ကြားဖြတ်သတင်း

ကလေးစစ်သား အသုံးပြုအဖွဲ့ စာရင်းမှ ပယ်ရန် ကရင်နီတောင်းဆို

ကလေးစစ်သားများ အသုံးပြုသော အဖွဲ့အစည်းများ စာရင်းတွင် ထည့်သွင်းထားမှုမှ ထုတ်ပယ်ပေးပါရန် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သို့ ယနေ့ ထပ်မံ တောင်းဆိုလိုက်သည်။

ကုလအထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းသို့ လျှောက်လဲသော စာတွင် မြန်မာ စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော ကရင်နီတပ်အတွင်း ကလေးစစ်သား စုဆောင်းအသုံးချမှု လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ မရှိတော့ကြောင်း ပြောဆိုထားသည်။

ဆန္ဒခံယူပွဲကြေညာချက် အစိုးရဝန်ထမ်းများ အံသြ

နအဖက မေလအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်မည်ဟု ဖေဖော်ဝါရီ ၉ ရက်နေ့က ကြေညာခဲ့ခြင်းအပေါ် အစိုးရဝန်ထမ်းများ အံ့သြမှု ဖြစ်ခဲ့ရသည်။

မည်သို့သော ကြိုတင် ပြင်ဆင်မှုမှ မလုပ်ထားဘဲ ရက် (၁ဝဝ) ဝန်းကျင် ကာလအတွင်း ဆန္ဒခံယူမှု လုပ်မည် ဆိုခြင်းကြောင့် အံ့သြရခြင်း ဖြစ်သည်ဟု မဇ္ဈိမ အထောက်တော်များ၏ တွေ့ဆုံ မေးမြန်းမှုများအရ သိရသည်။

စစ်တပ်ကြီးစိုးရေး အစဉ်ထူထောင်နေဟု ၀ါရင့် ချင်းအမတ် ဝေဖန်

နိုင်ငံတော်အာဏာကို စစ်တပ်မှ ထိန်းချုပ်ရေးကိုသာ စစ်အစိုးရ အနေဖြင့် " တစိုက်မတ်မတ် လုပ်ဆောင်နေ" ကြောင်းနှင့် ပြည်ထောင်စုစနစ်ကို အကောင်အထည် မဖော်ကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တဦးက ယနေ့တွင် ဗြောင်ဝေဖန် ပြောကြားလိုက်သည်။

မင်းတပ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နှင့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးရှိန်းဖေလိန်းက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီက ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်သော မေလအတွင်း အခြေခံဥပဒေ မူကြမ်းကို ဆန္ဒခံယူပွဲ လုပ်မည်ဆိုသော ကြေညာချက်ကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

"စစ်အာဏာပိုင်များသည် တိုင်းရင်းသားများ၏ ကိုယ်ပိုင် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး တန်းတူညီမျှရေးကို အသိအမှတ်ပြုသည့် စစ်မှန်သော ပြည်ထောင်စု စနစ်ကို အကောင်အထည် မဖော်ရုံမျှမက ပြည်ထောင်စု၏ အနှစ်သာရ ဖြစ်သော ပင်လုံမူ၊ ပင်လုံစိတ်ဓါတ်တို့မှ လုံးဝ ကင်းကွာလျှက် ရှိနေပါသည်။" ဟု ဦးရှိန်းဖေလိန်းက သူ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယနေ့သည် ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသားများ အတူတကွ ပူးပေါင်းနေထိုင်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအရေး အာမခံချက်ပေးသည့် စာချုပ်တရပ်ကို ချုပ်ဆိုခဲ့ကြရာ ထိုနေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။


ဒီချုပ် ပြည်ထောင်စုနေ့ အခမ်းအနား စွမ်းအားရှင် ၂ဝဝ ခန့် ဝိုင်းထားခံရ

၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ရုံးချုပ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပလျှက်ရှိရာ ရုံးရှေ့ လမ်းမပေါ်တွင် ကြံ့ခိုင်ရေးနှင့် စွမ်းအားရှင် ၂ဝဝ ခန့်က စောင့်ကြည့်နေသည်။
အဖွဲ့ချုပ် အခမ်းအနားသို့ စီအာပီပီ၊ ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် လူ ၆ဝဝ ခန့် တက်ရောက်နေသည်။



မဇ္ဈိမ မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form