မဟာသန္တိသုခကျောင်းတိုက်အား ရဲများဝင်စီးပြီး ဆရာတော်များကို ပင့်ဆောင်သွား

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်တွေ့ရသော လုံခြံရေးရယူထားသော ရဲဝန်ထမ်းများနှင့် အခြားကျောင်းတိုက်မှ သံဃာတော်များအား ဇွန်လ ၁၁ရက် နံနက် ၁နာရီ ဝန်းကျင်ခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တာမွေမြို့ မဟာသန္တိသုခ ကျောင်းတိုက်အား ဇွန်လ ၁၀ ရက် ညတွင် ရဲများက လုံခြုံရေး အင်းအား အလုံးအရင်းဖြင့် နေရာယူ ဝင်ရောက်ပြီး၊ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံ ကားကြီးများဖြင့် နိုင်ငံတော် ပရိယတ္တိ တက္ကသိုလ်သို့ ပင့်ဆောင်သွားသည်။

ကျောင်းအတွင်းရှိ ဆရာတော်များနှင့် ကိုယ်တော်များကို ရွှေစင်စင်္ကြာကား သုံးစီး အပါအဝင် အခြားမှန်လုံကား ခြောက်စီးဖြင့် တင်ကာ ပင့်ဆောင်သွားခြင်းဖြစ်သည်။ ရှေ့ဆုံး ရွှေစင်စင်္ကြာကား ၆ဃ/၉၃၃၅ ပေါ်တွင် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်များ၊ ကိုယ်တော်များ ပါဝင်ပြီး အခြားကားအချို့တွင်မူ ကျောင်းတိုက်က မဟုတ်သည့် မည်သည့်ကျောင်းတိုက်ကမှန်း မသိသည့် ကိုယ်တော်များ ပါဝင်သည်ဟု ထိုနေရာတွင် ရောက်ရှိသည့် မဇ္ဈိမအယ်ဒီတာက ပြောသည်။

ယင်းဆရာတော်များကို တိုင်းသာသနာရေး ဦးစီးအဖွဲ့က ပင့်ဆောင်သွားခြင်းဖြစ်သည်ဟု ကျောင်းတိုက်မှ ဆရာတော်များနှင့် ဒကာ ဒကာမများက မဇ္ဈိမကို ပြောသည်။

ဖြစ်ခဲ့သည့် အခြေအနေသည် ကျောင်းတိုက်ကို ဝင်စီးသည့် အခြေအနေဟု ပြောလို့ရသည်ဟု ထိုနေရာတွင် ရောက်ရှိသည့် မဇ္ဈိမသတင်းထောက်နှင့် အယ်ဒီတာများက ဆိုသည်။

ယခုကဲ့သို့ ဖြစ်ရပ်နှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားရာတွင် ရဲအရာရှိကို မေးမြန်းရာ သာသနာရေးဦးစီးဌာနကိုသာ မေးခွန်းထုတ်ရန် ရဲမှူးကြီး သက်လွင်က ထိုနေရာတွင် သတင်းထောက်များကိုပြောသည်။

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်တွေ့ရသော လုံခြံရေးရယူထားသော ရဲဝန်ထမ်းများနှင့် အခြားကျောင်းတိုက်မှ သံဃာတော်များအား ဇွန်လ ၁၁ရက် နံနက် ၁နာရီ ဝန်းကျင်ခန့်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

source by : မဇ္ဈိမ သတင်းဌာန

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form