အာဏာသိမ်းမှုအပေါ် ထောက်ခံ၊ ဝန်းရံသူများလည်း ရှိနေသည်

တပ်မတော်က အာဏာသိမ်းပြီး အုပ်ချုပ်သည့်အပေါ် ထောက်ခံသော နိုင်ငံရေးပါတီပေါင်း ၂၀ ကျော် ရှိသည့်အပြင် ဒီမို ကရေစီ အင်အားစုထဲမှ တချို့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကလည်း အာဏာသိမ်းခြင်းကို ထောက်ခံမှုပြခြင်း၊ ပူးပေါင်းခြင်း နှင့် ဝန်းရံခြင်းများ ရှိနေကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ တပ်မတော်က အာ ဏာ သိမ်းယူခဲ့သည်။ ယင်း အခြေအနေအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီက တပ် မတော်အစိုးရနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ပြီး ၎င်းတို့၏ ရပ်တည်မှုကို ပြသခဲ့သည်။
ထို့ပြင် တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားသည့် ထင်ရှားသော နိုင်ငံရေးသမား ပဒိုမန်းငြိမ်းမောင်၊ ဒေါ်အေးနု စိန်တို့ သည်လည်း တပ်မတော်အစိုးရက ဖွဲ့စည်းပေးသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ပါဝင်လာကြသည်။ ပဒိုမန်းငြိမ်းမောင်သည် တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီအရေးနှင့် ပတ်သတ်၍ ကာလရှည် ကြာ လက်နက်ကိုင် တော်လှန်ရေးလုပ်ကိုင်ခဲ့သူ ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌လည်း ပန်းတနော်မြို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲရှုံးနိမ့်ထားသူ ဖြစ်သည်။ ဒေါ်အေးနုစိန်သည်လည်း ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ထင်ရှားသည့် နိုင်ငံရေးသမား တဦးဖြစ်ကာ ရခိုင်ပြည်နယ်တွင် လူထုကိုယ်စားပြုမှု အမြင့်ဆုံးဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒု-ဥက္ကဋ္ဌ တာဝန် ယူထားသူလည်း ဖြစ်သည်။ NLD ပါတီဝင်ဟောင်း တဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ ဦးကျော်ဇေယျ ကလည်း အာဏာသိမ်းကာ ဖမ်းဆီးမှုများ ပြုလုပ်ချိန်တွင် NLD ပါတီဝင် မဟုတ်တော့သဖြင့် ကံအရမ်းမြင့်သည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့သည်။ ဦးကျော်ဇေယျက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တိုင်းပြည်အတွက် အဖက်ဖက်မှ တိုးတက်စေရေး ဆောင် ရွက်ပေးနိုင်ပါစေကြောင်း မျှော်လင့်ကာ ဆုတောင်း မေတ္တာပို့သအပ်ပါသည်” ဟုလည်း ရေးသားပြောဆိုထားသည်။ ထို့ပြင် အာဏာသိမ်းသည့်နေ့တွင် တိုင်းရင်းသားအရေး လှုပ်ရှားတက်ကြွသူများအကြား NLD ကို တပ်မတော်က ဖြုတ်ချ လိုက်သဖြင့် ပျော်ရွှင်ရကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ် ထုတ်ဖော်ရေးသားကြသလို ရခိုင်တိုင်းရင်းသား အချို့ အကြား၌ လည်း ဖေဖော်ဝါရီ ၁ ရက်သည် ရှားပါးနေ့ရက်၊ အထိမ်းအမှတ် နေ့ရက်အဖြစ် ရောက်ရာအရပ်မှ အောင်ပွဲခံကြရန် လှုံ့ဆော်မှုများ ရှိခဲ့သည်။ အဆိုပါ လှုံ့ဆော်မှုကို “ႀကိဳး”ဟု အမည်ပေးထားပြီး တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၇ နာရီ တွင် အောင်ပွဲခံကြရန် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ “ႀကိဳး” ခေါင်းစဉ်ဖြင့် အောင်ပွဲခံကြရန် ANP ပါတီဝင်တဦးဖြစ်သော ဦးထွန်းဝင်းကျော် (ခ) ကိုဝင်းအောင်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လှုံ့ဆော်မှု ပြုလုပ်ခဲ့သည့်အပြင် ရက္ခိုင်စစ်တပ် (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က လည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အထိမ်းအမှတ်နေ့တွင် ပါဝင်အောင်ပွဲခံကြရန် လှုံ့ဆော်ထားသည်။ ဒေါက်တာ ညိုထွန်းအောင် က “ဒီကနေ့ ရှားပါးနေ့ရက်အတွက် ရခိုင်တမျိုးသားလုံးကို ရောက်နေတဲ့နေရာက ရှိတာနဲ့ Cheer ‘ႀကိဳး’ လုပ်ဖို့ ဖိတ်ခေါ်ပါ တယ်။ ရခိုင်တွေ ဘယ်လောက် စည်းလုံးကြကြောင်း ပြကြပါမယ်” ဟုလည်း ဖြန့်ဝေထားသည့် စာထဲတွင် ရေးသားထား သည်။ ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်၊ မနက်ပိုင်းတွင် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က “ဒီနေ့ မနက်စာက ပိုပြီး အရသာရှိတယ်။ စောင့် ကြည့်ပါ။ ဒီမနက်မှာ ကျနော်တို့ မြင်တွေ့ခဲ့ရပြီးပြီ။ ရှေ့ဆက်ဘာတွေ ဖြစ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု လည်း ရေးသားခဲ့သည်။ တပ်မတော်က အာဏာသိမ်းခြင်းကို ဆန့်ကျင်နေသည့် ဆရာဝန် ၃ ဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြည်သူများ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရတဖွဲ့လုံးကို ဖမ်းဆီးချုပ်နှောင်ကာ အာဏာသိမ်းယူသည့် လုပ်ရပ် အပေါ် ထောက်ခံနေသူ၊ ပျော်ရွှင်နေသူများသည် အာဏာရှင်စနစ်ကို အားပေးနေသူများအဖြစ် ရှုမြင်ကြောင်း ပြောဆို ကြသည်။ ေဒါက္တာလဲ့လဲ့က “ကျမတို့လို နိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့တဲ့ ဆရာဝန်တွေတောင် နိုင်ငံအနာဂတ်အတွက် တတ်နိုင်တဲ့နေ ရာက ပါဝင်တယ်။ တချိန်လုံး နိုင်ငံရေး လုပ်ဆောင်နေသူတွေက အာဏာသိမ်းတဲ့အပေါ် ပျော်ရွှင်တာ၊ ပူးပေါင်းတာတွေ ကတော့ တကယ့် အံ့သြစရာပါ။ သူတို့သမိုင်းနဲ့ သူတို့ပေါ့” ဟု ပြောသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း “အင်္ဂလိပ်လက်ထက် ကျွန်ဘဝတုန်းက လည်း ဒီလို ထင်ရှားတဲ့သူတွေ အင်္ဂလိပ်လက်အောက် ဝင်လုပ်တာပဲ။ ဗိုလ်ချုပ်အောင်ဆန်း မပါဘဲ အစိုးရဖွဲ့တာပဲ။ လူထုက သပိတ်ကြီး ၃ ခါ မှောက်လိုက်တယ်။ ဗိုလ်ချုပ်နဲ့ အပေါင်းအပါတွေကို အာဏာပေးရ၊ လွတ်လပ်ရေး ပေးရတာပဲ။ အချောင် သမားတွေဆိုတာ ခေတ်အဆက်ဆက် ပေါ်တာပဲ။ ဘာမှ မဆန်းပါဘူး”ဟု မှတ်ချက်ပြုသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်အိသ ဉ္ဇာမောင်ကလည်း အရေးကြီးသည့် နိုင်ငံရေးအခင်းအကျင်း တွင် နိုင်ငံရေးသမားများက ကိုယ့်သမိုင်းကိုယ် ရေးနေကြခြင်းသာ ဖြစ်သည်ဟု ပြောသည်။ ၎က “ဒီအချိန်မှာ နိုင်ငံရေးသမားတွေက လူထုဘက်က ရပ်တည်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့က အရေးကြီးပါ တယ်။ ဒါက ကိုယ့်သမိုင်းမှာ ကိုယ့်အမှားပါ။ နိုင်ငံရေးကျတော့ ဒီကာလက အမှားမခံတဲ့ ကာလပါ” ဟုလည်း ဆိုသည်။ အာဏာသိမ်းမှုနှင့် ပတ်သတ်၍ တပ်မတော်အပေါ် ထိုသို့ ထောက်ခံမှုများပြခြင်း၊ အောင်ပွဲခံခြင်းများ ရှိနေသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်၍ ရွေးကောက်ခံ အစိုးရအား အာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။ ထို့အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည့် အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း အာဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ထား သည်။ မြို့နယ်ပေါင်း ၆၀ ခန့်မှ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံပေါင်း ၁၂၀ တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များ၊ သူနာပြုများကလည်း အာဏာသိမ်း အစိုးရအောက်တွင် အလုပ်မလုပ်လိုဟု ဆန့်ကျင်ကာ အလုပ်တာဝန်မှ ရပ်နားခြင်း၊ အလုပ်မသွားဘဲ ဆန္ဒထုတ်ဖော်ခြင်းများကို လူထုအာခံမှု (Civil Disobedience Movement) လှုပ်ရှားမှု အနေ ဖြင့် ပြုလုပ်လျက် ရှိသည်။ ယခုအခါ ‘Civil Disobedience Movement’ တွင် ကဏ္ဍအသီးသီးမှ တာဝန်ထမ်းဆောင်နေသူများလည်း ပါဝင်လာကြ ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့တချို့တွင်လည်း ည ၈ နာရီတိုင်း သံပုံးတီးကာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြုလုပ်နေသည်မှာ ၂ ရက် ရှိပြီဖြစ်သည်။ Source by : ဧရာ၀တီ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form