The Voice Weekly ၏ CEO ဒေါက်တာနေ၀င်းမောင် (ခ) အောင်ထွဋ် ကွယ်လွန်

ဒုတိယ ဗိုလ်မှုကြီး သန်းမောင် (ငြိမ်း)နှင့် ဒေါ်ယဉ်ယဉ် တို့၏ သားဖြစ်သူ The Voice Weekly ၏ CEO နှင့် Myanmar Egress ၏ အထွေထွေ အတွင်းရေးမှုး ဒေါက်တာ နေ၀င်းမောင်သည် ဇန်န၀ါရီလ (၁)ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် နှလုံး ရောဂါဖြင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ရုတ်တရက် ကွယ်လွန် သွားကြောင်း သတင်း ရရှိပါသည်။

"ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေပါ။ အခု အချိန်မှာ အမြင်တွေ အကုန်လုံး မတူကြပေမယ့် ကျွန်တော့် အတွက် သူငယ်ချင်းကောင်း တစ်ယောက် တိုင်းပြည် အတွက် လူတော် တစ်ယောက် ဆုံးရှုံး သွားတာပါ။" ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်မှ ပြောကြား ခဲ့ပါသည်။

ဒေါက်တာ နေ၀င်းမောင်သည် ၁၉၆၂ ခုနှစ် ဇွန်လ ၃၀ ရက်တွင် မွေးဖွားသူ ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၅၀)နှစ် ရှိပြီ ဖြစ်ကာ ဇနီးနှင့် သမီးလေးဦး ကျန်ရစ်ကြောင်း သိရပါသည်။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form