ဒို့တတွေ ကြိုးစားနေသရွေ့ မရှုံးသေးဘူး။

(18th.DEC.2011) face book ပေါ်မှ ကိုမင်းကိုနိုင်နှင့်နိုင်ငံကျဉ်းသားတို့အတွက်တောင်းဆိုမှုများ

သင့်တွင် face book accountရှိပါက တောင်းဆိုသူများ၏ အမည်များကိုနှိပ်လိုက်လျှင် သက်ဆိုင်ရာ အမည်ပိုင်ရှင်၏ account သို့ အလည်အရောက်သွားနိုင်ပါသည်။ ရည်ရွယ်ချက်တူညီသူအချင်းချင်း မိတ်ဆွေဖြစ်ခြင်းသည် အင်အားတိုးခြင်းပင်ဖြစ်ပါသည်။
D Nyein Lin
တုနှိုင်း၍မရတဲ့ ယုံကြည့်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါတော့။
စစ်မှန်သော ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိဘူး ။
ကို သိန်းစိန်ရဲ့ ဒီမိုကရေစီကြီးက စစ်မှန်တယ်ဆိုရင်တော့ ကိုမင်းကိုနိုင်အပါအဝင်
ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးလိုက်ပါတော့.........
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကို
ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ။ ။
‎88 မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုသမ္မတကြီးဦးသိန်းစိန်အစိုးရအနေနဲ... မြန်မာပြည်ကိုဒီမိုကရေစီနိုင်ငံသစ်အဖြင့်ဖော်ဆောင်နေတာအမှန်ဟုတ်တယ်ဆိုရင်အမြန်ဆုံးလွတ်ပေးပါလို. 88 မျိုးဆက်(ပြည်တွင်း)မွန်ပြည်နယ်ရှိကျောင်းသားများက
ီတောင်းဆိုလိုက်ပါတယ်။.............................................................................................
ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသာများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးပါ........
မင်းကိုနိုင်နဲ့  နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးပါ~~~~
(17.12.2011)
ကိုမင်းကိုနိုင် နှင့်နိုင်ငံရေးအကျဉ်းသား အားလုံးချက်ချင်းလွှတ်...
၈၈၈၈-မှသည် ယနေ့ အထိပြည်သူတွေအတွက် ပေးဆပ်နေတဲ့  ကိုကိုကြီးရဲ့ မွေးနေ့ ထောင်ထဲမှာဘဲ အချိန်ကုန်ရပြန်ပြီ၊.....လာမဲ့ ကြားဖြတ်ရွေးပွဲမှာ NLD ရှိသမျှနေရာတိုင်းမှာ အနိုင်ရပြီ ဆိုပါစို့ ...ကိုမင်းကိုနိုင်၊ကိုကိုကြီး အပါအဝင် အကျဉ်းသားအားလုံး မလွတ်မြောက်လာသေးဘူးဆိုရင် အောင်မြင်မှု ကို ဘယ်လိုမျက်နှာများနဲ့  ပိတိယူကြမလဲ ဆိုတာတွေးဆမိတယ်...RELEASE MIN KO NAING,KO KO GYI N ALL OTHERS NOW!!!!!
ဘာကိုပဲ ဖြစ်ဖြစ် အပြင်ကပေါက်နေတဲ့ မှောင်ခိုဈေး အတိုင်း အကုန်လိုချင်နေရင် ၊ အစိုးရ မလုပ်နဲ့တော့ ။ ပြည်သူ့အတွက် အစိုးရဆိုတာ အရှုံးခံပြီး လုပ်နေရတဲ့ အလုပ် နိုင်ငံတိုင်းမှာ အများကြီး ရှိနေတယ် ။ ဒါလေးတောင် ဂရုမစိုက်ပဲ အလုပ်တိုင်း အပြင်မှောင်ခိုဈေးအတိုင်း ကြည့်ပြီး ဈေးလိုက်တက်နေတဲ့ အဖွဲ့ ... အစိုးရမလုပ်ပဲ ၊ အပြင်ထွက် ဈေးရောင်း ဈေးသည် ထွက်လုပ်ကြပါလား ။ ( မပြောရင်မသိချင်ယောင် ဆောင်လွန်းလို့ ) ။
ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားမျာအားလုံး.......ချက်ခြင်းလွှတ်......ချက်ခြင်းလွှတ်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်နိုင်ငံရေးအကျင်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ..
ယုံကြည်ချက်ကြောင့် မတရားချုပ်နှောင်ခံထားရသော မင်းကိုနိုင် နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ. တိုင်းရင်းသားခေါင်းဆောင်များ. ကျောင်းသားလူငယ်များဗကသကျောင်းသားများ နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွှတ်. (ထိုင်း နံနက် ၇.၁၅)
‎"ကိုမင်းကိုနိုင်နှင့်တကွ နိုင်ငံေ၇းအကျဉ်းသားအားလုံးအမြန်ဆုံးလွှတ်ပေးပါ"
thailand 9:24 am 18 december 2011
ပြည်သူလူထုအားလုံး အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် မိမိတို့ ၏ ကိုယ်ကျိုးကို စွန့် ပြီး တိုက်ပွဲဝင်ခဲ့ကြသောကြောင့် စစ်အာဏာရှင်၏ မတရားအကျဉ်းချ ထားခြင်းကို ခံနေကြရသော ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးပါ။

ဒီနေ့ ကျရောက်သော ကိုကိုကြီး၏ မွေးနေ့ မှသည် ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ပြီး အောင်မြင်ပါစေ။ လေးစားဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

(18.12.2011)
FREE MIN KO NAING NOW!!!!

‎" GUIDANCE FOR DEMOCRACY" SHOW RESPECT OF HUMANITY. Let them Free 88 student leader Min Ko Naing and Free Burma's political prisoners Now!
ကိုမင်းကိုနိုင် နှင့်နိုင်ငံရေးအကျဉ်းသား အားလုံးချက်ချင်းလွှတ်...
သိန်းစိန်...ခင်ဗျားမှတ်ထားပါ..." လူမှာအရေးကြီးဆုံးနှစ်ခုဘဲရှိတယ်..အဲဒါက ကိုယ်ကျင်.တရားရယ်၊အမှန်တရားကိုမြတ်နိုးမူ(love of truth)ဒါဘဲဖြစ်တယ်..ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်းပြောရမယ်၊ ပြောဝံ့တဲ.သတ္တိ လဲရှိရမယ်..(ဗိုလ်ချုပ်အောင်ဆန်း)..ခင်ဗျားက အဲဒီစကားတွေနဲ. ဆန်.ကျင်ဘက် လုပ်တယ်..နိုင်ငံတော်ပစ္စည်းလဲခိုးတယ်..ရဟန်းသံဃာတွေကို သတ်တယ် ထောင်ထဲ.ထည်.တယ်..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားတွေကို မတရားအကျဉ်းချထားတယ်..အဲဒါက ခင်ဗျားရဲ. ကိုယ်ကျင်.တရား..အာဆီယံဥက္ကဌ ရာထူးမရခင်မှာတော..မြန်မာနိုငံမှာ အကျဉ်းသားမရှိပါဘူး ဆိုပြီးတော.လိမ်တယ်..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားတွေကိုလဲ ပြီးခဲ.တဲ.နိုဝင်ဘာ (၁၈)ရက်နေ.ကနောက်ဆုံးထားပြီးလွှတ်ပေးမယ်ပြောပြီး လွှတ်မပေးဘူး..ရဟန်းရှင်လူပြည်သူတွေကို လိမ်တယ်ညာတယ်..အာဆီယံဥက္ကဌရာထူးလဲရတော...ပြစ်မူ ကျူးလွန်လို. ထောင်ထဲ ထည်.ထားပါတယ်ဆိုပြီး ကလိမ်ကကျစ်စကားကို သုံးလိုက်တယ်..အမှန်တိုင်းမပြောဘူး..အာဆီယံဥက္ကဌရာထူး မရမှာစိုးတော..လိမ်ညာပြီးပြောလိုက်တယ်လေ..ဗိုလ်ချုပ်အောင်ဆန်းပြောတဲ.စကားတွေ နဲ. ဆိုရင် ဆန်.ကျင်ဘက်တွေကြီးထဲဘဲ...ဒီတော. ဗိုလ်ချုပ်အောင်ပြောတဲ. စကားနှစ်ခွန်းကို မသွေမယိမ်နားထောင်လိုက်ပါ..ဗိုလ်ချုပ်အောင်ဆန်း ရဲ. ကျေးဇူးတွေကြောင်. ခင်ဗျာ ခုလို သမ္မတရာထူးနဲ. ကောင်းကောင်းမွန်မွန်နေနိုင်တာပါ...နိုမို.ဆိုရင် သိန်းစိန်ဆိုတဲ. လူ.ပေါက်ပန်း ဘယ်ဆီနေလို. ဘယ်ရောက်မှန်းတောင်သိမှာမဟုတ်ဘူး..ဒီတော. ဗိုလ်ချုပ်အောင်ဆန်းရဲ.စကားနှစ်ခွန်းကို ကျင်.သုံးပြီးတော..ကိုမင်းကိုနိုင်နှင်.အကျဉ်းသားတွေကိုအမြန် ဆုံးလွှတ်ပေးပါ....
Foe Zan
ညီလေး...
ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရကို မင်းအဘိဓါန်ထဲက ဆုတ်ဖြဲပစ်လိုက်...
ဆုံးရှုံးတယ်လို့ ထင်နေတာတွေဟာ တကယ်တော့ ရင်းနှီးမြုပ်နှံတာ၊ ပေးဆပ်နေတာ....
ငါတို့ကလေးတွေအတွက် ငါတို့သားမြေးတွေအတွက် တို့ဘိုးဘွားတွေသာ မပေးဆပ်ခဲ့ရင်
ဒီကနေ့ လွတ်လပ်ရေး ဘယ်ရလိမ့်မလဲ...
ကိုမင်းကိုနိုင်နှင့်တကွနိုင်ငံေ၇းအကျဉ်းသားအားလုံးကိုအမြန်ဆုံးလွှတ်ပေးပါခင်ဗျား။(18.12.11)5:13pm
မင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို..အမြန်ဆုံးလွတ်ပေးပါ~~~~
(18.12.2011)
No one left behind,

ကိုမင်းကိုနိုင်အမြန်ဆုံးလွတ်မြောက်ရမည်။
ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို..အမြန်ဆုံးလွတ်ပေးပါ။
(18.12.2011)
Free Ko Min Ko Naing and All Political Prisoners!!!!!!!!
ဒီနေ့ ၈၈၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကိုကြီးရဲ့ မွေးနေ့ပါ။ အခုချိန်မှာ သူဘယ်လို ခံစားနေရမလဲ???????ကိုယ်ချင်းစာကြည့်လိုက်ရင် သိပ်ဝမ်းနည်းဖို့ ကောင်းပါတယ်။ (ကြိုးစားနေသရွေ့ မရှုံးသေးဘူး။ မကြိုးစားတော့တဲ့နေ့မှသာ ရှုံးမှာပါ)လို့ သဘောထားပြီး အကိုတို့ ပေးဆပ်သလိုမျိုးပဲ အကိုတို့အတွက် ကျွန်ုပ့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးစားသွားမှာပါ။
ကိုမင်းကိုနိုင်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးပါ (2011.DEC.18) 08:50pm Japan Standard Time.
November(18)ရက်နေ့ကိုနောက်ဆုံးထားပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးမယ်
ဆိုတဲ့ ကိုသူရရွှေမန်း...........
ဒီနေ့December (၁၈)ရက်ကိုရောက်နေပြီ.......
ကိုမင်းကိုနိုင် နဲ့ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့
နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းလွတ်ပေးပါ..........
 

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form