ရန်ကုန်တိုင်း လူထု လှုပ်ရှားမှု အဖွဲ့  ကြေငြာချက်

ရန်ကုန်တိုင်း လူထု လှုပ်ရှားမှု အဖွဲ့ 
ကြေငြာချက် အမှတ် (၄)
ရက်စွဲ ၊ ၂၀၀၈ ခုနှစ်။ ဖေဖော်ဝါရီလ ၅ ရက်။


၁။ (၃၀) ရက် (၁)လ (၂၀၀၈) နေ့  ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့  ဝင်များ တွေ့ ဆုံစဉ် ဒေါ်အောင်စုကြည်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင် တွေ့ ဆုံမှုကို ကျေနပ်အားရမှု မရှိခြင်း၊ အချိန်ဇယားပါဝင် တွေ့ ဆုံမှုပြုလုပ်ရန်၊ တိုင်းရင်းသား ကိစ္စမှာ အလွန်အရေးပါသည့်အတွက် နအဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များပါဝင်သည့် တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ရန်၊ အဖွဲချုပ်အဖွဲဝင်များနှင့် ပြည်သူများသည် အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကို ရင်ဆိုင်ဖို့  ပြင်ဆင်ထားရန်ဆိုသည့် ပြောကြားချက်များမှာ ယနေ့  မြန်မာနိုင်ငံအခြေအနေနှင့် အလွန်ကိုက်ညီလျက် ရှိနေသည့်အတွက် ရန်ကုန်တိုင်းလူထုလှုပ်ရှားမှုအဖွဲက လေးလေးနက်နက် ကြိုဆိုလိုက်သည်။

၂။ နှစ် ၆၀ ပြည့်လွတ်လပ်ရေးနေက လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီက ပြည်ထောင်စုနေ့  နောက်ဆုံးထား တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် နအဖခေါင်းဆောင်များအား တိုက်တွန်းခဲ့ပြီ ဖြစ်သည်။ ထို့ အပြင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်က ၂၀၀၈ခုနစ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှစ်အဖြစ် သတ်မှတ်ခဲ့သည်၊ ကမ္ဘာမိသားစုကြီးမှလည် မျှော်လင့်လျက်ရှိသည်။

၃။ သို့ ပါ၍ နအဖ ခေါင်းဆောင်များအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီး အပါအဝင် ကမ္ဘာ့မိသားစုကြီး၏ တိုက်တွန်းချက်ကို အလေးထားပြီး ကမ္ဘာ့အလယ်၌ မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ မညှိုးနွမ်းစေရန် ပြည်သူလူထု တွေ့  ကြုံခံစားနေရသော ခါးသီးလှသည့် လူမှုဒုက္ခအဝဝကို ယခုထက် ပိုမိုပြီး မဆိုးရွားလာစေရန်၊ ပြည်သူလူထုအုံကြွမှု မဖြစ်ပေါ်လာစေရန် နအဖ၊ အမျိုသားဒီမိုကရေစီအဖွဲချုပ်နှင့် တိုင်းရင်းသား အဖွဲအစည်းပေါင်းစုံ ပါဝင်ပြီး ကျယ်ပြန့် ပြီး စစ်မှန်သောတွေ့ ဆုံဆွေးနွေးပွဲကို (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့  နောက်ဆုံးထား ၍ စတင်ဆောင်ရွက်ရန် ရန်ကုန်တိုင်းလှုထုလှုပ်ရှားမှုအဖွဲ့ မှ အနူးအညွတ်တိုက်တွန်းအပ်သည်။

၎။ ရွှေဝါရောင်တော်လှန်ရေးမှ ပေါက်ဖွားလာသော လူထုလှုပ်ရှားမှုအဖွဲအစည်းများနှင့် ပြည်သူအပေါင်းတို့ သည် အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကို ရင်ဆိုင်ရန်အတွက် ခိုင်မာသော ညီညွတ်မှုနှင့် ပြင်ဆင်ထားကြရန် တိုက်တွန်းအပ်သည်။


ရန်ကုန်တိုင်းလူထုလှုပ်ရှားမှုအဖွဲ့
ကိုမိုးသီးဇွန် ဘလော့ဂ် မှ ရယူပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form