အဆိပ်သင့်နေကြတဲ့ အတုများ..

မင်းမိဘ ပေးတဲ့နာမည်နောက်
၈၈၈၈ ကျောင်းသားအမြီးတတ်ချင်..
တန်အောင်လုပ်ပြလေ..မောင်အေးလွင်။

ကိုယ်ကို ကိုယ်..ဘာကောင်ဆိုတာ...
လက်မထောင် နံပါတ်တစ်ပြ
ဒါ အသုံးမကျတာ..
ကြည့်နေသူ ပရိသတ်ကသာဆုံးဖြတ်မြဲ
မင်းနံမည်..ဘယ်အဆင့်ရှိသလည်း..

မင်းသား မလုပ်ရ..ပတ်မကြီးထိုးဖေါက်ပြ
မင်းဖာသာ မင်းတော့..ငါတယ်ဟုတ်လှ
အသရေမွဲ..တည်ကြက်ဘဲဖြစ်
လက်ဖြန့် ခံပြ..သူတောင်းစားဖြစ်
ဘုရားကိုတု..ဒေ၀ဒတ်မျိုးဖြစ်။
ဦးအောင်ဆန်းကိုသတ်.ဦးစော ဘ၀ဖြစ်
အိမ်ကြက်ချင်း..အိုးမည်းသုတ်ရင်း
ဟင်းချက်ဖို့ ရေနွေးအိုး တည်စောင့်နေတဲ့ နအဖ
မင်းခြေကျရင်..အမွေးဆုတ်..
သူ အမြီး လုပ်တော့မည်။

လူစွမ်းကောင်း ကလည်းလုပ်ချင်
အရည်အသွေး စိတ်ဓါတ်လည်းမမီချင်
မင်းသား ကလည်းဖြစ်ချင်..
ရူပကာ ကလည်း မလာလျှင်
မြေကွက်လေးဘဲ ရလိုရငြား
ဟန်းဖုံးလေးများ သွားရည်တများများ
ဗီလိန်ဇာတ်ခန်း..ဒဿ လူကြမ်း
ဘယ်နေရာကဘဲ ဖြစ်ဖြစ်
ဆင်တူရိုးမှား အမည်တတ်
၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ)
ဝံသာနု (NLD)..နဲ့  လေ့လာရေးကျောင်းတော်သားအစု
အားလုံးဟာ..အရေခြုံအတု။
သစ္စာဖေါက် ပေါက်ဆိန်ရိုး။
အသားဖေါက်တဲ့ လောက်မျိုးတွေ။

အတု နဲ့ အစစ်ဆိုတာ.တုမနှိုင်းသာ
ဆီ နဲ့ ရေ။ အဖြူနဲ့အမဲ..
ဆန်လုံးနဲ့ ဖွဲ။ သဲသဲ ကွဲကွဲ။
မင်းအဘတွေ ပုလ္လင်တော်လှုပ်နေ လို့ 
စိတ်တွေ နောက်။ ဘုရားပေါ်ပတ် ၀က်ဆွဲလမ်းလျှောက်
ချကြွေးရမဲ့သူ လျှောက်ရှာနေ။
ငရဲပေါက်ဝ စောင့်..ခွေးဝဲစားတွေ.
အမြီးမခတ် နဲ့  ငြိမ်ငြိမ်သာနေ။

မသဒ္ဓါ (၂။၉။၂၀၀၈)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form