အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်

DASSK in Kalaw

ကလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ဟဲဟိုး၊ ကလောနဲ့ အောင်ပန်းမြို့များကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မှ လေကြောင်းခရီးနဲ့ ဟဲဟိုးမြို့ကို ထွက်ခွာခဲ့ပြီး ဟဲဟိုးမှတဆင့် ကလော၊ အောင်ပန်းမြို့များသို့ မော်တော်ယာဉ်များနဲ့ ခရီးဆက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းပြည်နယ်နေ တိုင်းရင်းသားပြည်သူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြကြောင်း၊ ဟဲဟိုးမှ ကလော၊ အောင်ပန်းသို့ သွားရောက်ရာ လမ်းတလျောက် လမ်းဘေး ၀ဲယာ တဘက်တချက်တွင် ပြည်သူများက စိတ်လှုပ်ရှားစွာ စောင့်ကြိုခဲ့ကြကြောင်း သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးထွက်ရာ လမ်းတလျောက်တွင် လူထု တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ရာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း၊ တိုင်းရင်းသား ဒေသများက ၀င်ရောက် ယှဉ်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို မဲပေးစေလိုကြောင်း၊ တပ်မတော်သားများအနေနဲ့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ မေတ္တာရပ်ခံကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

DASSK in Kalaw

ရှမ်းရိုးရာတီးဝိုင်းနဲ့ အက

DASSK in Kalaw

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ရှမ်းပျိုဖြူများ

DASSK in Kalaw

ကလောမြို့ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်

DASSK in Kalaw

ရှမ်းပြည်သူလူထု

DASSK in Kalaw

ရှမ်း ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားစဉ်


source by : http://www.burmatoday.net

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form