၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ (ရုပ်/သံ)



၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ လုံထိန်းတွေရဲ့ လက်ချက်နဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့အပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ် အာရ်အိုင်တီကို ချီတက် ဆန္ဒပြစဉ် ပြည်လမ်း တံတားဖြူမှတ်တိုင်မှာ လုံထိန်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းခဲ့မှုတွေကြောင့် တံတားဖြူကနေ သွေးနီစွန်းထင်းပြီး တံတားနီအရေးအခင်းအဖြစ် အမှတ်ရစရာ သမိုင်းဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ အခုဆိုရင် ၂၄ နှစ်မြောက် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ ၂၄ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ မင်္ဂလာဒို့ရိုးရာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီဝင်တွေ အပါအဝင် ပရိသတ် အယောက် ၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form