ရတဲ့ဘက်က ရသလောက်ကြိုးပမ်းရမှာက ဒို့တာဝန်ဖြစ်ပါသည်။

ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုရန် Face Bookပေါ်တွင် Free Min Ko Naing Now ဟူသော Group တခုကို 2011,October,21 ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ကိုမင်းကိုနိုင်နှင့်နိုင်ငံရေး အကျဉ်းသားများကို လွတ်မြောက်စေချင်ကြသော ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသားတို့သည် ထိုGroupတွင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုကြသော စကားများ၊ ဆန္ဒများ၊ ဆောင်းပါးများ၊ ဓါတ်ပုံသတင်းများ စသည်တို့ကိုရေးသားကြပါသည်။ ထိုသို့ရေးသားမှုများတွင် ယနေ့အချိန်အထိ ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နေ့စဉ်နေ့တိုင်း မပျက်မကွက် တောင်းဆိုကြသူများ၊ အခါအခွင့်သင့်တိုင်း လာရောက်တောင်းဆိုကြသူများမှာ တနေ့တခြား တိုးပွားများလျက်ရှိပါသည်။

ထိုသူတို့သည် ယေဘုယျအားဖြင့် တဦးကို တဦး ပြင်ပတွင် မသိကြပါ။ မမြင်ဖူးကြပါ။ မိတ်ရင်းဆွေရင်းများမဟုတ်သော်လည်း ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်စေလိုသော စိတ်ဆန္ဒမှာ အားလုံးတွင် တသဘောတည်းရှိနေသောကြောင့် မည်သူတစ်ဦးတယောက်၏ အတင်းအကျပ် ဖိအားပေးတိုက်တွန်းမှုမပါဘဲ နေ့စဉ်နေ့တိုင်း Face Bookပေါ်မှ တောင်းဆိုကြရန် အလိုလို သဘောတူပြီးသား ဖြစ်သွားကြခြင်းဖြစ်ပါသည်။ နေ့စဉ် ထို Gruopတွင် တောင်းဆိုမှုများကိုစုစည်း၍ ကိုမင်းကိုနိုင်အတွက် ရည်ရွယ်၍ ဖန်တီးပေးထားသော http://www.minkonaing88.com/ တွင်လည်း နေ့စဉ်ဖေါ်ပြလျက်ရှိပါသည်။ သင်သည်လည်း ဆန္ဒရှိပါက Free Min Ko Naing Now Group တွင်ဝင်ရောက် တောင်းဆိုနိုင်ပါသည်။

တယောက်အားနှင့်ယူသော်မရ တသောင်းအားနှင့်ယူသော်ရ၏။

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form