နာမည်ကြီး အနုပညာရှင်တွေ ပြင်ဦးလွင်မှာ NLD အတွက် မဲဆွယ် (ရုပ်/သံ)




ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နာမည်ကြီး အနုပညာရှင်တွေ စုပေါင်းပြီး သူတို့ရဲ့ အနုပညာနဲ့ ပြင်ဦးလွင်မြို့နယ်က ပြည်သူလူထုကို ဖျော်ဖြေရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွက် မဲဆွယ် စည်းရုံးရေး ပြုလုပ်သွားခဲ့ပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးကျော်သီဟကို ဒေသခံတွေ မဲထည့်ပေးကြဖို့ သူတို့က တိုက်တွန်းခဲ့ကြပါတယ်။

ပရိတ်သတ် ၂၀၀၀၀ သောင်းကျော် တက်ရောက်လာတဲ ဒီပွဲမှာ ဒါရိုက်တာဝိုင်း၊ လူမင်း၊ ဝေဠုကျော်၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့ ရိုက်ကူးထုတ်လွှင့်ထားတဲ့ ဒီလိုလေးခြစ်တက်ရင်ရပြီ ဆိုတဲ့ ပြဇတ်ကို ခင်းကျင်းပြသခဲ့သလို ဆောင်းဦးလှိုင်၊ မာရဇ္ဇ၊ အာဇာနည်၊ အနဂ္ဂ၊ လင်းလင်း၊ သံသာဝင်း၊ ကဗျာဘွဲ့မှူး စတဲ့နာမည်ကြီးအဆိုတော်တွေကလည်း သူတို့ရဲ့သံစဉ်တွေနဲ့ သီဆိုဖျော်ဖြေ သွားခဲ့ ကြတာပါ။

source by : http://www.youtube.com/user/BurmaVJMedia

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form