နော်ဝေ ၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်

နော်ဝေ ၀န်ကြီးချုပ်ဟောင်း Mr. Kjell Magon Bondevik နှင့် အဖွဲ့ဝင် လေးဦး လိုက်ပါသော အဖွဲ့သည် အမေ့အိမ် ပညာ ဒါနကျောင်း ( လှိုင်သာယာ) သို့ (၁၅.၅.၁၂ ) နေ့ မနက်( ၉ ) နာရီတွင် ရောက်ရှိလာပြီး ကျောင်း တာဝန်ရှိ သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် ကလေးများ ပညာသင်ကြားနေမူကို လေ့လာပြီး ဘောလုံး ၀ါသနာ ပါသော ၀န်ကြီးချုပ်သည် ကလေးများနှင့် Waka Waka သီချင်းကို ရင်းနှီးစွာ သီဆို ခဲ့ပြီးနောက် ကလေးများနှင့် အတူတကွ ပျော်ရွှင်စွာ ဘောလုံး ကစားခဲ့ ကြပါသည်။

နော်ဝေ ၀န်ကြီးချုပ်ဟောင်း၏ အမေ့အိမ် ခရီးစဉ်သည် ကျနော်တို့ ကလေးများ အတွက် စိတ်ဓါတ် ခွန်အားကို များစွာ ပေးစွမ်းနိုင်ခဲ့ပါသည်။

အမေ့အိမ် ပညာရေး ကော်မတီ
လှိုင်သာယာ

ပေးပို့သူ : ဦးငယ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form