သံဃာတော် တစ်ပါး မြို့ပြ ဒေသ၏ အုပ်ချုပ်ရေးမှူး ဖြစ်လာဖွယ်ရှိ

ယခု အပတ် အတွင်း ကျင်းပ ပြီးစီး သွားခဲ့သည့် သီရိ လင်္ကာ နိုင်ငံ ဒေသန္တရ ရွေးကောက် ပွဲတွင် Embilipitiya (အမ်ဘိလိပိတိယ) မဲဆန္ဒ နယ်မှ ပါဝင် ယှဉ်ပြိုင် ခဲ့သည့် ဆရာတော် Wewelduwe Gnanapraha သည် ၄င်းမြို့ပြ ဒေသ၏ အုပ်ချုပ်ရေးမှူး ဖြစ်လာဖွယ် ရှိကြောင်း ရေတွက်ပြီး မဲ ရလာဒ်များ အရ ဖော်ပြနေသည်ဟု သိရသည်။

ဆရာတော်မှာ Walawegama (၀လဝေဂမ) ကျောင်းတိုက်၏ နာယက ဆရာတော် ဖြစ်ပြီး သမိုင်းတွင် ယခု အကြိမ်သည် ဗုဒ္ဓ ဘာသာ သံဃာတော် တစ်ပါး အနေဖြင့် ပဌမဆုံး မြို့ပြ ဒေသ အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခင် ရွေးကောက်ပွဲများတွင် ဆရာတော် အနေဖြင့် ပါဝင် ယှဉ်ပြိုင် ခဲ့သော်လည်း ပါတီ နိုင်ငံရေးတွင် သံဃာတော်များ ပါဝင်ခြင်းကို မလိုလား သူတို့၏ ဝေဖန် တိုက်ခိုက် ခံရမှုများ၊ မဲဆွယ် စည်းရုံးရေး ဆိုင်းဘုတ် များကို အတိုက်ခံ ပါတီ ထောက်ခံ သူတို့၏ ဖျက်ဆီးမှု များနှင့် ရင်ဆိုင် ခဲ့ရသည်ဟု သိရှိရသည်။

MSMA မှ................

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form