မောင်တောနှင့် ဘူးသီးတောင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်

မဇ္ဈိမ | သောကြာနေ့ နံနက်ပိုင်းမှ စတင်ကာ ဆူပူမှုများ ဖြစ်ပွားလာသည့် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များတွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။

ဇွန်လ ၈ ရက်နေ့တွင် မောင်တောမြို့၌ “နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်း၊ လူစုလူဝေးဖြင့် ဝင်ရောက် ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ” ဖြစ်ပွားခဲ့ပြီး “ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ကျွနုပ် ယုံကြည်သည်” ဟု မောင်တော အုပ်ချုပ်ရေးမှူးက ဆိုသည်။

ထို့ကြောင့် မောင်တောမြို့ စည်ပင်နယ်နိမိတ်အတွင်း “၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုသော သူများ စုဝေးခြင်းမပြုရန်နှင့် ညနေ ၁၈းဝဝ နာရီအချိန်မှ နံနက် ဝ၆းဝဝ နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု ပါရှိသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း အလားတူအမိန့် ထုတ်ဆင့်လိုက်ကြောင်း သိရသည်။

ထိုအမိန့်များကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု ဇွန်လ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

source by : မဇ္ဈိမ

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form