ရန်ကုန်မြို့ လသာလမ်းမှာ လမ်းဘေးဈေးသည်တွေကိုရှင်းနေတယ်။

စစ်အစိုးရရဲ့ ထာဝရရန်သူစာရင်းထဲမှာ လမ်းဘေးဈေးသည်တွေလည်းပါပါတယ်။ ဒီနေ့  လည်း
တရုပ်တန်းမှာရှိတဲ့လမ်းဘေးဈေးသည်တွေကို ရှင်းလင်းလိုက်ပါတယ်။ တရုပ်တန်းတလျောက်လုံးကို ရဲ ၊ မီးသတ်၊ စည်ပင် တွေ ချထားလိုက်တယ်လို့ ဆိုပါတယ်။ လမ်းဘေးဈေးသည်တထောင်လောက်က ဘာလုပ်စားရမှန်းမသိဖြစ်နေပါတယ်။ မကျေမနပ်မှုတွေဖြစ်နေကြတယ်။ ဘာဖြစ်လို့ လမ်းဘေးဈေးသည်တွေကိုရှင်းလင်းခိုင်းတာလည်းဆိုတာနဲ့ ပတ်သက်လို့  ရှင်းရှင်းလင်းအမိန်မထုတ်ပြန်ဘူး။ မြို့ တော်ဝန်က မရှုတ်ရှုတ်ရှက်ရှက်မကြည့်ချင်ဘူးလို့ ဆိုတာနဲ့ ခုလိုရှင်းလင်းတာလို့ သိရပါတယ်။
တရုပ်တန်းက တရုပ်ကုန်သည်တွေလည်းမကျေနပ်ကြပါဘူး။ သူတို့ က မကျေနပ်ပေမဲ့ ကိစ္စမရှိဘူး။ သူတို့ က ကုန်တွေကို လှောင်ထားပြီး ပြီလို့  ဒုက္ဒရောက်တာ က ကျနော်တို့  ဗျ လို့ လမ်းဘေးဈေးသည်တဦးက ပြောပါတယ်။

ကိုမိုးသီးဇွန် ဘလော့ဂ်မှ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form