ဇေကမ္ဘာ ခင်ရွှေ ထပ်ပြီး မတရား လုပ်နေပြန်ပြီ

၂ . ၁၂ . ၂၀၁၁ နဲ့ ၃ . ၁၂ . ၂၀၁၁ မှာ မတရားလုပ်

၎ ရက် ၅ ရက် နေ့က လယ်သမားတွေ အုပ်စုဖွဲ့ပြီး ပြန်ခံချဖို့ လုပ်နေပါတယ်

ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ၊ ရွှေနံ့သာ ကျေးရွာ ဗားလားချောင်းကနေ လယ်ကွင်းထဲ ရေသွယ် ထားတဲ့ ရေမြောင်းတွေ စုစုပေါင်း (၉) မြောင်း ကို ( ၂.၁၂.၂၀၁၁) နဲ့ ( ၃.၁၂.၂၀၁၁ ) နှစ်ရက် ဆက်တိုက် ဘူဒိုဇာ မြေတူး စက်ကြီးနဲ့ ( ခွန်စိုက် အားစိုက် ) မြေဖို့ ပိတ်ပစ် လိုက်တယ်ဗျို့ -- ရွှေနံ့သာ ကျေးရွာက လယ်မြေဧက ၇၀၀ ကျော် ရေမရလို့ နွေစပါးစိုက်လို့ မရတော့ဘူးဗျို့ တောင်သူ ၇၁ ဦး မိသားစု ၉၀ ကျော် လူဦးရေ ၈၀၀ ကျော်ရဲ့ ထမင်းအိုး ကွဲတော့မယ်ဗျ - - - နွေစပါး စိုက်ရက်က အခုကိုဘဲ စတင် ရောက်ရှိနေပြီ - - -
ပထမတန်း ဖတ်စာ - စာအုပ်ထဲက ခွန်အားကြီးသော လယ်သမားများ စုပေါင်း ထွန်ယက်ကြသည် အစား စုပေါင်း တော်လှန် ကြပြီလို့ ပြောင်းရ မလားဗျို့

ရပ်ကွက် အာဏာပိုင်တွေ ထွက်လာပြီး တင်းတင်း မာမာ တားနေလို့ - စာတင်ပြီးမှ ဖြိုပါတဲ့ဗျ ဦးခင်ရွှေ တပည့်တွေ ပိတ်တော့ စာတင်ပြီးမှ ပိတ်ပါလို့ မတားဘူး ဆရာရေ့ အဲဒီ တူးမြောင်း ၉ မြောင်းကို ဆည်မြောင်းက လွန်ခဲ့ ၁၆ နှစ်ကတည်းက
လယ်ရေသွင်းဖို့ တူးပေးထားတာပါ။

စုပေါင်းပြီး - ပေါက်တူးတွေ ကိုယ်စီနဲ့ အဲဒီ တူးမြောင်းကို ပြန်တူး ဖြိုဖို့ သွားကြတဲ့ ဓါတ်ပုံတွေပါ။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form