ကျောင်းထွက်လက်မှတ်ကို အုပ် သဲ ကျောက် ကားအစီးတိုက်နဲ့ လဲလှယ်နေရ


သမ္မတကြီးနှင့်တကွ ပညာရေးဝန်ကြီးတို့ သိစေရန်…

ကျနော်တို့ ကျောင်းဟာ တာချီလိတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မိုင်းကိုး ဖြစ်ပါသည်။

ကျနော်တို့ကျောင်း အပါအ၀င် မိုင်းကိုး ကျေးရွာ အုပ်စုတွင် ကျောင်းပေါင်း (၁၅) ကျောင်း ရှိပါသည်။ ထိုကျောင်းများမှာ မူလတန်းနှင့် မူလတန်း (လွန်) ကျောင်းများ ဖြစ်ပါသည်။ ထိုကျောင်း (၁၄) ကျောင်းမှ မိုင်းကိုး အခြေခံအထက်တန်း ကျောင်း (ခွဲ) သို့ တတ်ရောက်လိုသော ကျောင်းသား/သူ အသစ်များကို ကျောင်းအုပ်ကြီး ဦးအေးသိန်းမှာ ထိုင်းဘတ်ငွေ (၁၀၀၀) ကောက်ခံသည်။ (၁၄) ကျောင်းမှ ကျောင်းသား/သူ များသည် မိုင်းကိုးကျောင်းတွင် မနေဘဲ တာချီလိတ်၊ ကျိုင်း တုံ ကျောင်းသို့ ပြောင်းရွေ့ လိုပါက မိမိကျောင်းနှင့် မဆိုင်သော်လည်း ဘတ်ငွေ (၁၀၀၀)၊ မိမိကျောင်းမှ ကျောင်းသူ/ သား များ ကျောင်းပြောင်း လက်မှတ် ယူလျှင်လည်း ဘတ်ငွေ (၁၀၀၀) ကောက်ခံသည်။ ငွေကြေး မတတ်နိုင်သော မိဘများ အား သဲ (၁) စီး၊ ကျောက် (၁) စီး၊ အုတ် (၁) စီး၊ ဘီလပ်မြေ စသည်တို့ကို ကြိုက်နှစ်သက်ရာ လှူဒါန်းနိုင်သည်။ မပေးလျှင် မရဟု ပြောသည်။

ကျောင်းအပ်နှုန်းများမှာ အစိုးရမှ တရားဝင် ကျပ်ငွေဖြင့် သတ်မှတ် ထားသောလည်း ကျပ်ငွေဖြင့် ကျောင်းအပ်လျှင် လက်မခံ၊ ဘတ်ငွေဖြင့်သာ လက်ခံသည်။ ပညာရေးမှူးရုံးမှ ခိုင်းသည်ဟုဆိုသည် ကျောင်းအပ်နှုန်းများမှာ ပဉ္စမတန်း (၁၅၀) ဘတ်၊ ဆဋ္ဌမတန်း (၁၆၀) ဘတ်၊ သတ္တမတန်း (၁၇၀) ဘတ်၊ အဌမတန်း (၁၈၀) ဘတ်၊ န၀မတန်းကို (၁၉၀) ဘတ်၊ ဒဿမ တန်း (၂၀၀) ဘတ် ကောက်ခံသည်။

ကျောင်းသား မိဘများအနေဖြင့် ကျောင်းသူ/သား (ညီကိုမောင်နှမ) များပါက အခက်အခဲများနှင့် ကြုံတွေ့ နေရပါသည်။ ကျောင်းအုပ် ဆရာကြီး ဦးအေးသိန်းသည် ပင်စင်ယူရန် (၇) နှစ်သာ ကျန်သဖြင့် အုပ်လည်းအုပ်၊ လုပ်လည်း လုပ်ဟု ဆိုကာ အခြား အုပ်စုကျောင်းမှ ဆရာများအား ဘတ်ငွေ (၁၀၀၀) ကောက်ခံခိုင်း၍ ဆရာကြီးအား အပ်စေသည်။ သက်ဆိုင်ရာ လူကြီးများ အနေဖြင့် လာရောက် စစ်ဆေး ပေးပါရန် တောင်းခံ အပ်ပါသည်။

မှတ်ချက်….. လာရောက် စစ်ဆေးရာတွင် ဆရာ/မ များကို တဦးချင်းဆီ စစ်ဆေးပေး စေချင်ပါသည်။ ကျောင်းအုပ်ကြီးအား ကြောက်ရသောကြောင့် ဖြစ်ပါသည်။ ကျောင်းအုပ်ကြီး ရှေ့တွင် မပြောရဲသောကြောင့် ဖြစ်ပါသည်။

အခက်အခဲနှင့် ရင်ဆိုင်နေရသော ကျောင်းသား မိဘများ

source by : နေ့သစ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form