စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အကြိုပွဲ(ရုပ်/သံ)



စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အကြိုပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ဇန်နဝါရီလ (၁၈) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဆရာကြီးဟာ ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းမှာ မြိုင်သဇင် ကလောင် အမည်နဲ့ မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ ပြီး နောက်ပိုင်းမှာ ဒဂုန်တာရာ အမည်ကို ခံယူခဲ့ပါတယ်။

ဆရာကြီးဟာ ကလောင်အမည် အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး စတဲ့ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

လာမည့် မေလ (၁၀) ရက်နေ့ဟာ ဆရာကြီးဒဂုံတာရာရဲ့ အသက် (၉၃)နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။


source by : http://www.youtube.com/user/BurmaVJMedia


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form