ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျာ။

အမျိုးသား ခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်း နေထိုင်ရာ ပြည်နယ် တချို့မှာ လတ်တလော တောက်လောင် နေတဲ့ စစ်မီးတောက်များ ငြိမ်းအေး သွားစေရေး အတွက် ကိုယ်စွမ်းရှိ သမျှ ပါဝင် ဆောင်ရွက်ပေးလိုတဲ့ စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန် လိုက်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့ ၊ ပြဿနာ တွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်း ပန်ကြားထား ပါတယ်။ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီ အိတ်ဖွင့်ပေးစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ တရားဝင် လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ် များကတော့ ဆက်သွယ်ရန် လမ်းကြောင်း မရှိတဲ့ အတွက် အဖွဲ့ချုပ် ပြန်ကြားရေးကပဲ ထုတ်ပြန် ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့် ပြန်ကြားရေး ဌာန
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form