ရောင်ချည်သစ်ပညာဒါနကျောင်း( ၂၁၀၁၂-၁၃) ကျောင်းဖွင့်ပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ် ပညာရေး ကွန်ရက် မှ ဦးဆောင်၍ အခမဲ့ ပညာဒါန အစီအစဉ်ဖြစ် ဖွင့်လှစ် သင်ကြားပေး လျှက်ရှိသော ရောင်ချည်သစ် ပညာဒါန ကျောင်း၏ ( ၂၁၀၁၂-၁၃ )ကျောင်းဖွင့်ပွဲ အခမ်းအနားကို ( ၁၆.၆.၁၂ ) ရက် စနေနေ့ မွန်လွဲ( ၁း၀၀ ) နာရီက
အဆိုပါကျောင်း တည်ရှိရာ ဒဂုံဆိပ်ကမ်း မြို့ နယ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အဖွဲ့ ချုပ် နာယက ဘဘ ဦးဝင်းတင်၊ ဒဂုံ ဆိပ်ကမ်း မြိုနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် Dr. ဦးမျိုးအောင်၊ လှည်းကူး မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိမ်း၊ ပညာရေး ကွန်ရက်မှ တာဝန် ရှိသူများ၊ မြို့ မိမြို့ ဖများ၊ စေတနာ ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ စည်ကား သိုက်မြိုက်စွာ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါသည်။

ကိုရဲလွင်ဦးဆောင်သော အနှပညာရှင်များမှလည်း တိုင်းပြုပြည်ပြု
သီးချင်များဖြင့် သီဆို ဖျော်ဖြေခဲ့ကြ ပါသည်။
ရောင်ချည်သစ် ပညာဒါန ကျောင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း( ၁၈၀ ) ဦးကို စေတနာ ဆရာ( ၃၀) ဦးတို့က ဘာသာစုံ သင်ကြားပေးလျှက် ရှိပါသည်။

ကျောင်းလိပ်စာ
အမှတ် ( ၀၀၄) မြေညီထပ်၊ တိုက် ( ၁၁ )
( ၁ ) လမ်း( A ) Block
ဒဂုံ ဆိပ်ကမ်း မြို့ နယ်။
ကျောင်း တာဝန်ခံ ၊ Dr ကျော်စွာဦး ( ၀၉ ၅၁၀၈၈၄၁)

ပညာရေး ကွန်ရက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form