ဟောလီးဝုဒ် စူပါမင်းသမီး မီရှလ်ရိုး ကို လေဆိပ်က ပြန်နှင်ထုတ်

ဇွန် ၂၈၊ ၂၀၁၁။ သည်စတား သတင်း အေဂျင်စီ (The Star News Agency)

ရန်ကုန်။ ။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည် နေရာ မှာ သရုပ်ဆောင်တဲ့ ဟောလီးဝုဒ် စူပါမင်းသမီး မီရှလ်ရိုး ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ၀င်ခွင့် မပေးပဲ ပြန်နှင်ထုတ် လိုက်တယ် လို့ သက်ဆိုင်ရာ က ပြောပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို ရောက်လာတဲ့ မီရှလ်ရိုး ကို အစိုးရ ရဲ့ နာမည်ပျက် စာရင်း (black list) မှာ ပါနေတဲ့ အတွက် ချက်ချင်း ပြန်နှင်ထုတ် လိုက်တယ်လို့ ဌာနဆိုင်ရာ က အင်္ဂါနေ့ မှာ ပြောတာဖြစ်ပါတယ်။

သတင်းဌာနများ နဲ့ ပြောဆိုဖို့ အခွင့်မရှိတဲ့ အတွက် သူ့ ကိုယ်သူ မည်သူ မည်ဝါဟု ထုတ်ဖော် ပြောဆိုခြင်း မပြုတဲ့ အရာရှိ ဟာ မီရှလ်ရိုး ဘာကြောင့် နာမည်ပျက်စာရင်း (black list) မှာ ပါနေရတာလဲ ဆိုတာကို တော့ မရှင်းပြပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ၏ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းမှ မီရှလ်ရိုး လေဆိပ်မှ နှင်ထုတ်ခံရ တဲ့ သတင်း ဟုတ်မှန်ကြောင်း အတည်ပြုသော်လည်း မည်သည့် အတွက် ကြောင့် နှင်ထုတ်ခံ ရကြောင်းကိုမူ မသိပေ။

လုခ်ဘာဆွန် (Luc Basson) ၏ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘ၀ အကြောင်း ရိုက်ကူးတဲ့ "သူမ" (The Lady) ရုပ်ရှင်ဇာတ်ကား ဟာ ဒီနှစ် အောက်တိုဘာ မှာ ရုံတင်ပြသ မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ အနှစ် နှစ်ဆယ်ခန့် ယခင် စစ်အစိုးရ ၏ ဖမ်းဆီး ထိမ်းသိမ်းခြင်းကို ခံရပြီး မနှစ်ကမှ လွတ်မြောက်တာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်။ ။ အေပီ
ကျွန်တော်တို့၏ သတင်းထောက် ၀၀၉ မှ ဘာသာပြန်သည်။

YANGON: Officials in Myanmar say the military-backed government has deported Hollywood actress Michelle Yeoh, who stars as pro-democracy leader Aung San Suu Kyi in an upcoming movie.

Yeoh plays Aung San Suu Kyi in "The Lady".
A government official said Tuesday that the Malaysian actress arrived in the capital Yangon on June 22 and was deported the same day because she was on a government blacklist.

The official, who declined to be identified because he was not authorised to speak to the press, did not say why Yeoh was on the list.

Suu Kyi spokesman Nyan Win confirmed Yeoh was deported but did not know why.

The Luc Besson movie about Suu Kyi's life, "The Lady," is due out in October.

Suu Kyi spent most of the last two decades detained by the former military junta. She was released last year. - AP

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post

Contact Form