အာဇာနည်နေ့ အကြို အမေ့အိမ် (လှိုင်သာယာ)

ဒီနေ့ (17th July ) အမေ့အိမ်(လှိုင်သာယာ) ပညာဒါန ကျောင်းလေးမှာ( ၆၄) နှစ်မြောက် အာဇာနည်နေ့ အကြို အခမ်းအနား တစ်ခုကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။
မနက် (၁၀း၀၀) နာရီမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်( ၅ )ပါးကို ၀ါဆို သင်္ကန်း( ရ )စုံနှင့် တကွ ဆွမ်း ဆက်ကပ် လှူဒါန်းပြီး အာဇာနည် ခေါင်းဆောင်ကြီး များအား ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြပါတယ်။ မနက် (၁၁း၃၀)မှာ အဖွဲ့ ချုပ်မှ လူကြီးများ ဖြစ်ကြသော ကဗျာ ဆရာ/ စာရေး ဆရာ ဖျာပုံ နီလုံဦးနှင့် မုံရွာ အောင်ရှင် တို့က အာဇာနည်နေ့ရဲ့ အဓိပ္ပါယ်ကို ကလေးများကို ဟောပြော ရှင်းပြပြီး ဆရာဦးအေးဘို နှင့် ဆရာ မင်းမင်းတို့က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ကလေး ဘ၀မှ စ၍ နိုင်ငံ ခေါင်းဆောင် ဖြစ်လာသည့် အချိန်ထိ လေးစား အတုယူ သင့်သည့် ရိုးသား ဖြောင့်မတ်မူ၊ ဂတိ သစ္စာ တည်ကြည်မူ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမူ၊ များကို ရှင်းလင်းဟောပြော ခဲ့ကြပါတယ်။ ထိုနောက် ကလေးများရဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီများ တစ်ဦးချင်း အထ္ထုပတ္တိ ဟောပြောခြင်း၊ ကလေးများရဲ့ အာဇာနည်နေ့ ကဗျာ ရွတ်ပြိုင်ပွဲ နှင့် စာစီစာကုံး ပြိုင်ပွဲ ဆုပေးပွဲ အစီအစဉ်တို့ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ အခမ်းအနား တက်ရောက် လာကြသော ကလေးများ အားလုံးကို အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ဓါတ်ပုံ၊ ဗလာစာအုပ်၊ ခဲတန် နှင့် ကြာဆံကြော် တစ်ထုပ်စီကို လှူဒါန်း ပေးအပ်ခဲ့ ကြပါတယ်။ အမေ့အိမ် ပညာဒါန ကျောင်းလေးရဲ့ ပထမ အကြိမ် အာဇာနည်နေ့ အခမ်းအနားသည် ကလေးများ အတွက်လည်း ပထမဆုံး ဘ၀ အတွေအကြုံ အဖြစ် အမှတ်တရ နဲ့ သူတို့ လေးတွေရဲ့ ရင်ထဲကို အာဇာနည် စိတ်ဓါတ် မျိုးစေ့ ချပေး နိုင်ခဲ့ လိမ့်မည်ဟု ယုံကြည် မိပါကြောင်း။

လေးစားစွာဖြင့်
ကိုငယ်( ၀၉၅၁၆၂၀၆၀)

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form