မလေးရှားအလုပ်ရှင် (အိမ်ရှင်) လင်မယား၊ ကမ္ဘောဒီးယား အိမ်ဖော် မိန်းခလေးကို သတ်မှုဖြင့် တရားစွဲခံနေရ

ဧပြီလ ၁၃ - ရက်နေ့ (၂၀၁၂)- (AFP)- မလေးရှားနိုင်ငံသား အိမ်ရှင်လင်မယားသည် ယင်းတို့၏ အိမ်ဖော်မိန်းခလေးကို သတ်မှုဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရပါသည်။ မှုခင်းရဲများ၏ ယူဆချက်အရ အသက်- ၂၄ နှစ်အရွယ်ရှိအိမ်ဖော်မိန်းခလေး Mey Sichen သည် ရက်ပေါင်းများစွာ အစာပြတ်လတ်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်းပြောဆိုခဲ့သည်။

ယခုဖြစ်ပွားခဲ့သော လာမည့်စက်တင်ဘာတွင် အသက်- ၂၄ နှစ်ပြည့်မည့် ကမ္ဖောဒီးယားနိုင်ငံသူ Mey Chian ကိုမလေးရှား အလုပ်ရှင် (အိမ်ရှင်) မှသတ်မှုသည်၊ မလေးရှားသို့ ကမ္ဖောဒီးယားနှင့် အင်ဒိုနီးရှားမှ အိမ်ဖော်အလုပ်သမ ပေးပို့ခြင်းကို ရပ်ဆိုင်းရသည့် အမှုအကြောင်းအရင်း များစွာထဲ မှ တစ်ခုဖြစ်သည်ဟု AFP ကပြောဆိုသည်။

ကုန်မာဆိုင်ပိုင်ရှင် Soh Chew Tong (အသက်- ၄၃ နှစ်) နှင့် သူ၏ဇနီး Chin Chui Ling (အသက်- ၄၀) တို့သည် ပီနန် (Penang) မြောက်ပိုင်း ခရိုင်တရားရုံးတွင် ယင်းတို့၏ အိမ်ဖော်အား ဇန်န၀ါရီ ၁- ရက် (၂၀၁၂) မှ ဧပြီ ၁- ရက်ကြား ကာလရှည်ကြာစွာ အစာဖြတ်ပီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့၍ တရားစွဲဆိုခြင်းဖြစ်သည်ဟု အစိုးရရှေ့နေ Nurdeenie Abdul Rashid ကပြောသည်။ ဤအမှုသည် လုပ်ရိုးလုပ်စဉ်အထောက်အထား များပြည့်စုံပြီးဖြစ်သည့်အပြင်၊ ၀န်ခံပြီးပါကပြစ်မှုဆိုင်ရာ ဥပဒေ-၃၀၂ အရ သေဒဏ် (ကြိုးမိန့်) ကျခံရနိုင်ကြောင်း Nurdeeni (DPP) ကဆက်ပြော ပါသည်။ ယခုအခါ မှုခင်းဆေးဆရာဝန် စစ်ဆေးမှုရလဒ်ကို စောင့်နေသည်ဟု Nurdeenie (DPP) ကပြောသည်။



အမှုဖြစ်ပွားသည့်နေရာမှာ 2190 Taman Asas Murni, Jalan Bukit Minyak, Bukit Mertajam, Penang ရှိ ကုန်မာဆိုင်ခန်းနှင့်တွဲထားသော ၃-ထပ်အဆောက်အုံတွင်ဖြစ်သည်။ တရားရုံးတွင် တရုတ်စကားပြန်မှ စွဲဆိုထားသော အမှုကို ဘာသာပြန်ပေးရာ လင်မယားနှစ်ဦးလုံး တည်ငြိမ်စွာရှိနေပြီး၊ စောဒကတက်ခြင်းမရှိ ကြောင်း၊ အသနားခံခြင်းမရှိကြောင်း The Star (Saturday 14, 2012) ကဆိုသည်။ လူသတ်မှုဖြစ်၍ အာမခံရနိုင်ခြင်းမရှိသည့်အတွက် တရားရုံးပြီး သည်နှင့် ပီနန် အချုပ်ထောင်တွင် ယင်းတို့ကို (၁၃ ဧပြီ ၂၀၁၂ မှစ၍) ချုပ်နှောင်ထားသည်။ ယင်းတို့အတွက် ကိုယ်စားပြုသည့်ရှေ့နေမှာ Michael K.L. Chee ဖြစ်သည်။

နောက်တစ်ကြိမ် တရားရုံးရက်ချိန်းမှာ ဇွန်လ ၇- ရက်နေ့ ၂၀၁၂ ဟု တရားသူကြီး Chang Kian Hong ကသတ်မှတ်ခဲ့သည်။

မတ်လ ၃၁-ရက်နေ့တွင် အိမ်ရှင်လင်မယားက သူတို့၏ အိမ်ဖော်ကျန်းမာရေးမကောင်း ဆိုကာ ကျန်းမာရေးလုပ်သားများကို ခေါ်ခဲ့သည်။ သူတို့ရောက်ချိန်တွင် Mey Chian မှာသေဆုံးနေပြီးဖြစ်ပါသည်။ တွေ့ရှိချိန်တွင် သူမသည် ကိုယ်အလေးချိန် ၂၆- ကီလို (၅၇- ပေါင်) သာ ရှိသည်။ သူမကိုယ်အနှံ့ ကုတ်ခြစ်ရာ၊ ဒဏ်ရာများစွာတွေ့ရသည်။ (ABC News, MSN Malaysia News).

Mey Chian ကို တရားခံပိုင်ဆိုင်သော အဆောက်အအုံအတွင်းရှိ ကုန်ပစ္စည်းများထားသော စတိုခန်း (ဒုတိယထပ်) တွင်သေဆုံးရှိသည်ကို တွေ့ခဲ့ရသည်။ (Bernama သတင်းစာ)

ရဲဘက်မှပြောသည်မှာ Mey Chian သည် အချိန်ကာလကြာရှည်စွာ အစာမစားရသောကြောင့်၊ အစာအိမ်ပြင်းထန်စွာရောင်ခြင်းနှင့် အစာအိမ်တွင် အနာများဖြစ်၍ သေဆုံးခြင်းဖြစ်နိုင်သည်ဟု ပြောခဲ့သည်။ Mey Chian သည် သူ၏မိသားစုစားဝတ်နေရေးအတွက် မလေးရှားတွင် အိမ်ဖော် အလုပ်ကိုလုပ်ကိုင်နေခဲ့သည်မှာ ၈-လ မျှသာရှိသေးသည်။ (၂၀၁၁- စက်တင်ဘာမှ စ၍)

၂၀၁၁- အောက်တိုဘာတွင် ကမ္ဖောဒီးယားနိုင်ငံသည် မလေးရှားသို့အိမ်ဖော် အလုပ်သမပေးပို့ခြင်းကိုယာယီရပ်ဆိုင်းခဲ့သည်။ ဤကဲ့သို့သော အမှုများစွာ ယခင်ကလည်း ဖြစ်ပေါ်ခဲ့၍ ဖြစ်ပါသည်။ ယင်းနောက် အံ့သြစရာကောင်းလောက်အောင်၊ မလေးရှားအိမ်ရှင်တို့၏ အိမ်ဖော်တို့အပေါ် ဆိုးဝါးရက်စက်မှုများ၊ အလုပ်ဝန်ပိစေမှုများ၊ လိင်အကြမ်းဖက်မှုနှင့် မုဒိန်းကျင့်မှုများ၊ စသည့်အမှုများစွာတို့သည် ကမ္ဖောဒီးယားအပါအ၀င် အခြားနိုင်ငံမှ အိမ်ဖော်များကိုလည်းကျူးလွန်ကြကြောင်း ပေါ်ထွက်သိရှိလာခဲ့ရသည်။ မလေးရှားတွင် လုပ်ကိုင်နေသော ကမ္ဖောဒီးယားနိုင်ငံသူ အိမ်ဖော်နှင့် အိမ်အကူအလုပ်သမ ၅၀,၀၀၀ ကျော်ရှိပါသည်။

ထို့သို့အမှုများစွာရှိခဲ့၍ အင်ဒိုနီးရှားနိုင်ငံသည်လည်း မလေးရှားသို့အိမ်ဖော်အလုပ်သမ ပေးပို့ခြင်းကို ၂၀၀၉ ခုနှစ်တွင်ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှ စ၍ မလေးရှားသည် ကမ္ဖောဒီးယားမှအိမ်ဖော်အလုပ်သမ ပိုမိုတောင်းဆိုခဲ့သည်။

ယခုအခါ မလေးရှားအစိုးရပိုင်းဆိုင်ရာတို့သည် အင်ဒိုနီးရှားအစိုးရနှင့်လည်း အိမ်ဖော်အလုပ်သမပြန်လည်ရရှိရေးအတွက် ကြိုးပမ်းလျက်ရှိကြသည်။ မလေးရှိ အင်ဒိုနီးရှားသံရုံးမှ အရာရှိတစ်ဦးကပြောသည်မှာ မလေးရှားသည် အိမ်ဖော်အလုပ်သမများကို ယခင်ကထက် ထိထိရောက်ရောက် အကာအကွယ်ပေးပြီး၊ ပိတ်ရက်များ (တစ်ပတ်- ၁-ရက်)၊ ဥပဒေများပြဌာန်းပေးမည်ဟုဆိုကာ အင်ဒိုနီးရှားအစိုးရကို ကမ်းလှမ်းခဲ့ကြောင်း ပြောကြားသည်။

Ref: သတင်းစာများ

Friend Ever (နွားကျောင်းသား)

မောင်ပါလ

ကျနော်ရေလိုစီးဆင်းခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကျနော်ကြည်လင်စွာ စီးဆင်းခဲ့ပါသည်။ သိုသော်..........ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက်များလည်း ပါလာနိုင်ပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form