အာဇာနည်နေ့ မြင်ကွင်း ဓါတ်ပုံများ

ဒေါ်နော်အုန်းလှနှင့် ဦးဝင်းချို ဦးဆောင်သည့် ပြည်သူ အင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့မှ အာဇာနည်ကုန်းရှိရာ အရပ်သို့ မျက်နှာလှည့်ကာ အလေးပြုစဉ်
အာဇာနည်ကုန်းသို့ ပန်းများ ယူဆောင်ခွင့် မရှိသည့် အတွက် လမ်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ရည်စူး ကန်တော့ကျစဉ်။(ယင်းအဖွဲ့သည် တာမွေ ပလာဇာတွင် လုံခြုံရေးအဖွဲ့များ၏ တားမြစ်ခြင်း ခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။)
NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ အခမ်းအနားသို့ အနောက်နိုင်ငံ သံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး တက်ရောက် လာစဉ်။ ယင်းအခမ်းအနားသို့ အမေရိကန်၊ ဗြိတိန်သံရုံးတို့မှ သံရုံး တာဝန်ရှိသူများ အပါအဝင် အခြားသံရုံး ၃ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်
Generation Wave အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သူHip Hop အဆိုတော် ဇေယျာသော်သည်လည်း ပြည်သူတို့နှင့် ပူးပေါင်းကာ အာဇာနည်ကုန်းသို့ ချီတက်နေစဉ်
အာဇာနည်ကုန်းပေါ်သို့ တက်ရောက်ရန် စည်းစနစ်ကျစွာ စီတန်းနေကျစဉ်။
အာဇာနည်ကုန်းသို့ တက်ရောက်လိုသူများသည် NLD ပါတီမှ တက်ရောက် သူများနှင့် ပူးပေါင်းကာ စီတန်း တက်ရောက် ကျစဉ်။
BG သွေးအလှူ အဖွဲ့၏ အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ
ကျဆုံးလေသော အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူများမှ သတ်မှတ် ထားသော အချိန်တွင် အလေးပြုစဉ်
အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုစဉ်၊
ယင်းအချိန် ခဏတွင် ရာသီဥတုမှာ အုံ့မှိုင်းနေကာ၊ ဖြတ်သန်းသွားသော မော်တော်ကား အသီးသီးမှလည်း ဟွန်းများ တီးကာ ဖြတ်သန်း သွားလာကြသည်ကို တွေ့ရှိရသည်
နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကျဆုံးလေသော အာဇာနည် ခေါင်းဆောင်ကြီးများအား​ ပြည်သူနှင့် အတူ အလေးပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဗဟို အလုပ်အမှုေ​ဆာင်များ ရုံးအပြင်တွင် တန်းစီနေစဉ်

source by : ဧရာဝတီ ဘလော့ဂ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form