုတ်ကိုင်နေလို့ ။ ဖန်ဆင်းလို့ ၇တာဆိုရင် ဖျက်စီးလို
့ရအုံးမယ်။ တိုက်ဆောက်လို့ ရတော့ တိုက်ဖျက်လို့ ရတယ်။ လူတွေဆောက်တဲ
့တိုက်ကိုဘဲ အသစ် ပြန်ဆောက်ဘို့  လူတွေဘဲ ပြန်ဖျက်ရတာပါဘဲ။ ဖန်ဆင်းလို
့ရတာကျတော့ ဖျက်စီးလို့ ၇တယ်။ သဘာဝ အတိုင်းရှိတာကျတော့ ဖျက်ရန်ကင်းတယ်။
လူတွေတည်ဆောက်တဲ့  နိုင်ငံတောင် တောင်ကိုးရီးယား၊ မြောက်ကိုးရီးယား အရှေ
့ဂျာမဏီ၊ အနောက် ဂျာမဏီ၊ ပြိုကွဲတာပါဘဲ။ ပေါင်းယူရင် ခွဲယူလို့ လဲ ၇တယ်။
ပြုလုပ်လို့ ဖြစ်တာကို တန်ဘိုးမထားနဲ့ ။ အများအားနဲ့  တည်ဆောက်ထားတဲ့ 
နိုင်ငံတောင် ကွဲတယ်ဆိုရင် ကိုယ်ကတော့ တယောက်အားလောက်တော့ ပိုတောင်မှ
ကွဲအုံးမယ်။ ဦးဇင်းတို့ လည်း ငယ်စဉ်ထဲက သူငယ်ချင်းတွေတော့
တယောက်ပြီးတယောက်တော့ တွေ့ တာဘဲ။ ဒီလိုဘဲ သေကွဲရှင်ကွဲ ကွဲကုန်တာပါဘဲ
။တရားနဲ့ တွေ့ တော့မှ စိတ်ထဲမှာ ဒါတွေကို မထားတော့မှဘဲ တရားကို
အားကိုးတတ်လာတယ်။ ဒီအမှန်တရားကို သိတဲ့  ဥာဏ်လေးက အားကိုးရာအစစ်ပါ။
မီးကို ပူတယ်၊ ငရုတ်သီး စပ်တယ်လို့ သိတာ လူ့ လောကထဲက သတ်မှတ်ထားတဲ
့အမှန်အသိပါ။ တကယ်ရှိတာက စိတ်စေတသိတ်ရုပ်ဆိုတဲ့ စွမ်းအင်သတ္တိ အစုအဝေးလေး။
ဒီစွမ်းအင်ကလည်း အမြဲတမ်းအသစ်အသစ်။ ငါတွေ သူတွေ ရှိတာမဟုတ်ဘဲ
ဆိုင်းဘုတ်အနေနဲ့ သာ ရှိပြီး ငါ့လက်ဆိုတာ ကိုယ့်စိတ်ထဲမှာဘဲ ရှိတယ်။
အပြင်မှာ လက်ရှိတာ မဟုတ်ဘူး။ စိတ်ထဲမှာလက်ရှိတဲ့ သူတွေက ကြည့်ရင် အော်..
ဒါလက်ဘဲ။ ကွန်ပြူတာ ဆိုတာလည်း စိတ်ထဲမှာဘဲ ရှိတယ်။ အားလုံးက ဒါကို
ကွန်ပြူတာလို့ ဝိုင်းပြီးတော့မှ သတ်မှတ်လိုက်ရင် ကျန်တာတွေကလည်း
လိုက်သဘောတူလိုက်ပြီး ဒါကို ကွန်ပြူတာလို့ လက်ခံရတော့တာပါဘဲ။
ကွန်ပြူတာဆိုတာ ကိုယ့်ရဲ့ စိတ်ထဲမှာ ကိုယ်လက်ခံလို့ ရှိတာ။
နေလုံးကြီးဆိုတာလည်း ကိုယ်လက်ခံလို့ ရှိတာ။ကိုယ့်ကို ကိုယ်တစ်ခုခုလို
့အထင်မှားနေတဲ့ စိတ်က နေလုံးကြီးကိုလည်း တစ်လုံးလုံးဘဲ.. တ၇ိစ
္ဆာန်တွေကလည်း ဒါကို အလုံးကြီးတစ်လုံးဘဲ.. တစ်ခုခုဆိုပြီး လက်ခံထားတာပေါ့။
အမှန်မသိမှုကြောင့် ရှိနေတာ။ မသိတာကြီးကိုစွဲနေလို့ ရှိမြဲရှိနေမှာပေါ့။
ကိုယ်ဘိုးဘွားတွေလည်း ဒီလိုစိတ်ရှိခဲ့တာဘဲ။ ကမ္ဘာကြီးရှိတယ် ထင်ခဲ့တာ၊
ငါရှိတယ် ထင်ခဲ့ တဲ့ အထင်မှားကြောင့် ဖန်ဆင်းတတ်တဲ့ စိတ်နဲ
့ကြည့်လိုက်တော့ ကိုယ့်ကိုကိုယ်လည်း ယောင်္ကျားဘဲ မိန်းမဘဲ ကမ္ဘာဘဲ နေဘဲ လဘဲ
လို့ ဆိုပြီးမှ မှားပြီးသိသလိုပေါ့။ အမှားအမွေ ဘိုးဘွားအမွေကြီးကို
မှားပြီးတော့မှ တသံသရာလုံး ဆက်ခံခဲ့ တာပါ။ ကိုယ်ကလည်း ဒီဘိုးဘွား မသိမှုနဲ
့ ငြိတွယ်မှု အမှားအမွေကြီးကို မစွန့် နိုင်ရင် ကိုယ့်သားစဉ်မြေးဆက်
ဆက်ပြီးတော့မှ လက်ဆင့်ကမ်းပေးခဲ့ အုံးမယ်။ ဦးဇင်းတို့ ကတော့ တာဝန်ကျေဘီ။
ဘ၀မရှိတဲ့ အမှန်တရားကိုသိဘီ။ ဘ၀အဓိပ္ပါယ်ရှာတုန်းကတော့ မတွေ့ ခဲ့ ပါဘူး။
ပုဂ္ဂိုလ်သတ္တာဝါ ဆိုတာ ဘာမှမဟုတ်ဘူး အဲ့တော့ ဘ၀ဆိုတာလည်း မရှိဘူး။
အဲ့ဒီလို ယုံကြည်ပြီးတော့မှ အဲ့ဒီ အတိုင်းကျင့်လိုက်တော့မှဘဲ ဘ၀မရှိတဲ့
အမှန်တရားက ရှင်းသွားပါတယ်။ ဘ၀မရှိတော့ ဘိုးဘွားလည်း မရှိတော့ဘူး။
သားစဉ်မြေးဆက်လည်း မရှိတော့ဘူး။ နဂိုက ရှိတယ်ထင်နေတာကိုက မှားနေတာ။
ကိုယ်ဘာမှ မဟုတ်မှန်းသိသွားရင် ကိုယ့်ဆွေတွေမျိုးတွေ ကိုယ့်လို သတ္တာဝါ
အနန္တတွေ ဘာမှမဟုတ်တော့ဘူး ။ ဘါမှမဟုတ်တော့ ဘာမှ စိတ်ဝင်စားစရာလည်း
မရှိဘူး။ သိစရာလည်း မလိုတော့ဘူး။ ဒီအမှန်တရားကိုဘဲ စိတ်ဝင်စားရမယ်။
ဘာမှသိစေချင်လို့ လည်းမဟုတ်ဘူး။ဘာမှပြောနေတာလည်း မဟုတ်ဘူး။ အနတ္တစိတ်ရဲ
့စွမ်းအား၊ ပြီးပြည့်စုံတဲ့ အတ္တကင်းတဲ့ စိတ်ဖြစ်ဘို့ ကိုယ့်ရဲ
့အတ္တစိတ်တွေကို စွန့် လွှတ်ရမယ်။ဆန့် ကျင်နေရမယ်။ ကိုယ့်ရဲ့ မသိမှု
ငြိတွယ်မှုတွေကို (မသိဘူးဆိုတာက တငါငါနဲ့ သိနေတာဟာ မသိတာဘဲ။ အမှန်မသိတာ။
အဲ့ဒါကြီးကို ဒီတိုင်းဆက်သိနေရင်ဒါဟာငြိနေတာ။ တနေ့ လာလဲ ဘယ်နေ့ ဘဲ ဘယ်လဘဲ
ဘယ်ရက်ဘဲ ဘယ်နိုင်ငံဘဲ ဘယ်သူဘယ်ဝါဘဲ ဘာတွေညါတွေဘဲ ဆက်စပ်ပီးသိနေတာဆိုရင်
မသိတာကြီးကို ငြိတွယ်နေတာ။ လက်ခံပြီး သိနေတာငြိနေတာ။ အရက်သမားက အရက်ပဲ
ဆိုပြီး လက်ခံပြီး သောက်နေတာ ဟာ ငြိနေတာပေါ့။ အရက်ဆိုတာသောက်စရာဘဲ။
ခွေးဆိုတာ ဟောင်စရာဘဲ။ အမဲရိုးက ကိုက်စရာဘဲ။ ကြောင်က ကြွက်ကို ခုတ်စရာ၊
သတ်စရာ၊ စားစရာဘဲ။ ဒါလို လက်ခံနေတာဟာ ငြိနေတာပေါ့။) အဲ့ဒီတော့
ကိုယ်ကိုကိုယ် ဘာမှမဟုတ်ဘူးလို့ သာ သဘောထားနေရမယ်။ ဒီသဘောလေးဟာ
ဘာမှမဟုတ်ဘူးဆိုတဲ့ အလုပ်ကို လုပ်နေတဲ့ သဘောလေး ခန္ဓာငါးပါး လေးကိုသာ
အမှန်တရားအဖြစ်လက်ခံရမယ်။ ဘာဘဲညာဘဲ ဆိုတဲ့သဘောလေးကို မထားမိဘို့ အတွက်
ဘယ်သူ ဘယ်ဝါ ဘယ်အခါ ဘယ်အချိန်အခါ ဆိုတဲ့  အမှားအမွေကြီးကို ဆက်မခံဘို
့အတွက် ၊ မသိမှုအမွေ အရူးမွေ၊ အကန်းမွေကြီးကို ရှေးရှေးက စိတ်တွေ၊
ပစ္စုပ္ပန်စိတ်ရဲ့  ဘိုးဘွားအမွေတွေဖြစ်တဲ့ မနေ့ က မနှစ်က စိတ်တွေ၊
ဘိုးဘွားအမွေဆက်ခံနေတဲ့ ကိုယ့်ရဲ့ စိတ်တွေကို ဆက်ပြီးတော့မှ ဆက်ခံခွင့်
မပေး၇ဘူး။ စိတ်က တခုခုကိုတော့ လက်ခံနေတာဘဲ။ ပေါင်းနေတာဘဲ။ ဒါပေမဲ
့ကိုယ့်ကိုကိုယ် ဘာမှမဟုတ်ဘူး ဆိုတဲ့  ပေါင်းနေကျ မဟုတ်တဲ့  သဘောထားလေးနဲ
့ပေါင်းနေလိုက်။ ဘာစွဲ ညာစွဲ ဖြုတ်။ ဘာတွေညာတွေကို အာရုံမကျဘို့ ။ ငါးက
ရေထဲမှာ ကျက်စားသလို ငှက်ကကောင်းကင်မှာ ကျက်စားသလို။ ကိုယ့်ရဲ
့စိတ်ကလည်း ဘာတွေညာတွေအပေါ်မှာ ကျက်စားနေတာ။ ဘာအာရုံ ညာအာရုံတွေကို
သားကောင်လုပ်ပြီးတော့မှ သိမ်းပိုက်နေတာ။ အဲ့ ဒီစိတ်မုဆိုးအကျင့်ကို စွန်
့ရမယ်။ မုဆိုးအဖြစ်ကို စွန့် လွှတ်ရမယ်။ ဘာတွေညာတွေ မဟုတ်တာကို မုဆိုးလဲ
မရှိဘူး သားကောင်လဲ မရှိဘူး ဘာမှမဟုတ်တာဘဲ ရှိတယ်လို့ ဒီသစ္စာတရား
အမှန်တရားကိုသာ ယုံကြည်ပြီး မွေးနေရမယ်။ ဒီသဘောလေးနဲ့  မနေတတ် နေတတ်အောင်
ကြိုးစား၇မယ်။ ဒါဓမ္မနဲ့ ဘ၀ကို တည်ဆောက်တာပါ။ ဘ၀အသစ် တည်ထောင်ပါပြီ။
ဒါထာ၀၇ဘ၀ပါ။ ဘုရားရှင်တည်ထောင်သွားတဲ့ သဘာဝအတိုင်းရှိနေတဲ့ ထာဝရ
တည်ရှိနေတဲ့ သင်္ခါရ ဓမ္မအဖြစ် ပြောင်းပြီးတော့မှ ခံယူလိုက်ပါပြီ။
မိဘအမွေစွန့် ပါပြီ။ ဘုရားအမွေ၊ ခန္ဓာငါးပါးဆိုတဲ့ အမွေကို
ဆက်ခံလိုက်ပါပြီ။ သဘောလေးသက်သက် ကိုသာ စိတ်စေတသိတ်ရုပ်အဖြစ်
ခံယူလိုက်ပါပြီ။ ဘာမှ မဟုတ်တာကို ယုံကြည်တဲ့ သဘောလေး။ ဒါ ပရမတ်ကို
လက်တော့ခံတယ် ၊ စိတ်စေတသိတ်ရုပ် ကို လက်တော့ခံတယ်။ ဒါပေမဲ
့ရွေးပြီးတော့မှ လက်ခံတယ်။ သူငယ်ချင်းဆိုတိုင်း အကုန်မပေါင်းဘူး။
ရွေးပြီးတော့မှ ပေါင်းသလိုပေါ့။ စားစရာဆိုတိုင်း အကုန်မစားဘဲ
ရွေးပြီးတော့မှ စားသလိုပေါ့။ အလုပ်ဆိုပေမဲ့  ရွေးလုပ်သလိုပေါ့။ ပရမတ်၊
သင်္ခါရဆိုပေမဲ့ လည်း သူများကတော့ လူသိတဲ့  သင်္ခါရ ၀င်လေထွက်လေ
လက်ခံပြီးအားထုတ်တယ်။ ကိုယ်သိတာကို တရားလုပ်တယ်။ ဒါကြောင့် ငါစွဲ
ဘယ်ပြုတ်ပါ့မလဲ။ ကိုယ်သိတာကို တရားလုပ်နေတော့ ငါစွဲဘယ်ပြုတ်ပါ့မလဲ
တသံသရာလုံးလဲ ကိုယ်သိတာ တရားလုပ်ခဲ့ဘီ။ ကိုယ်နားမလည်တာကို တရားလုပ်လိုက်
ငါစွဲပြုတ် သွားလိမ့်မယ်။ ကိုယ်နားမလည်တော့ တငါငါနဲ့ ငါယောဂီဘဲ ဆိုပြီး
၇ိပ်သာတွေမှာ မာန်တက်နေတာ၊ တ၇ားအားမထုတ်တဲ့ သူတွေကို အထင်သေးနေတာ။ ငါအလှူ
့ရှင်ဘဲ ဆိုပြီးမာန်တက်နေတာ၊ မလှူနိုင်တဲ့  သူတွေကို အထင်သေးနေတာ။ အဲ
့တော့ နားမလည်တဲ့ အလုပ်ကို လုပ်ပါ…် ငါစွဲပြုတ် သွားလိမ့်မယ်။
ဘယ်လိုလုပ်မလဲ ဆိုတော့ ဘုရားတရားသံဃာကို ယုံကြည်တဲ့ စိတ်နဲ့ လုပ်ရမှာ။
ဘုရားက ဒါဘဲ ဖြစ်ရမယ်ပြောတာ။ ဦးဇင်းကို ယုံရမယ် မပြောပါဘူး။
ဘာတွေညာတွေဆိုတာက မြန်မာနိုင်ငံမှာ အားထုတ်လာခဲ့ တာကြာဘီဘဲ။
ဘာတွေညာတွေလုပ်ရင်လဲ ဘာတွေညာတွေ စွဲပြီးတော့မှ ဘာပြဿနာ ညာပြဿနာတွေ
တက်နေရမယ်။ ရိပ်သာတွေမှာလည်း ပြဿနာတွေ အင်မတန် များနေတာဘဲ။ ဦးဇင်းတို့ က
ယောဂီပေါင်းစုံနဲ့ တွေတော့ ပြဿနာပေါင်းစုံကို သိတယ်။ ဘာကြောင့်ဖြစ်သလဲ
ဆိုတာကို လည်းသိတယ်။ ဒါကြောင့် ကိုယ်တိုင်ရိပ်သာ ဆောက်တဲ့ အခါကြတော့
ဒီပြဿနာတွေကိုပါ ထည့်ပြီး ကြိုတင် တွက်ချက်ပြီးတော့မှ မဖြစ်အောင်
ဘယ်လိုလုပ်၇မလဲဆိုတာကို သိပြီးမှ ဆောက်တာ။ အချိန်အခါတော့
စောင့်နေရတာပေါ့။ ကိုယ်တယောက်ထဲ လုပ်လို့ မှ မရတာ။ အလိုလို
နားလည်လာတာပါ။ ပြောတဲ့သူကတော့ ဘာကြောင့်ဖြစ်မှန်း မသိပါဘူး၊ ဒီမှာတော့
ဒီလို ဖြစ်တယ်၊ ဘယ်ရိပ်သာမှာတော့ ဘယ်လိုဖြစ်တယ်၊ ဒါတွေကတော့ ကြားနေတာဘဲ ။
ဦးဇင်းတို့ ကပြောတယ်ဆိုရင် ဒါဘယ်လို လုပ်လို့ ဘယ်လိုဖြစ်တာဘဲ…
တရားအားထုတ်လိုက်တော့ အကြောင်းအကျိုးကို သိတယ်။ ပြောတဲ့သူကတော့
ဘာ့ကြောင့်ဖြစ်မှန်း မသိဘူးပေါ့။ အဖြစ်ကိုဘဲ ပြောပြတာဘဲ။
အကြောင်းမရှာတတ်ဘူး။ အကြောင်းမရှာတတ်တော့ မဖြေရှင်းတတ်ဘူးပေါ့။
ကိုယ်သိတဲ့ အတိုင်းဘဲ ပြောတာဘဲ။ ဦးဇင်းတို့ ကျတော့ တရားအားထုတ်လို
့ဖြစ်ပေါ်လာတဲ့  အသိဥာဏ်နဲ့  အကြောင်းရင်းကို သိတယ်။ ဒါတွေက သင်ပေးလို
့သိတာမဟုတ်ဘူး။ ပြောတာဘဲ နားထောင်နေရင် သူပြောသလောက်ဘဲ သိမယ်။
ဘာကြောင့်မှန်းသိမှာ မဟုတ်ဘူး။ မြင်တာကိုဘဲ စွဲနေရင် ဘယ်သူဘယ်ဝါဘဲ
သိမယ်။ ဘာမှမဟုတ်တာကို သိမှာ မဟုတ်ဘူး။ ယောင်္ကျားမြင် ယောင်္ကျားဘဲ သိမယ်။
ကိုယ့်စိတ်ထဲမှာ မိန်းမလို့ လက်ခံထားတာကို သိရင် မိန်းမလို့ သိမယ်။
မိဘလို့ လက်ခံထားတာကို သိရင် မိဘလို့ သိမယ်။ သူငယ်ချင်းလို့ အသိအမှတ်ပြု
ထားတာကို သိရင် သူငယ်ချင်းလို့ သိမယ်။ ဘုရားလို့ အသိအမှတ်ပြုထားတာကို
မြင်လိုက်ရင် ဘုရားလို့ သိမယ်။ ကိုယ်လက်ခံထားတာ ကိုယ်မြင်နေတာပေါ့။
ဆရာလို့ လက်ခံထားတာကို မြင်လိုကိရင် ဆရာလို့ သိမယ်။ မြင်တာကိုဘဲ သိတယ်။
သိပြီးသားဘဲ သိတယ်။ မသိသေးတာကို မသိဘူး။ ကြားတော့လည်း ဘာပြောရင်
ဘာအဓိပ္ပါယ် ဆိုတဲ့ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ memory သွင်းထားပြီး
သားကိုဘဲ သိမယ်။ computer ဆိုတော့ computer မကြားဘူးတဲ့  သူကဘာမှန်း
မသိဘူး။ ကိုယ့်စိတ်ထဲမှာတော့ အော် ဒါ computerဘဲ ဆိုပြီး memory
သွင်းထားလိုက်၇င် သိတာပေါ့။ ၄၅ လမ်းရိပ်သာဆိုတော့ ကြားဖူးရင်
ရောက်ဖူးရင်တော့ သိမှာပေါ့။ မဟုတ်ရင်တော့ ဘာမှန်းသိမှာ မဟုတ်ဘူး။
ကိုယ့်ရဲ့ ဦးနှောက်ထဲ ကို ထည့်ထားတာကိုဘဲ ကိုယ်ပြန်သိတာဘဲ။
စာအုပ်တအုပ်လိုေ၇းထားတာဘဲ ဖတ်လို့ ၇တယ်။ စာအုပ်ထဲမှာ မရေးထားတာကို
ဖတ်လို့ မရဘူး။ အကန့် အသတ်ရှိတယ်။ ကိုယ်က သိပြီးသားဘဲ သိနေတော
့ဒီသိတာကလည်း ကိုယ့်မိဘ၊ သူငယ်ချင်း ၊ဘိုးဘွား တွေ ဆီက သိတာ။ အလိုလို
ကိုယ့်ဥာဏ်နဲ့  ကိုယ်ပိုင်အသိမှ မဟုတ်ဘဲ စကားတွေ နဲ့  တဆင့် သိရတာ။
သားသမီးလိုချင်လို့ သူများသားသမီးတွေ မွေးစားတာတွေလည်း ပုံနေတာဘဲ။
ကိုယ်လက်ခံ၇င် သားသမီးဘဲ။ ကိုယ်လက်မခံ၇င် အမွေဖြတ်လိုက်
သားသမီးအရင်းဖြစ်လဲ သားသမီး မဟုတ်တော့ဘူး။ သတ်မှတ်ချက် ဆိုတာ အင်မတန်
ထင်ရှားပါတယ်။ ကိုယ့်သားသမီး မဟုတ်လည်း သားသမီးလို သဘောထားရင် ၇တာဘဲ။
ကိုယ့်သားသမီး မဟုတ်လည်း သားသမီးလို သဘောမထားရင် ၇တာဘဲ။ ကိုယ့်စိတ်ထဲမှာ
ရှိတာပါဘဲ။ ညီအမဆိုတာလည်း ဒီလိုဘဲ။ ကိုယ်လက်ခံ၇င် ညီအမဘဲ။
ကိုယ့်စိတ်ထဲမှာ ညီအမလို မောင်နှမလို လက်ခံရင် မောင်နှမပါဘဲ။
ရိပ်သာဝင်တုန်းကတောင် ရန်ကုန်က ဒကါမနဲ့  တောင်ငူက ဒကါမနဲ့ ၄၅
လမ်းရိပ်သာမှာဘဲ ဆုံကျတာဘဲ။ တွေ့ တွေ့ ချင်း ရုပ်ချင်းလည်း ဆင်နေတော့
စိတ်ထဲမှာ ညီအမလို ခံစားရတယ်။ သူဟာနဲ့ သူ အပြင်ဘက်က ဟုတ်ဟုတ်၊ မဟုတ်ဟုတ်
ကိုယ့်စိတ်ထဲက ညီလို အမလို သဘောထားရင်လည်း ရတာဘဲ။ ကိုယ့်စိတ်ဘဲ။
သားသမီးဆိုတာ စိတ်ဘဲ။ မိဘ ဆိုတာ စိတ်ဘဲ။ အချိန်မရွေး ပြောင်းလိုက်လို
့၇တာဘဲ။ မဟုတ်တာ လည်း အဟုတ်လုပ်လို့ ရတာဘဲ။ အပြင်မှာ သူ့ ဟာနဲ့ သူ
ဘာဖြစ်နေ ဖြစ်နေ ။ကိုယ့်စိတ်က မောင်နှမလို့ လက်ခံလိုက်ရင် ရတာဘဲ။
သမီးရည်းစားလို့  လက်ခံလိုက်ရင်လည်း ရတာဘဲ။ အမျိုးမျိုး ကိုယ့်စိတ်ထဲက
သတ်မှတ်လို့  ရတာဘဲ။ စိတ်ဆိုတာက သိပ်ပြီး မျက်နှာများတော့
အပြောင်းအလဲများလို့  ဘာမှ စိတ်ချရတာ မရှိဘူး။ အရာရာ ကိုယ့်ရဲ့ စိတ်ထဲမှာ
ရှိတာပါဘဲ။ စကားလုံးတွေ တဆင့်သိတာ။ ကိုယ်ပိုင်အသိဘာမှ မပါဘူး။
တရားအားထုတ်တယ် ဆိုတာက အလိုလိုသိတာ။ ကိုယ်ပိုင် အသိက ဘယ်သူက ပြောသလဲ
ဆိုရင် ပြောသူမရှိဘူး။ ကိုယ်လို သူလို သူများမှီပြီးသိတဲ့ အသိ ကော်ပီ
အသိ။ အဲ့ ဒီအသိတွေကို ပြန်ဖျက်။ စကားလုံးတွေကို ဖျက်။ စကားလုံးတွေ ဆိုတာ
လူသိ သိတာ။ ငါသင် ငါတတ် ငါသိ အဲ့ ဒါတွေကို စွန့် နိုင်မှ အလိုလိုသိ။
ဦးဇင်းတို့ သာသနာ ပြုတဲ့ ပညာကို ဘယ်သူသင်ပေးလည်း ဆိုတော့ ဘယ်သူမှ
မသင်ပေးပါဘူး။ သူများလုပ်တာကို လည်း မသိတာလည်း ရှိတယ် သိတာလည်းရှိတယ်။
ကြားဖူးတာလည်း ရှိတယ်။ တကူးတက ကြီးတော့ လေ့လာ မနေပါဘူး။ တ၇ားဟောတဲ
့ပညါလည်း ဒီလိုပါဘဲ ။ မိုးကုတ်ဆ၇ာတော် ဘုရားကြီးတရားနာ ၊ သဲအင်းဆ၇ာတော်
ဘုရားကြီးတရားနာ နာရုံနဲ့ တော့ နားမလည်ပါဘူး။ တရားကို အားကိုးလိုက်တော့မှ
အနတ္တ၇ဲ့ စွမ်းအားက အလိုလို သိပါတယ်။ တငါငါနဲ့ တရားရှင်းပြဘို
့ကြိုးစားတုန်းကတော့ စိတ်တိုင်းမကျပါဘူး။ အတ္တရဲ့ စွမ်းအင်သတ္တိကတော့
ကိုယ်လို သူလို စိတ်နဲ့ ဆိုရင် သူများကို ဆ၇ာလုပ်ရင် နံမည်ခံဘဲ
ရှိမှာပေါ့ ။ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲတော့ ဘယ်လက်ခံပါ့ မလဲ။
စိတ်ထဲမှာ ကိုယ့်ကိုကိုယ် လူလို့ သတ်မှတ်ထားတာကို ဖျက်ပစ်နိုင်မှ
ဖန်ဆင်းထားတာတွေကို ဖျက်ပစ်နိုင်မှ လူစွဲ ဖြုတ်မှ အနတ္တစွမ်းအား ရမယ်။
လူလို့ စွဲနေရင် လူတယောက်ရဲ့ စွမ်းအားဘဲ ရှိမယ်။ မှတ်တတ်တယ်။ တုတတ်တယ်။
သူများဝတ်သလို ၀တ်တတ်တယ်။ သူများပြောသလို ပြောတတ်တယ်။ သူများက..သလို
ကတတ်တယ်။ သူများဘောလုံးကန်သလို ကန်တတ်တယ်။ သူများဂျွမ်းဘာကစားသလို
ကစားတတ်တယ်။ သူများမျက်လှည့်ပြသလို ပြတတ်တယ်။ သူများသရုပ်ဆောင်သလို
ဆောင်တတ်တယ်။ ဒါက သူလို ကိုယ်လို စွမ်းအင်သတ္တိ။ သူများကို မှီနေတာတွေ။
ငါစွဲ မပြုတ်ရင် သူများကို စိတ်ဝင်စားတယ်။ ကိုယ့်ဦးနှောက်ကို အဟုတ်ကြီး
မှတ်နေရင် သူများဦးနှောက်ကို လည်း အရမ်း အထင်ကြီးတယ်။ ကိုယ်ပြောတဲ့
စကားကို အဟုတ်ကြီးမှတ်နေရင် သူများစကားကိုလည်း ဂရုစိုက်တာပေါ့။
ကိုယ်လုပ်တဲ့ အလုပ်ကို အထင်ကြီးနေတော့ သူများလုပ်တဲ့ အလုပ်ကိုလည်း
အထင်ကြီးပြီးသား ဖြစ်တယ်။ အဲ့ ဒါကြောင့် ဘာတွေ ညာတွေ ဖန်ဆင်းထားတာတွေကို
ငြိတွယ်မနေနဲ့ တော့။ သဘောလေးသက်သက်ဘဲ ဘာမှမဟုတ်ဘူးလို့ သာ လက်ခံတဲ့
သဘောလေးကိုသာ အားကိုးနေပါ။ အားကိုးသူတော့ မရှိပါဘူး။ ဘာမှမဟုတ်ဘူးသာ
သဘောထားနေပါ။ စိတ်လေးက တငါငါနဲ့ သင်ယူ ထားတာတွေကို သိမနေတော့ဘဲ
ငြိတွယ်မနေတော့ဘဲ ဘုရားတရားသံဃာ ပြောတာကို သွားပြီးညှိလိုက်ရမှာ။
ဦးဇင်းတို့ လည်း လူ့ လောကထဲ က မိဘတွေ ဆရာသမားတွေ ပြောတာ
နားထောင်တုန်းကတော့ မသိပါဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီး တရားတွေ
နာရတော့မှ ငါမဟုတ်တဲ့ အနတ္တ အမှန်တ၇ားကို ကြားဖူးတာ။ ကြားဖူးလို့ အဲ့ ဒီ
အသိတွေကို လက်ခံပြီး အခြားအသိတွေ ပြန်ပြီးစွန့် ရတာ။ ဘာမှမဟုတ်တဲ့ 
သဘောတွေ မြင်ရုံကြားရုံနံရုံသိရုံထိရုံလှုပ်ရုံ သိတာ။ လေတိုက်တာ မဟုတ်ဘူး
ဒါဝါယောဓါတ် ကထင်ရှားတာ။ လေကြီးက ရှိပြီး တိုက်နေတာ မဟုတ်ဘူး။ အဲ့ ဒါလူ
အသိ။ လှုပ်တာလည်း ၀ါယော ငြိမ်တာလည်း ၀ါယော မာတာလည်း ၀ါယော
မာတယ်တောင့်တင်းတယ် ကိုက်ခဲတယ် ခါးနာတာ ဒူးနာတါ ခေါင်းကိုက်တာ
သွားကိုက်တာ မဟုတ်ဘူး။ ပထ၀ီဓါတ် ထင်ရှားတာ။ ဒါဘုရားယူစေချင်တဲ့ အယူ။
မှန်မှန်ကန်ကန်ယူတာ။ မရှိတာ အရှိလုပ်ပြီးတော့မှ လိုရာစွဲယူတာက အရူးအယူ။
အကန်းအယူ။ ကိုယ်လိုသူလို အယူ။ ဖြစ်တာကို ဖြစ်ရုံလေးဘဲ ယူတာ
အမှန်အတိုင်းဘဲ။ အမှားပြင်တဲ့ အယူ။ ဘာလို့ အမှန်ကို ယူရလည်း ဆိုတော့
မမှန်လို့ ပေါ့။ မှန်နေရင် ဒီအမှန်ဖြစ်တဲ့ တရားကျင့်စရာကို မလိုဘူး။
မှန်နေရင် ငါ့စိတ် ယောင်္ကျားစိတ်မိန်းမစိတ် ဆိုတာ မရှိတော့ဘူး။ တရားက
ဘာလို့  အားထုတ်လည်း ဆိုတော့ တရားက တရားကဘာမှန်းမသိလို့ သိနေ၇င်
အားထုတ်စရာတောင် မလိုဘူး။ ဘာလို့ အားထုတ်ရမှန်း မသိလို့ ကို
တရားအားထုတ်ရမှာ။ တရားကိုသာ မှန်မှန်ကန်ကန်နားလည်နေရင် ငါစွဲ ပြုတ်နေတော့
တရားအကြောင်းသိနေရင် တရားအားထုတ်စရာတောင် မလိုဘူး။ ဆရာဝန်တွေလို
ဆရာဝန်ဖြစ်အောင် လုပ်နေတယ်။ ပြီးတာနဲ့ တတ်တဲ့ ပညာနဲ့  ဆေးကုစားရတာမျိုး
တတ်တဲ့ ပညာကို ပြန်ပြီးတော့မှ အသုံးပြုရတာမျိုး မတတ်ခင်က တတ်အောင်
သင်ရတယ်။ တရားဆိုတာက တတ်ပြီးတော့ လဲ ပင်ပန်းတာမျိုး မဟုတ်ဘူး။
ဆရာဝန်ဆိုတာ ဆရာဝန်ဖြစ်.. မပြီးသေးဘူး။ ဆေးကုစားရသေးတယ်။ သူများက
ဆရာဝန်လို့  လက်မခံရင် ဆရာဝန် မဖြစ်ဘူးပေါ့။ တရားမှာ ဆိုရင် သူများလက်ခံ
ခံ မခံခံ .. ဘုရားဖြစ်တော့တောင် ပဉ္စ၀ဂ္ဂီငါးဦးတောင် လက်မခံဘူး။ ဒါပေမဲ
့ဘုရားဘဲ။ ဗောဓိပင်နဲ့  ရွှေပလင်မှကတည်းက ဘာတွေ ညာတွေ မဟုတ်တဲ့  ၃၁ဘုံသား
သတ္တ၀ါ အနန္တထဲက တဦးတယောက် ဖြစ်တဲ့  ကိုယ့်ကိုကိုယ်လဲ ဘာမှမဟုတ်မှန်း
သိသွားရော အမှန်တရားကို သိသွားပြီ။ သိသွားရင်လဲ လုပ်စားစရာ ရှာစားစရာ
မလိုတော့ဘူး။ တရားဆိုတာ ရှာနေရတယ် မရှိတော့ဘူး။ တရားပြန်ဟောတယ် ဆိုတာက
ဘုရားလောင်းဘ၀က ဆုတောင်းအတိုင်း သူသစ္စာသိသလို သိစေဘို့ ၊ဘ၀ရဲ
့အနှစ်မရှိတဲ့ အမှန်တရားကို သူသိသလို သိစေဘို့ ၊ ဘ၀အနှောင် အဖွဲ့ တွေ
ရှိတယ်ထင်ပြီး ကိုယ်ဖန်ဆင်းထားတဲ့  ဘ၀ အနှောင်အဖွဲ့ က သတ္တ၀ါအနန္တ
ကိုယ်စီကိုယ်ငှငြိနေတာကို သူလွတ်မြောက်သလို လွတ်မြောက်စေဘို့ ၊
သစ္စာလေးပါးကို ၄၅၀ါလုံး လိုက်ဟောရပါတယ်။ သံသရာဆိုတဲ့ ကိုယ်ဖန်ဆင်းထားတဲ့ 
သံသရာ ၀ဲသြဂထဲ က သူဖျက်နိုင်သလို သတ္တ၀ါ ဝေနေယျတွေကိုလည်း လွတ်မြောက်ဘို
့။ ၇ှိလို့ လွတ်တာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ သံသရာကြီးကို
ဖျက်ပစ်ဘို့ ။ အပြင်မှာရှိတာ မဟုတ်ဘူး။ ကိုယ်လက်ခံလို့  ရှိတာ။ တရားကတော့
ဘုရားမဟောလည်း ပစ္စေကဗုဒ္ဓါဟာ ပစ္စေကဗုဒ္ဓါပါဘဲ။ သူများသိစရာ မလိုပါဘူး။
တရားကလဲ ဘာမှမဟုတ်မှန်း မသိလို့ အားထုတ်ရပါတယ်။ ဘာထင်ညာထင်ထင်နေလို
့အမှန်တရားကို ဘာမှမဟုတ်မှန်း မသိတော့ တခုခုထင်နေလို့ လိုက်ရှာနေရင်
ဘယ်တော့မှ မတွေ့ ဘူး။ ရုပ်ကိုအားကိုး၊ ဦးနှောက်ကို အားကိုး မျက်စိကြီး
နားကြီး ဦးနှောက်ကြီးတဲ့  နိုင်ငံခြားသားတွေ မျက်စိလည်၊ နားလည်၊
ဦးနှောက် ခြောက်နေရတာ။ အမှန်တရားကို တခုခုဆိုပြီး လိုက်ရှာနေတာ။
နိဗ္ဗာန်ကို တနေရာရာထင်ပြီး လိုက်ရှာနေတာ ဘယ်တော့မှ မတွေ့ ဘူး။ အဓိက ကတော့
ကိုယ့်အားကိုယ်ကိုးလို့ ။ ကိုယ်ဖန်ဆင်းထားတာကို အသုံးပြုနေလို့ ။
အမှန်တကယ်တော့ ငါသင်ငါတတ်ငါသိလုပ်ထားတာ။ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ခြေ၊
လက်ခေါင်း မျက်စိ နား နှာခေါင်း ယောင်္ကျားမိန်းမ ဒါတွေ အကုန်ပြန်ဖျက်
လိုက်ရမှာ။ တကယ့်တရား အလုပ်နဲ့ လူတွေသိနေတဲ့ တရားဆိုတာနဲ့ တခြားစီပါ။
ဒါလောကီ မပြောပါနဲ့  ဗုဒ္ဓဘာသာ ယောဂီတွေတောင်မှ တရားအားထုတ်ရင်း
တ၇ားရှာ၇င်းနဲ့  တ၇ားဘဲ ဆိုပြီး အားထုတ်ရင်းနဲ့ တရား အစစ် မဖြစ်ဘဲနဲ့ 
လည်နေပါတယ်ဆို.. ဟိုလုပ် ဒီလုပ် ဟိုတွေ ဒီတွေနဲ့ ဘဲ. . ဟိုတွေဒီတွေ
ဆိုရင်တော့ မဆုံးဘူး။ ဟိုတွေဒီတွေ ဆိုတာ သတ်မှတ်ချက်။ သတ်မှတ်တာကတော့
ဘယ်တော့မှ မဆုံးပါဘူး။ သတ်မှတ်ထားတဲ့ အလုပ်တွေ ရှာတယ် ဖွေတယ် သင်တယ်
ဘယ်တော့မှ ဆုံးမှမဟုတ်ဘူး။ သတ်မှတ်ထားရင် လူလူချင်း လမ်းဆုံးနေတာ။ အခုက
သတ်မှတ်ချက်တွေကို စွန့် ခိုင်းတာ။ လောကုတ္တရာက လောကီနဲ့ ပြောင်းပြန်။
လောကီက ကျောင်းသားလို့  ၊ ပညာတတ်လို့ သတ်မှတ်ခံရဘို့  ကျောင်းတက်တယ်
ပညာသင်တယ်။ သူဋေးလို့ သတ်မှတ်ခံရဘို့ ပိုက်ဆံရှာတယ်။ အရာရှိလို
့သတ်မှတ်ခံရဘို့ အလုပ် လုပ်တယ်။ ဥပဒေဆိုတာတောင် သတ်မှတ်ထားတဲ့ ဥပဒေူတွေ။
သတ်မှတ်လို့ ရရင် ဖျက်လို့ ၇တယ်။ လူတယောက်လုပ်တာဆို လူတယောက်ဖျက်လို
့ရတယ်။ လူကထိုးထားတဲ့  ကဗ္ဗည်းကို လူတွေဘဲ ပြန်ဖျက်လို့ ရတယ်။ အကြံအဖန်ရှိ
အမှန်အကန်ရှိ ထာဝရ အရှိမဟုတ်ဘူး။ ၄၅ လမ်းရိပ်သာ ဆိုလည်း ဒီလိုဘဲပေါ့။
့ပြုလုပ်မှု ပယောဂ ပါနေတယ်။ ဒါကြောင့်ပျက်မှာဘဲ။ ဘုရားသာသနာ ပယောဂပါနေရင်
ကွယ်မှာဘဲ။ ဘု၇ားဟောတဲ့ ပိရကဋ်သုံးပုံတောင် ကိလေသာမပါရင်တောင် ပယောဂဆိုတဲ
့အားစိုက်မှုပါတယ်။ အနိစ္စ၊ ဒုက္ခ အနတ္တ ဆိုတဲ့  နိယာမကြီးကို လွန်ဆန်ချင်လို
့မ၇တော့ဘူး။ သင်ယူချင် မနေနဲ့ တော့ ။ လုပ်ယူချင် မနေနဲ့ တော့။ ရှာယူချင်
မနေနဲ့ တော့။ ပေါင်းယူချင် မနေနဲ့ တော့။ သူဘာသာသူ သဘာဝအတိုင်းပေါင်းနေတဲ
့စိတ်စေတသိတ် ရုပ်ကတော့ စိတ်ချရတယ်။ နဂိုပေါင်းပြီးသားကိုသာ
လက်ခံလိုက်တော့။ တငါငါနဲ့  ဟိုပေါင်းဒီပေါင်း ပေါင်းဘို့ ကြိုးစားမနေနဲ
့တော့။ ပေါင်းချင်နေလို့ ကွဲရတာ။ ပေါင်းချင်တယ် ဆိုကတည်းက ဆင်းရဲပြီ။
လိုချင်တယ် ဆိုကတည်းက ဆင်းရဲပြီ။ လိုချင်နေ၇င် နောက်လည်း လိုချင်နေမယ်။
ဖြစ်ချင်နေ၇င် နောက်လည်း ဖြစ်ချင်နေမယ်။ စားချင်နေ၇င် နောက်လည်း
စားချင်နေမယ်။ လုပ်ချင်နေ၇င် နောက်လည်း လုပ်ချင်နေမယ်။
အားထုတ်ချင်နေတာတောင်မှ နောက်လည်း အားထုတ်ချင်နေတော့မှာ။ ဆုံးမှာ
မဟုတ်ဘူး။ ငါပါရင် မဆုံးဘူး။ လုပ်စရာလို့ ထင်နေမယ်၊ လုပ်တဲ့ငါလို
့ထင်နေမယ် ဆိုရင် ဘယ်တော့မှ ဆုံးမှ မဟုတ်ဘူး။ ဘာမှမဟုတ်တာကို ယုံကြည်တဲ
့သဘောလေးကိုသာ ဘုရားတရားသံဃာ အဖြစ် ကိုးကွယ်ကြည့်လိုက်။ အရဟံ
အရဟံရွတ်သလိုပေါ့ ။ စကားလုံး တလုံးထဲကိုသာ စိတ်ကပေါင်းနေလို့ ။ အခုက
ဘာတွေညာတွေ မဟုတ်တဲ့  အမှန်တရား။ ဘာတွေညာတွေ လက်မခံတဲ့ သဘောလေး။
တနေရာရာတော့ေ၇ာက်နေမှာဘဲ ဒါပေမဲ့ လက်မခံပါနဲ့ ။ ဘယ်နေရာမှ မရှိတဲ့
နေရာကို သွားနေလို့ တော့ ဘယ်ရပါ့မလဲ။ နေရာကတော့ ရှိနေမှာဘဲ။ နေရာရှိတဲ့
နေရာကို ဘဲ ဒီအထည်ကြီးက သွားလို့ ရမှာပေါ့။ အချိန် တချိန်ကတော့ သူ့ ဟာနဲ
့သူရှိနေမှာဘဲ ။ သတ်မှတ်ချက်ဘဲ။ ကိုယ်လက်ခံသရွေ့ တော့ အချိန်က
ရှိနေမှာဘဲ။ ဘယ်သူလဲ ဘာသံလဲ ဘယ်နေ၇ာလည်း အဲ့ဒီ စိတ်တွေကို လက်မခံနဲ့ ။
ဘာတွေညာတွေ မဟုတ်ပါဘူးလို့ လက်ခံတဲ့ သဘောလေးကိုသာ နှလုံးသားထဲမှာ
ဘုရားတည်သလိုတည် ကြည့်လိုက်။ တကယ့်ကို ဘုရားအစစ် ပွင့်သွားမယ်။
ဘာမှတော့လုပ်ရတာ မဟုတ်ဘူး။ မကြားဘူးတော့ အထူးအဆန်း ဖြစ်နေတာ။ မမြင်တဲ
့ပစ္စည်းလို ဘာမှန်း မသိဖြစ်နေတယ်။ မိုးကုတ်ဆရာတော် ဘု၇ားကြီးခောတ်ကဆိုရင်
ကားတွေက နည်းသေးတော့ ကားဆို အထူးအဆန်း ဖြစ်နေတယ်။ ကက်ဆက် တွေ
အသံဖမ်းစက်တွေ ပေါ်စဆိုတော့ ကက်ဆက်ဆိုတာ အထူးအဆန်းလို ဖြစ်နေတယ်။
ဒုတိယပိုင်းအား စောင့်မျှော်ပါ...မကြာမှီ တင်ဆက်ပါမည်။
http://www.ronal-fighter.blogspot.com/

Tags
ဆောင်းပါး