ကြားဖြတ်သတင်း

စွမ်းအားရှင်များ ကင်းလှည့်

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် လုံခြုံရေး တပ်ဖွဲ့များ တိုးချဲ့ ချထားလိုက်ပြီး စွမ်းအားရှင်များက ကင်းလှည့်နေကြောင်း ဒေသခံများက ပြောသည်။

မြို့အဝင်အထွက် အဝေးပြေး လမ်းမကြီးများပေါ်တွင် ရှာဖွေ စစ်ဆေးမှုများ ပုံမှန် ပြုလုပ်လာပြီး မြို့တွင်း၌ စစ်တပ်၊ ရဲနှင့် စွမ်းအားရှင်များက လှည့်လည် ကြည့်ရှုလျှက် ရှိသည်။

“မြို့အဝင်အထွက်က လမ်းတွေမှာ ကားသမားတွေကို လိုင်စင်စစ်တယ်။ ကားနံပါတ်တွေ မှတ်တယ်။ ဘာကြားလို့မှန်း မသိဘူး။ လုံခြုံရေးကတော့ တော်တော် တင်းကျပ်တယ်ဗျ။ စစ်ထရပ်ကား ၃ စီးနဲ့ လည်ပတ်အနီတွေ ပတ်ထားတဲ့ စစ်သားတွေတင်ပြီး လှည့်ပတ်နေတယ်” ဟု နှံ့နှံ့စပ်စပ် ရှိသည့် ကျောက်တံတားမြို့ နေသူ ပြောသည်။

“အလုံတို့၊ ကြည်မြင့်တိုင်ဘက်က စွမ်းအားရှင် ချာတိတ်ကလေးတွေကို စွမ်းအားရှင် ယူနီဖောင်း ဝတ်ပေးပြီးတော့ ဒါဘယ်ကပ် ကားတွေပေါ်တင်ပြီး ညဘက် ကင်းပတ်တယ်။ ကလေးတွေက ယူနီဖောင်းတွေ၊ ကားတွေနဲ့ဆိုတော့ သွေးကြွနေပြီး ခိုင်းကောင်းတာပေါ့” ဟု သူက ဆက်ပြောသည်။

မဇ္ဈိမ သတင်းဋ္ဌာန မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form