“ေဇယ်တုပါ အေမစုရာ”

၁။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့ချွေး
ပန်းနှယ်ယမင်း
ရနံ့သင်းနေဆဲပါ အမေ။

၂။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့သွေး
ပြည်သူ့ရင်ထဲ စီးဆင်းနေဆဲပါ အမေ။

၃။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့ဘဝ
စစ်ဖိနပ်ဒဏ်ရာများ
စစ်ဘက်နက်ဒဏ်ရာများ
စစ်သေနတ်ဒဏ်ရာများ
ပြည်သူ့ချွေးတွေနဲ့ ဆေးကြော
ပြည်သူ့မျက်ရည်နဲ့ ယုယ
ပြည်သူ့သွေးတွေနဲ့ ကုသ
အမေ နေသာပါပြီလား အမေ။

၎။ ၂၀၁၂-ရဲ့ ဧပြီလ
ဧပြီညရဲ့ တန်ခူးလ
အဘိုးတွေလည်း ပျော်ကြ
အဘွားတွေလည်း ပျော်ကြ
အမျိုးသားတွေလည်း ပျော်ကြ
အမျိုးသမီးတွေလည်း ပျော်ကြ
လူငယ်တွေလည်း ပျော်ကြ
လူရွယ်တွေလည်း ပျော်ကြ
ကျောင်းသားတွေလည်း ပျော်ကြ
ကျောင်းသူတွေလည်း ပျော်ကြ
ကလေးတွေလည်း ပျော်ကြ
လူကြီးတွေလည်း ပျော်ကြ
စာသင်သားတွေလည်း ပျော်ကြ
စာချဆရာတွေလည်း ပျော်ကြ
ပြည်သူတွေလည်း ပျော်ကြ
သံဃာတွေလည်း ပျော်ကြ။

၅။ အသက်အရွယ် မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အဆင့်အတန်းတွေ မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အမျိုးအနွယ် မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
ဘာသာတရား မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အဲဒါဟာ “အမေစု”ဆိုတဲ့ ဟစ်ကြွေးသံပါပဲ။
NLD-နိုင်ပြီ။
အမေစု နိုင်ပြီ-တဲ့ အမေ။

၆။ သူတို့ပျော်မြူး သားကြည်နူး
သူတို့အက သားဘဝ
အပျော်တွေ ကူးစက်ခံရပေမယ့်
မျက်ရည်စက်တို့ ဝေ့ကာဝဲ။
အမေလည်း ဒီလိုနေမှာပဲနော်။

၇။ လေးဆယ်ကျော် နေရာအတွက် ဒီပျော်ပွဲ
မရေရာတဲ့ နေရာလေးတွေ အတွက်နဲ့တောင်
ပြည်သူတွေ ဒီလောက်တောင် ပျော်ကြရင်
အထွေထွေ ရွေးကောက်ပွဲကြီးမှာ
အမှတ်အသာနဲ့ နိုင်ခဲ့ရင်
နိုင်ငံတစ်ဝှမ်းလုံး ခြိမ့်ခြိမ့်သဲ
ပြည်သူတစ်ရပ်လုံး ပျော်ရွှင်ပွဲ
အားခဲလို့ နွှဲပုံများ
ရှုစားရမည့် ထိုအချိန်
အမေ့အတွက် သားဆုတောင်း
“ေဇယ်တုပါ အေမစုရာ”
“အောင်ပါစေဗျာ အောင်စေဗျာ”


ဦးပဉ္စင်းဝီရသူ



source by : http://www.naytthit.net

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form