မိုးအေး (DVB) တင်ဆက်သည့် “အနုပညာနဲ့ နိုင်ငံရေး” (ရုပ်/သံ)

ဖခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးခံ သတ်ဖြတ်ခံခဲ့ရတဲ့ ဂဒါဖီရဲ့သားဖြစ်သူ မိုတာဆမ်နဲ့ ချစ်ရည်လူးခဲ့ကြတဲ့ ဥရောပ က ဖက်ရှင်မယ်လေးတွေရဲ့ ချစ်ဒုက္ခတွေကို ကြည့်ရင်း ဒီတပတ်အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။

အာဏာရှင်မိသားစုဝင်တွေနဲ့ ပေါင်းသင်းပြီး လောကစည်းစိမ်ခံစားလိုတဲ့ အနုပညာသည်တွေ၊ အာဏာရှင်မိသားစု တွေဆီက မက်မောစရာကောင်းတဲ့ ဖျော်ဖြေခတွေကြောင့် သွားရောက်ဖျော်ဖြေမိခဲတဲ့ အနုပညာရှင်တွေနဲ့ အာဏာရှင်ဆို ဘယ်လိုအာဏာရှင်မှ လက်မခံချင်တဲ့ အာဏာရှင်လက်အောက်မှာ ပိပြားနေရတဲ့ ပြည်သူတွေ ဘက်က ရပ်တည်လိုတဲ့ အနုပညာရှင်တွေအကြောင်း တစေ့တစောင်း တင်ပြလိုတာကြောင့် ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။

အထူးသဖြင့်တော့ တော်လှန်ဂီတသမားတယောက်လို့ လူသိများတဲ့ ယူတူးတီးဝိုင်းက ဘိုနိုရဲ့ အနုပညာခံယူချက် တစိတ်တဒေသဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာမယ်ဆိုတဲ့ သ တင်းတွေနဲ့အတူ ဘိုနိုရဲ့ “သားပျောက်မိခင်များ” ဆိုတဲ့ တေးသီချင်းကို မိတ်ဆက်လိုတဲ့ဆန္ဒနဲ့ ဒီတပတ်အစီ အစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)




source by : http://drlunswe.blogspot.com

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form