ကုလားဖဲနှင့် တရုတ်ဖဲ ရွှေ့နေသော ဦးသိန်းစိန်

အိန္ဒိယ သမ္မတနှင့် ဦးသိန်းစိန်


ရွေးကောက်ပွဲအပြီး တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်လို့ ဆိုနေတဲ့ သမ္မတဦးသိန်းစိန်တစ်ယောက် ဖဲချပ်ရွှေ့နေကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။


မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စကြောင့် တရုတ်ရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ဖြေရှင်း အကြောဖြေဖို့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (၁၁) ဦး အစည်းအဝေး ထိုင်ခဲ့တယ်လို့ သိရပါတယ်။


တရုတ်အား ဖြေသိပ်ဆေးပေးဖို့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်စီမံကိန်း ကဲ့သို့ စီမံကိန်း တစ်ခုခုကို၎င်း၊ သံလွင်မြစ်ပေါ်ရှိ တာဆန်းရေအားလျှပ်စစ်ကဲ့သို့ ရေအားလျှပ်စစ်စီမံကိန်း တစ်ခုခုကို၎င်း၊ ဧရာဝတီမြစ်အတွင်း တရုတ်သင်္ဘောများ ကူသန်းသွားလာခွင့် ယခင်က သမ္မတ ကျန်စီမင်းလက်ထက်က တောင်းဆိုခဲ့ဘူးလို့ အခွင့်အရေးတစ်ခုခု ပြန်ပေးမဲ့ ဖဲချပ် တစ်ချပ်ကိုလည်း ကိုင်ထားပါသေးတယ်။


အဲဒီ ဖဲချပ်မပစ်ခင် တက်ဖဲအနေနဲ့ ကုလားဖဲကို ဦးသိန်းစိန်အရင် ကစားပါ့မယ်။ ဒါကြောင့် ဘုရားလည်းဖူးရင်း၊ ကုလားဖဲလည်း ဆွဲရင်း ကူညီထောက်ပံ့မှု များများရခဲ့ရင်တော့ တရုတ်ကြီးကို အလျော်အစား သိပ်လုပ်စရာမလိုဘဲ အသုံးမလိုတဲ့ ဖဲချပ်အနေနဲ့သာ တရုတ်ကို ပစ်မှာဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်နေကြပါတယ်။


source by : http://photayokeking.org

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form