ILBC နှင့် အမေ့အိမ် ( မ/ဥက္ကလာ )

လူကြီးမင်းများ ခင်ဗျား.....

သင်တို့ ၏ သားသမီးများ ILBC, TOTAL, MIS ကဲ့သို့ Int'l School များတွင် Air con ခန်းများ၌ အေးချမ်းစွာ ပညာ သင်ကြား နေကြ သကဲ့သို့ ကျနော် တို့၏ သားသမီးများလည်း အမေ့အိမ်ကဲ့သို့ အခမဲ့ ပညာဒါန ကျောင်းလေးများတွင် အေးချမ်းစွာ ပညာ သင်ကြားခွင့်ပြုပါ။

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။
ကျနော်တို့၏ သားသမီးများသည် S'pore, Austria ကဲ့သို့ ပြည်ပ နိုင်ငံတွင်လည်း သွားရောက် ပညာ မသင်ကြား နိုင်ပါ။
ILBC, TOTAL, MIS ကဲ့သို့ ပြည်တွင်းရှိ Int'l School များတွင်လည်း တက်ရောက် ပညာ မသင်ကြား နိုင်ကြပါ ။
နောက်ဆုံး မိမိတို့ မြို့နယ် အတွင်းရှိ နာမည်ကြီး အစိုးရ ကျောင်းသို့ပင် အပ်နှံရန် မတတ်နိုင်သော မိသားစုများမှ ကလေးများ ဖြစ်ကြပါသည် ။ အချို့ ကလေးများဆိုလျှင် ကျောင်းပင် မနေနိုင်ကြပါ။

လူကြီးမင်းတို့၏ သားသမီး တစ်ယောက် ILBC တွင် တစ်လ ပညာသင် စရိတ်သည် ကျနော်တို့ အမေ့အိမ် ကျောင်းမှ ကလေး အယောက် ( ၃၅၀ ) ကို တစ်လ ပညာ သင်ကြား ပေးနိုင်ပါသည်။

ထိုကလေးများ၏ အနာဂတ်သည် ကျနော်တို့ တိုင်းပြည် အနာဂတ်၏ တစ်စိတ် တစ်ဒေသ ဖြစ်သောကြောင့် ထိုကလေးများ အနာဂတ် လှပဖို့ အတွက် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြား ပေးနေသော အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းလေးများကို
ဖိအားပေးခြင်း၊ ပိတ်ပင်ခြင်းများ မပြုလုပ်သင့်ပါ။ မ/ဥက္ကလာပ အမေ့အိမ် အခမဲ့ ပညာဒါန ကျောင်းလေးသည် မည်သူ တစ်ဦး တစ်ယောက်မျှ မနေသည့် လမုတောကို ရှင်းပြီး ဆောက်လုပ် ထားခြင်း ဖြစ်ပါသည် မည်သူကိုမျှ ထိခိုက် နစ်နာခြင်း မရှိပါ။ အလွန် ဆင်းရဲ နွမ်းပါးသော ကလေးများကို ပညာ သင်ကြား ပေးနေခြင်းသာ ဖြစ်ပါသည်။

လူကြီးမင်းများ ကိုယ်တိုင် လာရောက် လေ့လာကြည့်စေချင် ပါသည်။ အမေ့အိမ် အခမဲ့ ပညာဒါန ကျောင်းလေးများသည် တည်ဆဲ ဥပဒေနှင့် မညီညွတ်ဟု အကြောင်းပြ၍လည်း မတားဆီးသင့်ပါ ။ တာဝန်ရှိ လူကြီးများ အပိုင်းမှ ကလေးများရဲ့ အနာဂတ် အရေး အတွက် အလေးအနက်ထား စဉ်းစားပြီး သင့်တော်မည့် နည်းလမ်းဖြစ် ကူညီ ပေးသင့်လှပါသည်။
ပညာရှိ လူကြီးလူကောင်းများ ပီသစွာ သားသမီးချင်း ကိုယ်ချင်း စာနာသော မေတ္တာ ဂရုဏာစိတ် ထားသင့်လှပေသည် ။

မူအသစ်ဖြစ် ကျနော်တို့ တိုင်းပြည်အား ပြန်လည် တည်ဆောက် နေသည့် ယခုလို အချိန် ကာလတွင် အတွေးအခေါ် အသစ်များ၊ အကျင့် အကြံအသစ်များဖြစ် ပြည်သူ အချင်းချင်း ရိုင်းပင်း ကူညီ ပူးပေါင်း ဆောင်ရွက် ကြမှသာလျှင်
ကျနော်တို့ အားလုံး မျှော်မှန်းသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း အလေးအနက် တိုက်တွန်း အပ်ပါသည် ။

အားလုံးကို လေးစားစွာဖြင့်
ကိုငယ် ( ၀၉ ၅၁၆၂၀၆၀ )

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form