ခဏလေး စောင့်ပေးပါ......
  • Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks








ဒီနေ့ဟာ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ နေ့ထူးနေ့မြတ်တနေ့ပါ။ ဒီလိုနေ့မျိုးမှာ NLD နာမည်ခံပြီး လုပ်စားနေသူတွေအကြောင်း ပြောရတာ အရမ်းကို ၀မ်းနည်းစရာကောင်းပါတယ်။ NLD ရဲ့ ဂုဏ်သိက္ခာလည်း အနည်းနဲ့အများ ထိခိုက်ကျဆင်းနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အစဉ်တစိုက် လေးစားလက်ခံလာခဲ့ပြီး NLD ပါတီဝင် မဟုတ်တာတောင်မှ ဒေါ်စုနဲ့ပတ်သတ်လာရင် ဆတ်ဆတ်ထိမခံ ပြန်ပြောလေ့ရှိခဲ့တဲ့ ပြည်သူတယောက်အနေနဲ့ ထင်မြင်မိပါတယ်။

ဒီလိုသာ ပါတီထဲက နိုင်ငံရေးသမားအယောင်ဆောင်တွေ၊ ပါတီအလံအောက်မှာ ကိုယ်ကျိုးစီးပွားရှာနေသူတွေ၊ သူခိုး၊ ဓားပြ၊ လူယုတ်မာစိတ်ဓာတ်နဲ့ နိုင်ငံရေးလုပ်စားနေသူတွေကို NLD ပြည်တွင်းနဲ့ NLD-LA မှ သက်ဆိုင်ရာလူကြီးမင်းများက ထိထိရောက်ရောက် အရေးယူဟန့်တားမှုမပြုဘဲ အားပေးအားမြှောက်ပြု သက်ဇိုးပေးရှည်နေမယ်ဆိုရင် NLD ပါတီ အာဏာရလာရင်တောင် လက်ရှိနအဖစစ်အစိုးရထက် နှစ်ဆပိုဆိုးနေမလားရယ်လို့ ၀မ်းနည်းစွာ သံသယဖြစ်မိကြောင်းပါ။




0 comments: