မြန်မာ၊ အရှေ့တီမောနှင့် ပါပူအာနယူးဂီနီ တို့မှ အိမ်ဖော်ရရှိရေးအတွက် မလေးရှား၏ အားထုတ်မှုများ အပိုင်း (၁)

မလေးရှားနိုင်ငံရှိ နိုင်ငံခြားအိမ်ဖော်ရှာဖွေရေးအေဂျင်စီများအဖွဲ့ (Malaysian Association of Foreign Maid Agencies (PAPA)) က မလေးရှား သည် မြန်မာနိုင်ငံ၊ ပါပူအာနယူးဂီနီနိုင်ငံ နှင့် အရှေ့တီမော တို့မှ အမျိုးသမီးများကို အိမ်ဖော်အလုပ်သမအဖြစ် ခေါ်ယူရန် အစိုးရကို အဆိုပြုတောင်း ဆိုခဲ့သည်။ အဖွဲ့ ဥက္ကဋ္ဌ Alwi Bavutty ကထိုနိုင်ငံများမှ အိမ်ဖော်များရလျှင် မလေးရှားနိုင်ငံအနေနှင့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် ဖိလစ်ပိုင်များမှ အိမ်ဖော်ရရှိရေးအတွက် မှီခိုအားကိုးနေရမှုများ ရှိတော့မှာ မဟုတ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။


Najib and Thein Sein


Malaysia and East Timor

ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနကို အဆိုပြုလွှာတင်ဖို့ ပြုလုပ်နေပါတယ် - ဟု သူက ဘနားမားသတင်းစာ (Bernama) သို့ တနင်္လာနေ့ (09.04.2012) ကပြောကြားခဲ့သည်။

သူက လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး Datuk Dr S. Subramaniam ၏အင်ဒိုးနီးရှားအိမ်ဖော်ကိစ္စ နှင့်ပတ်သက်၍ မလေးရှား-အင်ဒိုးနီးရှားဆွေးနွေး အဖြေရှာနေခြင်းကို ကန့်ကွက်လိုက်သည်။ အင်ဒိုနီးရှားနိုင်ငံမှ တောင်းဆိုသော အိမ်ဖော်လစာတိုးရေးကိစ္စ၊ ဥပဒေကာကွယ်မှုနှင့် ပိတ်ရက်စသည့် အခွင့်အရေးများကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ညှိနှိုင်းဆွေးနွေးနေခြင်းကို Alwi ကကန့်ကွက်ခြင်းဖြစ်သည်။ ထိုဆွေးနွေးမှုမှာ ညှိနှိုင်းဆုံးဖြတ်၍ မရဘဲ အဆုံးသတ်ခဲ့သည်။

Alwi က မလေးရှားသည် အင်ဒိုနီးရှားမှ အိမ်ဖော်ပို့ခြင်း ပိတ်ထားသော်လည်း ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့မှ ခေါ်ရနိုင်သည် ဟုယခင်က ပြောခဲ့သည်။ ထိုသို့ဆောင်ရွက်ရန် စီစဉ်ခဲ့သူဖြစ်သည်။ မူဆလင်မဟုတ်သော အမျိုးသမီးများကို အိမ်ဖော်အဖြစ် ထိုနှစ်နိုင်ငံမှ မခေါ်ယူပါ ဟုသူကပြောခဲ့သည်။ အိမ်ဖော်တို့သည် တစ်လ မလေးရှားရင်းဂစ် ၅၀၀ အနည်းဆုံးရကြကြောင်း၊ သူတို့တော်လျှင် အိမ်ရှင်လစာတိုးပေးမှာ သေချာကြောင်း Bernama သို့ပြောခဲ့သည်။

အင်ဒိုနီးရှားသည် ၂၀၀၉ ဇွန်လတွင် အိမ်ဖော်ပို့မှုရပ်ခဲ့သည်။ ၂-နှစ်ကြာ ၂၀၁၁ မေလတွင် နှစ်နိုင်ငံဆွေးနွေးပြီး အိမ်ဖော်ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းခဲ့ကြသည်။ သို့သော် ထိရောက်သောဆုံးဖြတ်မှု မရရှိသေးဘဲ၊ ဆွေးနွေးဆဲ ဖြစ်ပြီး၊ ၂၀၁၂ မေလအကုန်တွင် အင်ဒိုနီးရှားအိမ်ဖော်များ မလေး ရှားသို့ရောက်လာဖွယ်ရှိသည်ဟူသော သတင်းသာရရှိပါသည်။

အရှေ့တီမော သံအမတ်ကြီး Juvencio Da Jesus Martins က မလေးရှားသို့အိမ်ဖော်ပို့ရေးအတွက် စီစဉ်ဆောင်ရွက် ရန်ကြိုးစားမည် ဖြစ်ကြောင်း သောကြာ နေ့ (20.01.2012) တွင်ပြောဆိုလိုက်သည်။

East Timor
မလေးရှားရှိ အိမ်ဖော်အေဂျင်စီများနှင့် အစိုးရပိုင်းက အရှေ့တီမောမှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် သူထံသို့တောင်းဆိုခဲ့ကြသည့်အတွက် ဤကိစ္စကို သမ္မတထံသို့တင်ပြအဆိုပြုမည်ဖြစ်ကြောင်း မကြာသေးမီကပြောခဲ့သည်။ သူ၏ အစိုးရက မီးစိမ်းပြသည်နှင့် အစွမ်းကုန်ကြိုးစားပေးမည် ဟု မလေးရှားကိုပြောပါသည်။ အရှေ့တီမောမှ အိမ်ဖော်များမလေးရှားသို့ပို့မည် အရေးမှာ ၂၀၀၅ ကတည်းက၊ မလေးရှားနိုင်ငံက ကမ်းလှမ်းခဲ့မှု ရှိခဲ့ပါသည်။

ထိုစဉ်က အရှေ့တီမောသံအမတ်၊ သမ္မတ (Jose Manuel Ramos-Horta) နှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး (Datuk Seri Syed Hamid Albar) တို့ဆွေးနွေးခဲ့ကြသည်။ အိမ်ဖော် ဦးရေ ၁၀ ၀၀၀ မလေးရှားသို့စေလွှတ်ရေးဖြစ်သည်။

ထို့ဆွေးနွေးမှုမှာ အကောင်အထည်မဖော်နိုင်ခဲ့ပါ။ မလေးရှားသည် မကြာမီက အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမောဒီးယားနှင့် ထိုင်းနိုင်ငံ တို့မှ အိမ်ဖော်စုစုပေါင်း ၃၂၀ ၀၀၀ ရရှိခဲ့သည်။ ထို့နောက်ဆက်လက်၍ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားမှ အိမ်ဖော်များကို ပိတ်ပင်ခဲ့ကြသည်။

ပေါ်တူဂီတို့၏ ကိုလိုနီအဖြစ်နှစ်ရာနှင့်ချီ၍ သိမ်းပိုက်ခြင်းခံခဲ့ရသော အရှေ့တီမောသည် ၂၀၀၂- ခုနှစ် မေလတွင် လွတ်လပ်ရေးရခဲ့သည်။ လူဦးရေ ၁.၂ သန်းရှိသာ အရှေ့တီမောတွင် ခရစ်ယာန်ဘာသာဝင် ၉၈%၊ နှင့် မူဆလင်၊ ဗုဒ္ဓဘာသာဝင်များ ပါဝင်ပါသည်။

“ကျနော်တို့ နိုင်ငံမှာ မလေးရှားကို အိမ်ဖော်အဖြစ် စေလွှတ်ဖို့ မူဆလင် အမျိုးသမီးတွေ ရှိပါတယ်။” ဟု အရှေ့တီမော အစိုးရပိုင်းမှ Martins က ပြောသည်။ အရှေ့တီမောသည် မလေးရှားနှင့် အလွန်မဝေးသော အကွာဝေး၌ ရှိနေခြင်း၊ ဘာသာစကား တူညီမှု (အရှေ့တီမောသည် အင်ဒိုနီးရှား ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်ကြသည်။)

ယခုလို မလေးရှားသို့ အိမ်ဖော်များ ပေးပို့ခြင်းအားဖြင့် အရှေ့တီမောသည် မလေးရှားနှင့် နှစ်နိုင်ငံကြား သံတမန်ရေးရာ ပိုအဆင်ပြေလာနိုင်ကြောင်း ပြောပါသည်။ အရှေ့တီမောအနေနှင့် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု အခက်အခဲကို မလေးရှားသို့အိမ်ဖော်များပို့ခြင်းဖြင့် ပြေလည်နိုင်မည် ဖြစ်သည့်အပြင် တိုင်းပြည်အတွက် လည်း ပြည်ပ၀င်ငွေ ရရှိလာနိုင်မည် ဟု အရှေ့တီမောက ဆိုသည်။

မလေးရှားနိုင်ငံ၏ ပြည်ပ အိမ်ဖော်ရှာဖွေရေးအေဂျင်စီ (PAPA) မှ ၀န်ကြီးချုပ် Najib Razak က အင်ဒိုနီးရှားနှင့် ညှိနှိုင်းဆွေးမှုများကို လွန်ခဲ့သော ၃- လကဆောင်ရွက်ခဲ့သည်။ အင်ဒိုနီးရှားမှ နောက်ထပ်အိမ်ဖော်များ ပို့မည်ဆိုလျှင် အလုပ်တစ်မျိုးတည်းကိုသာ လုပ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ က ဆွေးနွေးပါသည်။ (ကလေးထိန်းရမည်ဆိုလျှင် ကလေးထိန်းသည့်အလုပ်မှလွဲ၍ အိမ်အလုပ် မလုပ်၊ လူနာပြုစုရမည်ဆိုလျှင် လူနာကိုသာ ပြုစုမည်။ စသည့် One task Maid)။

သို့အတွက်ကြောင့် မလေးရှားနိုင်ငံသားများမှ လက်ခံနှစ်သက်ခြင်း မရှိသောကြောင့် အင်ဒိုနီးရှားမှ အိမ်ဖော်များ ပြန်လည်ရောက်လာရေးမှာ မသေချာသော်လည်း၊ မေလအကုန်တွင် အင်ဒိုနီးရှား အိမ်ဖော်များ ရောက်လာနိုင်ကြောင်း သာသတင်းထွက်ပေါ်လျက်ရှိသည်။

မလေးရှားသည် မြန်မာပြည်မှ အိမ်ဖော်ခေါ်ယူရရှိရေးအတွက် အပြင်းအထန်ကြိုးစားနေပါသည်။


Najib and Thein Sein1

မလေးရှားနိုင်ငံသည် မကြာသေးမီက နိုင်ငံအတွင်းရှိ တရားမ၀င်အလုပ်သမားများ လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့သည်။

မလေးရှားဝန်ကြီးနာဂျစ်က တရား မ၀င်မြန်မာနိုင်ငံသား စုစုပေါင်း ၂၅၀ ၀၀၀ သည် 6P အစီအစဉ်တွင် တရားဝင်မှတ်ပုံတင်ပြီးဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ဦးသိန်းစိန်နှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။ နာဂျစ်သည် မြန်မာနိုင်ငံသို့ ၂-ရက်ကြာသွားရောက်ခဲ့ရာ မနေ့က (29.03.2012) သူ၏ခရီးစဉ်အပြီး မလေးရှားသို့ပြန်ရောက်သည်နှင့်၊ ယင်း သည်မြန်မာပြည်မှ အိမ်ဖော်အလုပ်သမရရှိရေးအတွက် နောက်ထပ်ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားတို့သည် ယဉ်ကျေးသိမ်မွေ့ကြောင်း ပြောဆိုလိုက်ပါသည်။ (မတ်လ - ၃၀- ၂၀၁၂ ၊ သောကြာနေ့)

မလေးရှားနိုင်ငံ 6P အစီအစဉ်တွင်လက်ဗွေနှိပ်ထားသော မလေးရှားရှိမြန်မာနိုင်ငံသူများ အိမ်ဖော်ပါပစ်အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သတ်၍ လည်းဆွေးနွေးရဦးမည်ဟု နာဂျစ်က ပြောသည်။


Najib and Thein Sein

မလေးရှားရောက်ကျွန်ုပ်တို့၏ မြန်မာအမျိုးသမီးများမှာ မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏သဘောနှင့် အကြောင်းများကို၊ နောကျေအောင်သိနေပြီးသားဖြစ်ကြသောကြောင့် ဤသို့သောကမ်းလှမ်းမှု (သို့မဟုတ်) အခွင့်အလမ်းမျိုးဖြစ်ပေါ်လာပါက ငြင်းဆန်ကြပါရန်နှင့် မိမိနှင့် နီးရာဝန်းကျင်မှ သူများကိုလည်း တတ်နိုင်သမျှ အကြံပြုကြပါရန်။

မြန်မာနိုင်ငံအစိုးရက ဤကိစ္စနှင့်ပတ်သက်၍ လက်ခံပြီး၊ တောင်းဆိုမည့်အချက်အလက်များ တင်ပြလာသည်နှင့် အမြန်ဆုံးအကောင်ထည်ဖော်ပါ မည် ဟု သူကဆက်ပြောသည်။

Myanmar

မူဆလင်မဟုတ်သော သူများကို မူဆလင်အိမ်များတွင် အိမ်ဖော်မလုပ်စေသော မလေးရှား၊ မိမိတို့သည်မူဆလင်လူမျိုးဖြစ်၍ မူဆလင်အိမ်ဖော်သာ ထားမည်ဟူသော မလေးလူမျိုး၊ မည်သည့်လူမျိုးဖြစ်စေ ခိုင်းရရင် ပြီးရောဆိုသည့် မလေးတရုတ်၊ နှင့် မလေးအိန္ဒိယ တို့သည် ယခုအခါ မြန်မာပြည်မှ အိမ်ဖော်များရောက်လာတော့မည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအိမ်ဖော်ဆိုလျှင် ယခုအခါ အလုပ်တစ်မျိုးသာခိုင်းရ၍ မခေါ်လိုတော့ကြောင်း၊ မြန်မာများသည် အလုပ်လုပ်ကြသောကြောင့် သူတို့ကြိုက် ကြကြောင်း၊ မြန်မာမလေးများ သည် ယဉ်ကျေးသိမ်မွေ့ကြကြောင်း စသည်ဖြင့် ပြောဆိုနေကြသည်ကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်ကြားနေရပါသည်။

ကျွန်ုပ်ကတော့မျှော်မနေနဲ့မလေးရှားရေ…….. ယခုအချိန်ပြောလိုသော်လည်း၊ ….မမျှော်နဲ့တော့ မလေးရှားရေ…. မရတော့ပါဘူး ဟူ၍သာ ပြောနိုင်အောင် ကြိုးစားမည်ဟု အားခဲထားရပါသည်။

လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး Datuk S Subramaniam ကမြန်မာပြည်မှ အိမ်ဖော်အလုပ်သမများ ရရှိခဲ့မည်ဆိုလျှင်လည်း၊ ယင်းတို့အတွက် လုံခြုံရေး၊ အိမ်ဖော်အလုပ်သမ ဥပဒေ၊ အခြားသော လိုအပ်ချက်များ၊ ယခင်ဖြစ်ပေါ်ခဲ့သော အိမ်ဖော်အမှုများ၏ အကြောင်းအရင်းကို မရှာဖွေသည့် နောက်ထပ်မဖြစ်အောင် ဥပဒေအကာအကွယ်များ မပြုလုပ်ဘဲ၊ မလေးရှားဝန်ကြီးချုပ်သည် ယခုကဲ့သို့ သုံးနိုင်ငံမှ အိမ်ဖော်များရရေး ကြိုးပမ်း နေသည်မှာ မဖြစ်သင့်သော့ ကိစ္စသာဖြစ်ကြောင်း Subramaniam ကပြောပါသည်။


S. Subramaniam

ထို့ပြင်မြန်မာနိုင်ငံသားတို့သည် တိုင်းပြည်တွင်းအခြေအနေ ကြောင့် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာကြသော်လည်း၊ သူနိုင်ငံသူများမှာ အိမ်ဖော်အနေနှင့် မည်သည့်နိုင်ငံသို့မှ မသွားရောက်ကြကြောင်း၊ အစိုးရကခွင့်ပြုသည် ဆိုစေကာမူ ရရှိရန်မလွယ်ကူကြောင်းကို S Subramaniam ကပြောကြားသည်ကို Asia One News တွင်ဖော်ပြပါသည်။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://muslimahmaid.com/2012/04/09/get-maids-from-papua-new-guinea-myanmar-and-timor-leste/
http://muslimahmaid.com/2012/04/09/timor-leste-wants-to-send-maids-to-malaysia/
http://www.asiaone.com/News/

မောင်ပါလ

ကျနော်ရေလိုစီးဆင်းခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကျနော်ကြည်လင်စွာ စီးဆင်းခဲ့ပါသည်။ သိုသော်..........ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက်များလည်း ပါလာနိုင်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form