ကမ္ဘာ့နေရာအသီးသီးမှ အသံများ

(13th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

သင့်တွင် face book accountရှိပါက တောင်းဆိုသူများ၏ အမည်များကိုနှိပ်လိုက်လျှင် သက်ဆိုင်ရာ အမည်ပိုင်ရှင်၏ account သို့ အလည်အရောက်သွားနိုင်ပါသည်။ ရည်ရွယ်ချက်တူညီသူအချင်းချင်း မိတ်ဆွေဖြစ်ခြင်းသည် အင်အားတိုးခြင်းပင်ဖြစ်ပါသည်။

Min Naing
‎"""ကိုမင်းကိုနိုင်နှင့်တကွ အားလုံးသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးသည် တိုင်းသူပြည်သားအားလုံး ပဓာနကျသောတာဝန်ဖြစ်သည်။""" ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ် က တိုင်းပြည်လွတ်လပ်ရေး အတွက် ဦးဆောင်ခဲ့ သလို စစ်အာဏာရှင် လက်အောက်မှ ပြည်သူတွေ လွတ်မြောက်ရေးအတွက် အရှင် ဂန္ဘီရ-ကိုမင်းကိုနိုင် နှင့် ဦးခွန်ထွန်း တို့  ၃ ယောက်ကို ချက်ခြင်းလွှတ်ပေးပါ။။။ ပါတီဝင် ၁၀သန်းထက် သူတို့ ၃ ယောက် ပိုအရေးကြီးသည်ဟု မြင်သည်။

Foe Zan
ကိုမင်းကိုနိုင် နှင့်နိုင်ငံရေးအကျဉ်းသား အားလုံးချက်ချင်းလွှတ်...

Win Cho
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး နဲ့ပတ်သက်လို့..ဦးရွှေမန်း ပြောကြားချက်အား ဦးဝင်းချိုမှ လမ်းညွန်ချက်တောင်းဆိုချက်
by Zegyo Mandalay on Monday, 12 December 2011 at 07:49

Win Cho

(၇၄) ဖွဲ့ စည်းပုံကို (၈၉)မှာ ပါတီစုံ စံနစ်ကျင့် သုံးရင် မကိုက်ညီ တဲ့ အတွက် ပယ်ဖျက်လိုက်တယ်။ (၂၀၀၈)ကျမှ ဖွဲ့ စည်းပုံအသစ် အတည်ပြု ၊ပြဌာန်းတယ်။အသက်မ၀င်သေးဘူး။အဲဒီအချိန် အတောအတွင်းမှာ စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်ခဲ့ တယ်။ စစ်အုပ်ချုပ်ရေး ဆိုတာ“ ရန်သူ” နဲ့  ကိုယ့် ဘက်သား နှစ်မျိုးဘဲရှိတာကိုး။အဲဒီအချိန်အတွင်းက စစ်အုပ်ချုပ်ရေးကို ဆန့် ကျင်ခဲ့ သူတွေ (ဘယ်လိုနည်းနဲ့ ဘဲဆန့် ကျင်သည်ဖြစ်စေ၊)ရန်သူလို့ သတ်မှတ်ခံရတဲ့ သူတွေကို ဆိုလိုပါတယ်ခင်ဗျား။ဘာကြောင့် လည်းဆိုတော့  အခုလက်ရှိအစိုးရ ကလျှောက်လှမ်းမယ် လို့ ကြေငြာတဲ့ ဒီမိုကရေစီ နည်းလမ်းကို(သူတို့ လည်း)သွားချင်တဲ့ သူချင်းအတူတူမို့ ပါ။ စစ်အုပ်ချုပ်ရေးကိုဆန့် ကျင်တာပါ။ တပ်မတော် ကိုဆန့် ကျင်တာ မဟုတ်သလို လက်ရှိအချိန် နိုင်ငံ တိုးတက်ဖွံ့ ဖြိုးရေး ဆောင်ရွက် ရမယ့် အချိန်မှာ သူတို့ ဟာ ဟိုးလွန်ခဲ့ တဲ့ အချိန် ကတည်းက နိုင်ငံတိုးတက် စေချင်တဲ့ သူတွေ ဖြစ်တယ် ဆိုတာ ထင်ရှားနေလို့ ပါ ဥက္ကဌကြီး ခင်ဗျား။ ကျနော်တို့ လောက် စိတ်မရှည်လို့  ၊အချိန်မစောင့် နိုင်လို့ ၊ကျနော်တို့ ထက်ပိုပြီး ခံစားချက်ပြင်းထန်လို့  သာ သူတို့ ဟာ မတန်တဆ အပြစ်ဒဏ်ကို ခံနေရခြင်းဖြစ်ပါတယ် ခင်ဗျား။ သူတို့ ကို လွှတ်ပေးနိုင်ဘို့ အတွက်(လွှတ်ပေးမယ် ဆိုရင်)
ကျနော်တို့ ပြည်သူများဘက် က ၀ိုင်းဝန်း ပူးပေါင်း ကူညီနိုင်တဲ့ အကြောင်းအရာများ ရှိရင်လည်း လမ်းညွှန်ပေးစေလိုပါတယ် ဥက္ကဌကြီး ခင်ဗျား။

Kyaw Gyi သိန်းစိန် နဲ.စစ်အစိုးရသိရန် ကြေညာချက်တစ်ခုထုတ်ပြန်လိုက်သည်.ငရဲ၊တိစ္ဆာန်၊ပြိတာ၊အသုရကယ်.အပယ်လေးဘုံ ရှိပါသည်..နောက်ထပ် အပယ်တစ်ဘုံ တိုးလာပါသည်..ထိုတစ်ဘုံရဲ.နာမည်ကတော.."သိန်းစိန်နဲစစ်အစိုးရအတွက် သီးသန်.ငရဲ"လို.အမည်ရပါတယ်..အပယ်ငါးပုံဖြစ်သွားပါတယ်...ထိုငရဲသည်..ဘယ်တော.မှကျွတ်မည်မဟုတ်ပါ.....ပုံထဲက အတိုင်းခံရတော....မယ် .....သနားပါတယ်...ကွယ်.. အဲဒီ အပြစ်က တော..ရဟန်း သံဃာ သတ်တယ် ထောင်ထဲထည်.တဲ. အကျိုး ကျေးဇူးပါ...အဲဒီ ငရဲကို မရောက်ခင် ရဟန်း သံဃာ၊ ကိုမင်းကိုနိုင်နှင်. အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးပါ.....သိန်းစိန်..


Ko Baloi ကိုမင်းကိုနိုင်နဲ့ နီူင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး.....ဒို့- အရေး......ဒို့- အရေး။မတရားအဖမ်းဆီး အထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး.....ဒို့- အရေး......
ဒို့- အရေး။

Si Thu


Shwe Myay Thu ဟိုပြောဒီပြောတွေ လျှောက်ပြောမနေပါနှင့်။ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပြီဆိုရင် ဒီမိုကရေစီအရေးအတွက် အကျဉ်းစံနေရသော ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါ။ မြန်မာပြည်မှ တောင်းဆိုနေခြင်းဖြစ်ပါသည်။

Aung Min
ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ
ကိုမင်းကိုနိုင် လွတ်မြောက်ရေး ..... ဒို့ အရေး ဒို့ အရေး
၈၈ကျောင်းသားခေါင်းဆောင်များ ...အမြန်လွှတ်ပေး အမြန်လွှတ်ပေး
နိုင်ငံရေး အကျဉ်းသားအားလုံး ........ ချက်ချင်းလွှတ် ချက်ချင်းလွှတ်

Free Min Ko Naing Now......!
Free Min Ko Naing Now......!
Free Min Ko Naing Now......!

Sabai Phyu
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော မင်းကိုနိုင် နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဗကသကျောင်းသားများ GW လူငယ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်(ည ၁၁နာရီ မိနစ် ၅၀) ဘန်ကောက်

Robina Lwin
ယောင်္ကျားဂတိ..မင်းမှာ သစ္စာတဲ့..ဂတိတလုံးကို ပေးပြီးရင် တည်ပါစေ
မင်းကိုနိုင်နဲ့ ..နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်လွတ်ပေးပါ~~~~
(12.12.2011)

ခင်လေးနွယ် မိငယ်ငယ်
အကို ကိုမင်းကိုနိုင် နှင့် တကွ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပါစေလို့  တောင်းဆိုလိုက်ပါတယ်။
00:01 am <13,dec,2011> Thailand.

May Myo
ပြောပြန်ပြီ.... ဒို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘူး။
ပြောပြန်ပြီ .... ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံထားရသူတွေ မဟုတ်ဘူး။ အပစ်ရှိလို့ ပစ်ဒဏ်ကျခံရတဲ့ သူတွေပဲရှိတယ်။
ပြောပြန်ပြီ...... နိုင်ငံအရေး လုပ်မယ့်သူတွေကို ဦးစားပေးပြန်လွှတ်ပါ့မယ်တဲ့ ။
တယောက်တမျိုး ပြော......ဘလောင်းဘလဲ ... ဘလဲဘလောင်းတွေ နဲ့ သူတောင်းစားလောက်တောင်အဆင့်အတန်းမရှိတဲ့ အုတ်ကြားမြက်ပေါက် အစိုးရ ........
နိုင်ငံ့အရေး ကို နှစ်ပေါင်းမြောက်မြားစွာ လူထုထောက်ခံမှုနဲ့ လုပ်ဆောင်လာတဲ့ ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံရေးအကျဥ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပါ။

Ye Yint Tun
ကိုမင်းကိုနိုင်နှင့် တကွနိုင်ငံေ၇း အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးပါ ခင်ဗျား။(13.12.11)10:24AM

Kyar Ni Kan
ကိုမင်းကိုင်နိုင်နဲ့  နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်...
ပြည်တွင်းမှာရှိတဲ့ စစ်ပွဲလည်းရပ်...
အမေစုလည်း...
အမလေး..ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ..ဖြစ်ချင်တာ ဖြစ်ချင်တာ။

December Min
ကိုမင်းကိုနိုင်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးပါ။ သူတို့ မှာ အပြစ် မရှိပါဘူး။ မတရား အကျဉ်းချ ခံထားရတာသာ ဖြစ်ပါတယ်။ အမြန်ဆုံးလွှတ်ပေးပါ။

June Naing
မြန်မာကို ကမ္ဘာမှာ နေရာ တစ်ခု ရအောင် နိုင်ငံတကာနှင်. အတူ ပူးပေါင်းဆောင်ရွက်မှာလား၊ ကမ္ဘာနှင်. အလှမ်းကွာဝေးရာ တစ်နေရာမှာ ချန်ထားရစ်မှာလား ဆိုတာ အစိုးရသစ် အနေနှင်. စိမ်ခေါ် အကဲစမ်းမှုကြီးပါ။ ကမ္ဘာ့ နိုင်ငံ အသီးသီးက ရှေ့သို. တက်သုတ်၇ိုက် ချီတက်နေချိန်မှာ လေးလံတဲ. ခြေလှမ်းတွေနှင်. လျှောက်လှမ်းနေရင် နောက်ကျန်ရစ်ခဲ.မှာပါ။ တိုးတက်လျှောက် လှမ်းနိုင်ဖို.ပြည်တွင်း စစ်ပွဲတွေရပ်ပါ။ ကိုမင်းကိုနိုင်နှင်. နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ခြင်း လွှတ်ပါ။

Myatphone Linn
‎"ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံေ၇းအကျဉ်းသားအားလုံးအမြန်ဆုံးလွှတ်ပေးပါ"
thailand 9:08 am 13 2011

Thomas Owen
ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး! ဒို့ အေ၇း !

Thant Zin Tun
ကိုမင်းကိုနိုင် နှင့်  နိုင်ငံေ၇းအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပေးပါ...., သူတို့ရဲ့ဦးဆောင်မှုတွေကိုကျနော်တို့ပြည်သူတွေ မျှော်လင့်နေကြပါတယ်... :(

သော် ဇင် အုန်း
Free"All"Now

Essential Moe
‎*၁၃. ၁၂ .၁၁* အစီအစဉ်ကျတဲ့ အမှတ်တယ နေ့စွဲလေးပါ... ဒီ အချိန်မှာ နောင်တော်တွေ လွတ်မြောက်ခွင့်မရခဲ့သေးပါဘူး ခံယူချက်ကိုတင်းတင်းဆုပ်ရင်း နံရံလေးဘက်ကြားမှာပဲ ရှင်သန်နေရသေးတယ် Ko Min Ko Naing နှင့်တကွ ယုံကြည်ချက် ခိုင်မာသူ စွှန့်လွှတ်ဝံ့သူ တွေ အားလုံးကိုလေးစားစွာ ဦးညွှတ်မိရင်း အမြန်ဆုံးလွှတ်မြောက်ကြပါစေ..

တိုက်ရဲ သူ
အမှန်တရား အတွက် မျှော်နေသူတွေကို အမှန်တရား မြတ်နိုးသူတွေဦးဆောင်ကြရမယ်...အမှန်တရား ပေးဆပ်တဲ့သူတွေအတွက် အမှန်တရားကို တောင်းဆိုကြမယ်...ကိုမင်းကိုနိုင်နှင့် တကွ နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံးလွှတ်

Oo Zaw Min
ုနိုင်ငံရေးအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပေးသင့်ပြီအစိုးရရယ်။သူတို.ကိုကြောက်နေတာလားမုန်းနေတာလားသူတို.ကယခင်စစ်အစိုးရလက်ထက်ပြည်သူ.အကျိုးအတွက်တိုက်ပွဲဝင်ရင်းအကျဉ်းကျခဲ.တာမဟုတ်လာ။သူတို.တွေကိုအမြန်ဆုံးလွှတ်ပေပါတော.အစိုးမရတဲ.အစိုးရရယ်။

ဖိုက် တာလေး
ကျတော်တို့အနေနဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ကျန်ရှိနေသေးတယ်ဆိုရင်တောင် အဲ့ဒီတစ်ယောက်လွတ်ဖို့ကြိုးစားသွားဦးမှာပါ.......

(ဇေယျာသော်)

Neviru Saint
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဥ်းသားများအားလုံးကိုခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ။

Ma Nandar
ကိုမင်းကိုနိုင်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးပါ (2011.DEC.13) 10:50pm Japan Standard Time.
ငါတို့ နေရာအနှံ့ ခြေဆန့်နေချိန်မှာ သူဟာ အကျဉ်းတိုက်ထဲမှာ ခြေချုပ်မိနေရတယ်
နှစ်ရှည်လများ ငါတို့ လူသူလေးပါးနဲ့ စကားပြောနေချိန်မှာ သူဟာ ပုရွက်ဆိတ်ကလေးတွေနဲ့ စကားပြောနေခဲ့ရတယ်။ ငါတို့ လွတ်လပ်စွာ စားချင်တာကို စားနေတဲ့အချိန်မှာ သူဟာ ပုရွက်ဆိတ်တွေကို စားခဲ့ရတယ်။ ငါတို့ရဲ့ သူ့ရဲ့ပေးဆပ်မှုတွေကို အခုချိန်မှာမှ မသိတတ်ရင် ဘယ်အချိန်သိတတ်ပါတော့မလဲ......

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form