ဗုံးခွဲတဲ့ တရားခံကို မိပြီလို့ သတင်း ရပါတယ်

ဗုံးခွဲတဲ့ တရားခံကို မိပြီလို့ သတင်း ရပါတယ်။ ရဲသတင်း အထူး တပ်ဖွဲ့ရဲ့ အဆိုအရ ဗုံးခွဲသူ တရားခံဟာ အမျိုးသမီး တဦး ဖြစ်ပြီး အဆိုပါ အမျိုးသမီးဟာ ပဲခူးမြို့ကို ထွက်ခွာမဲ့ မော်တော်ယာဉ်ကို စီးနင်းဖို့ ဆောင့်ဆိုင်း နေစဉ် ဖမ်းဆီး ခံရတာလို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီး ထံမှ ထိုင်းဘတ်ငွေ အမြောက်အများ အပါအဝင် အမေရိကန်ဒေါ်လာ (၃၀၀၀) ကျော်လဲ သိမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။

ထူးဆန်းတာက အဆိုပါ အမျိုးသမီးဟာ နိုင်ငံသား စီစစ်ရေး ကဒ် ကိုင်ဆောင်ထားခြင်း မရှိဘဲ အဆိုပါ အမျိုးသမီးထံမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ စည်းရုံးရေးမှူး တာဝန်ခံ ကပ်ပြားတခုသာ သိမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲသတင်း အထူး တပ်ဖွဲ့ အနေနဲ့ အဖြစ်မှန်ကို ပြည်သူများ အမြန်ဆုံး သိရှိနိုင်ဖို့ ဆက်လက် စုံစမ်း သွားမယ်လို့ သိရပါတယ်။

Co2zeиith

ကျနော့ နာမည်က ထွဋ်ကိုကို ၁၄ ၀၈ ၁၀၈၂ စနေနေ့ မနက် ၉ နာရီမှာ လူ့ဘဝ ကို မိတ်ဆက် တ၇် ကျနော်က သာမန်အညတြ လူသား တစ်ယောက်ပါ၊၊ အမျိုးသားရေး အတွက် တိုက်ပွဲဝင်နေသော စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေကြသော မည်သည့်အဖွဲ့အစည်းမဆို မည်သည် လူပုဂ္ဂိုလ်မဆို အားလုံးဘက်မှ ကျနော် အမြဲတမ်း ရပ်တည်ပါသည်။ ကျနော့် အကြောင်းက ရင်းနှီးနှီး ပေါင်းကြည့်ရင် သိလာမှာပါ၊၊ ကျနော် ခံယူနားလည် ထားတာက ဒုက္ခဆိုတာ spring နဲ့ တူတယ်၊၊ ကိုယ်ကမာရင် သူကပျော့ သွားလိမ့်မယ် ဒါပေမဲ့ ကိုယ့်မှာ လုံလောက်တဲ့ အင်အားရှိမနေရင်တော့ သူက ပိုပြီးမာနေလိမ့်မယ်၊၊ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုပေမဲ့ သင်ဆိုးလျှင် ကျွန်ုပ် သင့်ထက် ပိုဆိုးတတ်ပါသီ ဆိုဒဲ့ လမ်းမျိုးပဲ ရွေးတတ်တရ်၊၊

1 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form