ရဲရဲတောက်မျိုးချစ်များရဲ့ သတ္တိသွေးကိုပေါ်လွင်စေတယ်

- တော် သတင်းကြားပြီးပြီလား တာမွေက ဘုန်းကြီးကျောင်းအ၀ိုင်းခံရလို့တဲ့ (အပြင်မှပြန်လာသော မယားလုပ်သူက သတင်းပေး)

- ဘာကွ ရာဇ၀င်ရိုင်းလှချည်လား။ ဒါ တို့ ဗုဒ္ဓဘာသာနိုင်ငံကွ။ ဒီလို အမျိုး ဘာသာ သာသနာကို စော်ကားတာမျိုးကတော့ အသက်နဲ့လဲသင့်လဲပြီး ကာကွယ်ရမှာပဲ။ တွေ့ကြပြီပေါ့ကွာ

(ယောက်ျားက ပုဆိုးတိုတိုပြင်ဝတ်ပြီး အခန်းထောင့်က ဆောင်ဓားကို ပြေးဆွဲ)

-ဟဲ့ ဟဲ့ သေနာ ရှင်က ဘယ်သွားမလို့လဲ

-ဟ ဒီကုလားတွေကို ဆော်မလို့ပေါ့။ ဒီလို ဘုန်းကြီးကျောင်းကို အင်အားသုံးပြီး ၀ိုင်းလားရံလားလုပ်တာ ဒီအတိုင်းငြိမ်ကြည့်နေရမလား

-ဟဲ့ မသာကြီးရဲ့။ ရှင် သေချင်လို့သွားမှာလား။ ၀ိုင်းတာက ရှင့်မအေလင်ကုလား မဟုတ်ဘူး။ ရဲတွေ စွမ်းအားရှင်တွေ ၀ိုင်းတာ။ ဟိုက သေနတ်တွေနဲ့ နံပါတ်တုတ်တွေနဲ့ဟာကို ရှင့်ဟိုသင်းလောက်ရှိတဲ့ ဓါးငုတ်တိုလေးနဲ့ ဘာလုပ်လို့ရမှာလဲ။ သာသနာကိုကာကွယ်ချင်ရင် နောက်မှ ကာကွယ်။ ရှင့်မယား ကျွန်မ မုဆိုးမဖြစ်မယ့်အရေးကို အရင်တွေးဦး

(ယောကျာ်းလုပ်သူ ခဏရပ်ပြီး တွေတွေကြီးစဉ်းစား၊ ပြီးမှ သက်ပြင်းကိုချရင်း..)

-အေးကွာ .. မင်း အတင်းတားနေလို့ ဒီတစ်ခါတော့ ရှော်ပေးလိုက်တော့မယ်။ နောက်ခါဆိုရင်တော့ ဘာကောင်ကြီးဖြစ်ဖြစ် မလွယ်ဘူးမှတ်ပါ၊ ငါ့ဓါးက အမျိုး ဘာသာ သာသနာကာကွယ်ဖို့ မနက်တစ်ခါ ညတစ်ခါ မှန်မှန်သွေးထားတဲ့ဓါးကွ။ ဘာမှတ်နေသလဲ ဟင်း ဟင်း

(ယောက်ျားလုပ်သူ ဆောင်ဓါးကို ပြန်ချ၊ ရေသောက်မလို သေးပေါက်မလို ဟန်ပြင်ရင်း ကုပ်ချောင်းချောင်းဖြင့် မီးဖိုချောင်ထဲသို့ ၀င်သွားလေဟူသတတ်)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form