မဟာသန္တိသုခကျောင်းတိုက်ကိစ္စ သာသနာရေးကိုသာ မေးခွန်းထုတ်ရန် ပြောသည့် ရဲမှူးကြီး သက်လွင်

မဟာသန္တိသုခ ကျောင်းတိုက်သည် ထိုကျောင်း၏ ကျောင်းထိုင် ဆရာတော် ဦးပညာဝံသ (ပီနန်ဆရာတော်) နှင့် သာသနာရေး ဝန်ကြီးဌာနတို့ ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိပြီး လွန်ခဲ့သည့် မတ်လက သာသနာရေး ဝန်ကြီးဌာနက မဟာသန္တိသုခကျောင်းသည် ပီနန်ဆရာတော်ကြီးနှင့် သက်ဆိုင်မှု မရှိဟု ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်အပြီးတွင် ဆရာတော်၏ တပည့်သားများက ယင်းကျောင်းတိုက်မှာ ပီနန်ဆရာတော်ကြီး ပိုင်ဆိုင်ကြောင်း အထောက်အထား သက်သေများပြသွားမည်ဟု မဇ္ဈိမကို ပြောခဲ့ဖူးသည်။
သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသည်။



လက်ရှိတွင် မဟာသန္တိသုခ ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော် ပီနန်ဆရာတော်ကြီးမှာ ဇွန်လ ၅ရက်မှ စကာ ဂျပန်နိုင်ငံသို့ သာသနာပြု ခရီး သွားနေသည့် အချိန် ဖြစ်သည်။

မဟာသန္တိသုခ ကျောင်းတော်ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ပီနန်-စင်ကာပူ ဆရာတော် ဦးပညာဝံသ ဦးစီး၍ တည်ထောင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်မှ ယနေ့အထိ ယင်းကျောင်းတိုက်ကို သံဃမဟာနာယက အဖွဲ့က စီမံကွပ်ကဲလျက်ရှိသည်။

Source By : မဇ္ဈိမ သတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form