မလေးရှားမှာ ဗမာပြည်သူ အများ လက်မခံလို့ မအောင်မြင်တဲ့ သာသနာဖျက် လုပ်ငန်း။ (ဓါတ်ပုံများ)

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ယနေ့ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အရှင် ဣဒ္ဓိပါလ၏ No 1 စိတ်ဓါ တ်မြှင့်တင်ရေး ပို့ချမှု သင်တန်းပွဲ အခမ်းအနားတွင် လူသုံးဆယ် ခန့်သာ တက်ရောက်ကြောင်း သိရသည်။ အဆိုပါ အရှင် ဣဒ္ဓိပါလ ပွဲစလုပ်မည်ဟု သိရသည့် အချိန်မှ စ၍ မလေးရှား နိုင်ငံရောက် တာဝန်သိ ဗုဒ္ဓဘာသာဝင် လူကြီး လူငယ်များမှ အဆိုပါ သာသနာဖျက် ဘုန်းကြီးအား ဆန့်ကျင် ကန့်ကွက်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း မလေးရှား နိုင်ငံ အနှံ ကန့်ကွက်စာများ လိုက်လံကပ်ခြင်း၊ အင်တာနက် အွန်လိုင်းမှ တဆင့် ကန့်ကွက် ကြေငြာခြင်း၊ SMS များ ပို့ကာ ကန့်ကွက် ကြေငြာခြင်း စသည်တို့ကို ပြုလုပ် ခဲ့ကြသည်။

မလေးရှားရောက် မြန်မာ ရဟန်းတော် အချို့ကလည်း အဆိုတော် ဘုန်းကြီးအား ရဟန်း ကျင့်ဝတ်နှင့် မညီသဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။ ထိုသို့ မလေးရှားရောက် ဗုဒ္ဓဘာသာဝင် မြန်မာ အသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်း ဆောင်ရွက် ကန့်ကွက်ကြ သဖြင့် ယနေ့ (15.5.2011) နေ့တွင် ကျင်းပ ခဲ့သည့် ပွဲတွင် လူ ၃၀ ခန့်သာ တက်ရောက် ခဲ့သည်ကို တွေ့ရှိရသည်။ ထိုသို့ တက်ရောက် လာကြသူများမှာလည်း အဆိုပါ ပွဲဖြစ်မြောက်ရေး အတွက် ဆောင်ရွက်ကြသူများနှင့် မကင်းရာ မကင်းကြောင်း များသာ ဖြစ်ကြသည်။ အဆိုပါ ပွဲတွင် ပွဲစီစဉ်သူများက No 1 စိတ်ဓါတ်မြှင့်တင်ရေး စာတမ်းပါ တူညီ ၀တ်စုံများကို ၀တ်ဆင် ထားကြပြီး ခမ်းမ အောက်တွင် တဖက် သုံးယောက်စီ ရပ်ကာ လာသမျှ လူကို လက်အုပ်ချီ နှုတ်ဆက်၍ ကြိုဆို နေကြသည်ကို တွေ့ရသည်။

လုံခြုံရေး အတွက် RELA ခေါ် မလေးရှား ပြည်သူ့ စစ်များကိုလည်း ငှားရမ်း ထားကြသည်။ အဆိုပါပွဲ ပြုလုပ်ရာတွင် ပွဲကျင်းပခွင့် ပါမစ် မရှိဘဲ ပြုလုပ်သည်ကို စာရေးသူ၏ မိတ်ဆွေ တစ်ယောက်မှ တဆင့် သိရှိ ရသည်။ ပွဲစတင်မည့် အချိန်မှာ နေ့လည် ၁၂း၀၀ ဟု ကြေငြာ ထားသော်လည်း ၁နာရီ ကျော်နေသည့် အထိ လူ ၁၅ ဦး ခန့်သာ ရှိနေသည်ကို တွေရှိ ရသည်။ အဆိုပါပွဲတွင် ရောင်းချရန် အတွက် အရှင် ဣဒ္ဓိပါလ မှ စာအုပ်များကို ခင်းကျင်း ထားပြီး ရောင်းဈေးမှာ RM 100( မြန်မာငွေ နှစ်သောင်းကျော် သုံးသောင်း နီးပါး ) ဖြစ်သည်။ စာရေးသူတို့ ရောက်ရှိ သွားပြီး အဆိုပါ အခမ်းအနားအား ဓါတ်ပုံ ရိုက်နေစဉ် အရှင် ဣဒ္ဓိပါလ မှ ရောက်လာပြီး
“မင်းတို့က ဘယ်ကလဲ၊ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူးနော်၊ ငါက မြန်မာတွေ ဆိုရင် လန့်နေပြီ”
ဟု ပြောသွား ခဲ့သေးသည်။ မလေးရှား စံတော်ချိန် ၂ နာရီခန့်တွင် မလေးရဲများ ရောက်ရှိ လာပြီး စာရွက် စာတမ်းများ စစ်ဆေးခြင်း၊ ပွဲတက်ရောက် လာသူများကို အထောက်အထားများ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ သဖြင့် ပွဲပျက်မလို ဖြစ်သွား ခဲ့သည်။ အချို့မှာ ရဲအား ကြောက်ရွံ့ပြီး ထိုသင်တန်းပွဲသို့ ဆက်လက် တက်ရောက်ခြင်း မရှိဘဲ ပြန်သွားခဲ့ကြသည်။ ထို့ကြောင့် အရှင် ဣဒ္ဓိပါလမှာ သူ၏ အဖွဲ့ဝင် လူ သုံးဆယ်ခန့် ဖြင့်သာ အခမ်းအနားအား ဆက်လက် ကျင်းပ ခဲ့ရကြောင်း သိရှိရသည်။

(ဓာတ်ပုံ၊ သတင်း) ကိုထိုက် (မြန်မာ့စတိုင်)
(ကိုထိုက် Facebook မှ) ဖော်ပြခွင့် ပြုတဲ့ ကိုထိုက်အား ကျေးဇူး တင်ပါသည်...။
Previous Post Next Post

Contact Form