မလေးရှားရောက် မြန်မာ ဒုက္ခသည်များ နံပါတ်ဒုတ်ဖြင့် ရိုက်နှိက်ခံရသည့်အပြင် တိုင်းပြည်သို့ ပြန်ပို့မည့် အရေးနှင့် ရင်ဆိုင်နေရ


ယနေ့ ၂၃ရက် ၊နံက်၎နာရီ၊ ၈လပိုင်း၊ အဂါင်္နေ့ ၂၀၁၁ စ၍ မလေးရှားနိုင်ငံ လ၀က ၀န်ကြီးဌာနနှင့် UNHCR မလေးရှားတို့၏ သဘော တူညီချက်ဖြင့် မလေးရှားနိုင်ငံရောက် (၁၉)နိုင်ငံ အသီးသီးမှ ဒုက္ခသည်များ အားလုံး 6-P WORK PERMiT ပုံစံကဲ့သို့ လက် ဆယ်ချောင်းလုံး လက်ဗွေနှိပ် ဓာတ်ပုံ ရိုက်ယူရမည် ဟူသည့် ညွှန်ကြားချက်ကြောင့် မလေးရှား နိုင်ငံရောက် မြန်မာ ဒုက္ခသည်များ အပါအ၀င် နိုင်ငံ အသီးသီးမှ ဒုက္ခသည် အားလုံး KUALA LUMPUR ရှိ ပိုထရာဂျာယာ လူဝင်မှု ကြီးကြပ်ရေး IMMIGRATION ၀န်ကြီး ဌာနချုပ်တွင် တဖြေးတဖြေးချင်း စုဝေး ရောက်ရှိလာရာ နံက်၈နာရီ အချိန်မှ စ၍ ယခု သတင်းဖေါ်ပြချိန် အထိ တစ်သိန်းခန့် ရှိသော ဒုက္ခသည် ဦးရေ အားလုံးသည် သူ့ထက်ငါ လက်ဗွေ ပုံစံရွက် ရရှိရန် တိုးဝှေ့ နေကြရာ လ၀က ဌာနနှင့် UNHCR တို့မှ စီစဉ် ညံ့ဖျင်းမှုကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည့် ဒုက္ခသည် လူအုပ်ကြီးအား မလေးရှား ရဲ့တပ်ဖွဲ့ဝင်များ၊ RELAR များ၏ ရိုက်နှိက် ထိန်းသိမ်းမူကြောင့် အပြစ် မရှိသည့် မြန်မာ ဒုက္ခသည်များ ကလေးများ မိခင်များ သက်ကြီးရွယ်အိုများ လူငယ် လူရွယ်များ အားလူသားမဆန်စွာ နံပတ်ဒုတ်ဖြင့် ရိုက်နှိက် ထိုးကြိတ် သည်ကို မလေးရှားရောက် ဒုက္ခသည် မျက်မြင် ကိုယ်တွေ့ တစ်ဦးက လွင်ပြင်သို့ သတင်းပေးပို့ပါသည်။

ဒုက္ခသည်များ ရရှိသည့် စာရွက်ထဲတွင်လည်း …

ရည်ညွန်း…… PULANG KE NEGARA ASAL ဟုရေးသားထားသော နေရင်းအရပ်သို့ပြန်ပို့ရန်ဟု အဓိပ္ပာယ်ရသော စာသားများအား ထည့်သွင်း ဖေါ်ပြထားရာ မြန်မာ ဒုက္ခသည်များသည် ဒုက္ခပေါ် ဒုက္ခဆင့်ပြီး မလေးရှား နိုင်ငံအတွင်း ဆက်လက် နေထိုင် ပါကလည်း လ၀က ပြစ်မူဖြင့် ကြိမ်ဒဏ်၊ ငွေဒဏ်၊ ထောင်ဒဏ် စသည့် ပြစ်ဒဏ်ကြီးကြီး ခံရဖွယ်ရှိသည့် အပြင် စစ်မှန်သော ဒီမိုကရေစီ မရရှိသေးသည့် မြန်မာ နိုင်ငံသို့ ပြန်လည် အပို့ခံရဘွယ် ရှိနေပါသည်။ လူ့အခွင့်အရေးနှင့် ဒုက္ခသည် အရေး ဆောင်ရွက် ပေးနေသော မလေးရှားနိုင်ငံရှိ UNHCR ဌာနမှလည်း ၄င်းဒုက္ခသည်များ အရေအတွက်မှာ ရေရာ တိကျသော သတင်း ထုတ်ပြန်နိုင်ခြင်း မရှိသည့် အတွက် UNHCR ဌာနသည် မလေးရှား နိုင်ငံ အစိုးရ၏ ဒုက္ခသည် ညှင်းပန်း နှိပ်စက်ရေး ဌာနတစ်ခု ဟု ဆိုရလောက်အောင် မေးခွန်း ထုတ်စရာ ဖြစ်နေပါသည်။

ref: လွင်ပြင်

4 Comments

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form