ဟောလီးဝုဒ်မင်းသား ဆီလ်ဗက်စတာ စတားလုံး သည် သူ၏ နောက်ဆုံးဇာတ်ကားသစ်ဖြစ်သော ရမ်ဘိုဇာတ်ကားဖြင့် မြန်မာစစ်အစိုးရကို ထိုးနှက်
ရုံမျှမကသေးဘဲ မြန်မာနိုင်ငံသို့ သွားရောက်ကာ စစ်အစိုးရနှင့် ထိပ်တိုက်မျက်နှာချင်းဆိုင်တွေ့ပြီး လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးချင်သည် ဟု ပြောသည်။
သွေးချောင်းစီးသည့် အက်ရှင်ဇာတ်ကားများကို
ရိုက်ကူးခဲ့သော စတားလုံးသည် သူ၏ ရမ်ဘိုစီးရီး
ဇာတ်ကားကို နောက်ဆုံးအပိုင်း ရိုက်ကူးရန် တာစူနေချိန်၌ သူ၏ ဇာတ်ကားသစ် ရမ်ဘိုအပိုင်း (၄) သည် မြန်မာနိုင်ငံတွင် ခိုးဝှက်ရောင်းချနေရသော ဇာတ်ကား ဖြစ်နေသလို အစိုးရကို ဆန့်ကျင်သည့် ပြည်သူတို့အတွက် အားတက်စရာဖြစ်ခဲ့ပြီး ထိုဇာတ်ကားသည် သူ၏ ရုပ်ရှင်သက်တမ်းတွင် အထွတ် အထိပ်တခုသဖွယ် ဖြစ်ခဲ့ရသည်ဟု ရိုက်တာသတင်းဌာနကို ပြောသည်။
“ဒီ မယုံနိုင်စရာကောင်းလောက်အောင် ရဲရင့်တဲ့ လူတွေ၊ အသံတွေကို အမေရိကန် ရုပ်ရှင်ရုံတွေ
ထဲမှာ တွေ့နေကြရပါပြီ။ ဒီလူတွေဟာ ရုပ်ရှင်ဇာတ်ကားထဲက မှတ်သားစရာ စကားစုတွေကို ကြွေးကြော်သံ အဖြစ် အမှန်တကယ် သုံးစွဲခဲ့သူတွေပါပဲ။ ဒီတော့ဗျာ ဇာတ်ကားထဲမှာ ပါဝင်ရတာဟာ ကျွန်တော့် ဘ၀ရဲ့ ဂုဏ်ယူစရာကာလတွေထဲက ကာလတခုပါ” ဟု စတားလုံးက ပြောသည်။
မြန်မာရဲက လမ်းဘေးဒီဗီဒီအရောင်းသမားများကို ရမ်ဘိုဇာတ်ကား မရောင်းရန် ယခုအပတ်
အတွင်း တင်းကျပ်စွာ အမိန့်ထုတ်ထားကြောင်း၊ မြန်မာပရိသတ်များက “အဓိပ္ပာယ်မရှိ အသက်ရှင် မလား၊ တခုခုအတွက် အသေခံမလား” မင်းသား၏ ပြတ်သားသော ဇာတ်ဝင်ခန်းစကားလုံးများကို သဘောကျနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ဇာတ်ကားထဲ၌ ဗီယက်နမ်စစ်ပြန်ကြီး ဂျွန်ရမ်ဘိုသည် ရက်စက်လွန်းသော မြန်မာစစ်ဗိုလ်တဦး၏
ရန်မှ ခရစ်ယာန်သာသနာပြုအဖွဲ့ကို ကယ်တင်ရန် ထိုင်းနိုင်ငံတွင် ပြန်လည်လှုပ်ရှားလာရခြင်း ဖြစ်သည်။
စတားလုံးကိုယ်တိုင်ကလည်း အီရတ်နှင့် ဒါဖာကဲ့သို့ နိုင်ငံများ၏ ဇာတ်ကားများကို ရိုက်သည်ထက် ကမ္ဘာက အသိနည်းသည့် မြန်မာအခက်အခဲများ၊ ဖိနှိပ်ခံရမှုများကိုသာ မီးမောင်းထိုးပြ ရိုက်ကူး ချင်သည်ဟု ဆိုသည်။ ထိုသို့ရိုက်ကူးခြင်းဖြင့် စစ်အစိုးရ၏ လူမဆန်မှု၊ ရက်စက်မှုများကို ကမ္ဘာက ပိုသိလာနိုင်သည်ဟုလည်း စတားလုံးက ဆိုသည်။
ကရင်နှင့် အခြားတိုင်းရင်းသားလူမျိုးစု စုစုပေါင်း (၅) သိန်းခန့်သည် အတင်းအကျပ် နေရာပြောင်း ရွှေ့ခံရပြီး ထောင်ပေါင်းများစွာသော တိုင်းရင်းသားအများစုမှာ အကျဉ်းချခံရ၊ အနှိပ်စက်ခံရ၊ အသတ်ဖြတ်ခံခဲ့ကြရသည်ဟု ယူကေအခြေစိုက် ခရစ်ယာန်တယောက်က ဆိုသည်။
များစွာသော ပြည်တွင်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များသည် ဗြိတိသျှလက်အောက်မှ ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် မြန်မာ အစိုးရကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ စတားလုံးက ထိုတော်လှန်ရေးအဖွဲ့များနှင့် အဆက် အသွယ်ရှိသလို ဇာတ်ကားထဲတွင် ပါဝင်သရုပ်ဆောင်ထားသည့် လွတ်လပ်ရေးတိုက်ပွဲဝင် အများစုနှင့်လည်း အဆက်အသွယ်ရှိသည်ဟု ဆိုပါသည်။
ရမ်ဘိုဇာတ်ကားသည် ထိပ်တိုက်ရင်ဆိုင်ရေးအတွက်လည်း အစပြုသလိုဖြစ်နိုင်သည်ဟု စတား လုံးက မျှော်လင့်ထားသည်။
“ကျွန်တော်မျှော်လင့်တာကတော့ ဒီဇာတ်ကားဟာ မတော်မတရား ပုတ်ခတ်ထားတဲ့ ၀ါဒဖြန့်မှုတခု ဖြစ်တယ်၊ လိမ်ညာထားတာတွေဖြစ်တယ်လို့ မြန်မာစစ်အစိုးရကပြောစေချင်တယ်။ တကယ်လို့ ဒီဇာတ်ကားဟာ မဟုတ်တာတွေဖြစ်နေတယ်ဆိုရင် ကျွန်တော့်ကို ဖိတ်ခေါ်လိုက်လေ။ ကျွန်တော့် ခေါင်းကို တယောက်ယောက်က သေနတ်နဲ့သာ ချိန်မထားနဲ့၊ မတရား အသတ်ခံရတဲ့ အလောင်းတွေ ဘယ်နေရာတွေမှာ မြှုပ်ထားတယ်ဆိုတာကို ကျွန်တော်တို့ လိုက်ပြပေးမယ်။ ဒီလိုမှမဟုတ်ရင်လည်း ၀ါရှင်တန်က လွှတ်တော်ရှေ့မှောက်မှာ ဖြေရှင်းကြမယ်လေ။ ဒါပေမဲ့လည်း ဒီလောက်အထိဖြစ်လာ နိုင်မယ်လို့တော့ သိပ်မမျှော်လင့်ပါဘူးဗျာ” ဟု စတားလုံးက ဆိုသည်။
ရမ်ဘိုဇာတ်ကားသည် ရုံတင်ပြီးလျှင်ပြီးချင်း ပထမတပတ်အတွင်း အမေရိကန်ဒေါ်လာ (၁၈.၂) သန်း ၀င်ခဲ့ပြီး စတားလုံးကိုယ်တိုင်ကလည်း သွေးအစွန်းဆုံးသော ဇာတ်ကားတကားအဖြစ် ကမ္ဘာသိအောင် ပြနိုင်ခဲ့၍ အားရကျေနပ်မှုရှိခဲ့ပြီး ထိုကဲ့သို့ နောက်ထပ် ဇာတ်ကားတကား ရိုက်ကူးဖြစ်မည်ဟုလည်း မျှော်လင့်ထားသည်။
“နောက်ထပ်ဇာတ်ကား ရိုက်ကူးဖြစ်ဖို့ဆိုတာကလည်း ဒီဇာတ်ကားရဲ့ အောင်မြင်မှုအပေါ်မှာ မူတည် ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ နောက်ထပ်ဇာတ်ကားရိုက်ဖို့အတွက် စဉ်းစားနေပါပြီ။ ရိုက်ဖြစ် ခဲ့ရင်တော့ ဒီဇာတ်ကားနဲ့ တော်တော်ကြီး ကွဲလွဲအောင်ရိုက်ဖြစ်မှာပါ။ နောက်ကားမှာတော့ ဒီကား ထက်ပိုပြီး နက်နဲတဲ့၊ ပိုပြီးမျှော်လင့်မထားကြတဲ့ အကြောင်းအရာတွေ ဖြစ်မှာပါ” ဟု စတားလုံးက ပြောကြားသည်။
ခေတ်ပြိုင် သတင်းဋ္ဌာန မှ ရယုပါသည်။

Tags
သတင်း