မဟာသန္တိသုခကျောင်း အကြမ်းဖတ်မှုများအား ဆရာမ သန်းမြင့်အောင်၏ အမြင်

ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် အနေနှင့် ကျွန်မတို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘာသာရေး အငြင်းပွားမှုတွေ ကိုတွေ့မြင်နေရာက တဖြည်းဖြည်း မယုံနိုင်လောက်အောင် ဗုဒ္ဓဘာသာဝင် အချင်းချင်း စိတ်ဝမ်းကွဲအောင် ဖြစ်လာတဲ့ အကြောင်းတွေဟာ မြတ်စွာ ဘုရားရှင် ကိုယ်တော် မြတ်ကြီးသာ သက်တော် ထင်ရှား ရှိတော်မူရင် ဘယ်လိုများ ဆုံးမတော် မူမှာပါလိမ့်လို့ သိချင်လိုက်တာ။ ဗုဒ္ဓရဲ့ အယူဝါဒနဲ့ ဗုဒ္ဓလမ်းစဉ်ကို ယုံကြည် သက်ဝင်တဲ့ ဗုဒ္ဓဘာသာဝင် မှန်ရင်လောဘ ဒေါသ မောဟ ကင်း၊စွန့်လွှတ် အနစ်နာခံခြင်းနဲ့ သံသရာကို တိုအောင် ပါရမီနဲ့ ဆက်ရမယ်လို့ ကျွန်မ ယုံကြည် လက်ခံ ကျင့်သုံးနေတာပါ။

အခု ပီနန်း ဆရာတော် ဘုရားကြီးလို သာသနာတော်မှာ ရဟန်းရှင်လူ အများပြည်သူ ကြည်ညိုကြတဲ့ ပုဂ္ဂိုလ်မြတ်ကို အာဏာရှိသူတွေနဲ့ ရဟန်း အချို့ (စကား ပြောစက်တောင် ကိုင်ထား လိုက်သေး)တို့ ပူးပေါင်းပြီး ညကြီး အချိန်မတော် နှိမ်နင်း သိမ်းပိုက် လိုက်ကြတာကို မြင်ရတာ ကြက်သီးတောင် ထမိပါတယ်။ ဘယ်သူက ဘုရားသားတော် အစစ်လဲလို့ ခံစားမိတယ်၊ တရားက လွဲလို့ ဘာလက်နက်မှ ကိုင်မထားတဲ့ ပီနန်းဆရာတော် ဘုရားကြီးကို ဆရာတော်ကြီးတွေ အချင်းချင်း တရားသဖြင့် လျှောက်ထား ညှိနိုင်းလို့ အများ ဆန္ဒနဲ့ ဒီမိုကရေစီ နည်းလမ်းကျကျ တရားမျှတစွာ ဆုံးဖြတ်လို့ မရကြတော့ဘူးလား။ ဒီလိုသာ နတ်နေကိုင်းတောင် မချန်တတ်ကြတော့ရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘယ်လို အဆင့်အတန်းနဲ့၊ ကျွန်မတို့ ဗုဒ္ဓဘာသာဟာ အခြားဘာသာ တွေကြားထဲမှာ ဘယ်လို မျက်နှာနဲ့ နေကြရမှာလဲ။ ညအချိန်မတော် သွားပြီး ဖမ်းဆီး ချိတ်ပိတ်တဲ့သူ တွေ စီးနင်းလိုက်ပါ လာကြတဲ့ ခရီးသည်တင် ကားကြီးတွေထဲမှာ ရွှေစင်စင်္ကြာ အဝေးပြေးယာဉ်ကို တွေ့လိုက်ရတော့ ကျွန်မ တော်တော် အံ့အားသင့်သွားပါတယ်။ ရွှေစင်စင်္ကြာ ယာဉ်လိုင်း ဆိုတာ အင်မတန် လူမှုရေး ကိစ္စတွေမှာ တက်ကြွစွာ ကူညီတတ်သူ။ ကျွန်မတို့ရဲ့ နာရေးကူညီမှု အသင်းရဲ့ ဘယ်ခရီးစဉ်မဆို အကူညီတောင်းတိုင်း မငြီးမငြူ ကူညီတတ် သူ၊ ကျွန်မရဲ့ အခြား အခြားသော လူမှုရေးလုပ်ငန်းတွေ ပရဟိတ ခရီးစဉ်တွေကိုလည်း အကူညီတောင်းတိုင်း ငြင်းပါယ်လေ့ မရှိသူတွေပါ။

ခုကော.....ရာဇ၀တ်သားသွားဖမ်းသလို သွားမဲ့ နေရာကိုလာ အကူညီတောင်းကြလို့ မငြင်းပဲ လိုက်ခဲ့လေသလား ဒီခရီးစဉ်ကို သိလျှက်နှင့် ပါဝင် ကူညီခဲ့တယ် ဆိုရင်တော့ ကျွန်မ တစ်ခုခု ဆုံးဖြတ်ရတော့မည်။ မနေနိုင်သော ကျွန်မ ဖြစ်စဉ်ကို ဖုန်းနှင့် လှမ်းမေးလိုက်တော့မှ အဖြေက ရှင်းသွားသည် မ.ထ.သ ကနေ သူတို့ကား အပါအ၀င် အခြား ယာဉ်လိုင်း ၂ ခု ကိုပါ ခေါ်တာဘ ယ်သွားပြီး ဘာလုပ်မယ်လို့ သူတို့ မသိဘဲနဲ့ လိုက်ခဲ့ရတယ် ဆိုတာကို ကြားရတယ်။ ရွှေစင်စင်္ကြာ ပိုင်ရှင် ကိုလှမိုးလှိုင် ကိုယ်တိုင် အဲဒီအချိန်မှာ ကချင် စစ်ဘေး ဒုက္ခသည်တွေ အတွက် ပန်းရဲ့လမ်းအဖွဲ့နဲ့အတူစစ်ဘေးဒုက္ခ သည်တွေကို ရွှေစင်စင်္ကြာကားနဲ့ အတူ လူပါ သွားကူနေရာက ပြင်ဦးလွင်ကို အပြန်ဝင်နေတဲ့ အချိန်ပါ။ ကျွန်မတို့ အသင်းက ဒုက္ခသည်တွေ အတွက် ဆေးဝါးကို ဘယ်သူမှ လိုက်ဘို့ မအားတာနဲ့သူနဲ့ ထည့်ပေးလိုက် ရတာပါ။ သန္တိသုခကျောင်း ဖြစ်စဉ်မှာ ကားကို ချောဆွဲတဲ့ အချိန် မန်နေဂျာ ခမြာလဲ မ.ထ.သ ကို ခါတိုင်း လိုပဲ မှတ်ပြီး အလွယ်တကူ ပေးလိုက်တယ်လို့ ဆိုပါတယ်။ သူတို့ ပြောတာကို ကျွန်မ အကြွင်းမဲ့ ယုံပါတယ်။ ပြီးတော့ အခြေအနေကို ချက်ချင်း မှန်းဆမိ လိုက်တယ် ရွှေစင်စင်္ကြာ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း အကူညီပေးတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ကား အတွက်လည်း ငွေသိန်းထောင်ချီ လှူတယ်။ ဖြူဖြူသင်းရဲ့ HIV လူနာတွေ အတွက်လည်း ငွေသိန်း ရာချီ လှူတယ်။ ၈၈ ငွေရတု ပွဲကြီးမှာလည်း မော်တော်ယာဉ် များစွာနဲ့ ပွဲ အစအဆုံး ကူညီပေးခဲ့တဲ့ ယာဉ်လိုင်းဖြစ်ပါတယ်။ ဒါကြောင့် အခု ဖြစ်စဉ်မှာ ရွှေစင်စင်္ကြာကို ပညာ ပေးလိုက်တာပါပဲ၊ တော်ပါပေတယ် တစ်ချက်ခုတ် နှစ်ချက်မက... သုံး..လေး..ငါးချက်.. အကုန်ပြတ်အောင် စနစ်တကျ လုပ်ကြံ ဖြတ်တောက် နိုင်ကြပါပေတယ်။

ပီနန်ဆရာတော် ဘုရားကြီး မိန့်တဲ့ အမှတ်တမဲ့ မနေကြပါနဲ့ ဆိုတဲ့ စကားကို ကျွန်မတို့ အလေးထားပြီး သတိရှိနေကြရမယ် ဆိုတာ ဒီဖြစ်စဉ်က သက်သေပါပဲ။ တရားမျှတတဲ့ အစိုးရ ... မြင့်မြတ်တဲ့ ဗုဒ္ဓ သာသနာတော်ရဲ့ အရိပ် အာဝါသ အောက်မှာ လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း ဂုဏ်သိက္ခာရှိရှိ ယဉ်ကျေး သိမ်မွေ့တဲ့ မြန်မာပြည်သားများ အဖြစ်ကျွန်မတို့ ရှင်သန် ရပ်တည် ချင်ပါတယ်။ ။

Source by : Facebook

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form