သာသနာတော်ကြီးကို စောင့်ရှောက်ပါ။

မလေးရှားနိုင်ငံမှာ လာရောက် ရှာဖွေ လုပ်ကိုင် နေကြသော ဗုဒ္ဓ ဘာသာဝင်များ သာသနာတော်၏ အစောင့်အရှောက် နှင့်မဝေးစေရန် ရည်ရွယ်ချက် များဖြင့် မြန်မာပြည်မှ ဆရာတော် သံဃာတော် များကို ပင့်ဆောင်၍ တရားသဘင် ပွဲများအား ကျင်းပခဲ့သူများရှိခဲ့သောကြောင့် မြန်မာ အလုပ်သမား မိသားစုများ အဖို့ အင်မတန်မှပင် ဝမ်းမြောက် ဝမ်းသာနှင့် သွားရောက် နာကြားခွင့်များ ရခဲ့ကြရပါသည်။ သို့ရာတွင် ယခု ၁၃၇၃ ခုနှစ် ကဆုန် လဆန်း ၁၃ ရက် ( ၁၅ ၊ ၅ ၊ ၂၀၁၁ ) တနင်္ဂနွေနေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လာရောက်၍ ဟောကြားမည်ဟုဆိုသော ဘုန်းကြီး တစ်ပါးနှင့် ပတ်သက်၍ သိထားသင့် သည်များ ရှိနေပါသည်။ ( မလေးရှားတင် မကပါ တစ်ခြား နိုင်ငံများသို့လည်း သွားရောက်ရန် စီစဉ်ထားပုံ ရပါသည်)

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
မည်သည့် ရည်ရွယ်ချက်မျိုး ကို ကိုယ်စား ပြု၍ ဗုဒ္ဓဘာသာ သာသနာ့ဘောင် အတွင်းသို့ ဝင်ရောက် လာသည်ကိုမူ မေးစရာတော့ ရှိနေပါသည် ၊ မလေးရှားမှာ ခန်းမ ငှါးပြီး ဟောမှာက နိုင်ငံရေးလဲ မဟုတ်ဘူး ၊ ဘာသာရေးလဲ မဟုတ်ဘူးတဲ့ ၊ စိတ်ဓါတ် မြင့်တင်ရေးကို ဟောပြော မှာပါတဲ့ အဲဒါ ဘာကို ဆိုလိုနေလဲ ဆိုတာ နည်းနည်းတော့ သိသင့်ကြပါပြီနော် သင်္ကန်းကို ဝတ်ထားတဲ့ သံဃာတော် ဆိုရင် သံဃာတော် တို့ရဲ့ အလုပ်ဖြစ်တဲ့ ဗုဒ္ဓ မြတ်စွာ ဘုရားဟောကြား ပြသပေးခဲ့တဲ့ တရားဓမ္မစကား တွေကိုသာ ဟောပြောပြသပြီး သတ္တဝါတွေ အတွက် သံသရာမှာ ကောင်းကျိုး ချမ်းသာ ရအောင်သာ ဆောင်ရွက်ကြမှာပါ တရားဓမ္မ ကိုမသိပဲ စိတ်ဓါတ် မြင့်တင်ရေးကို လုပ်ချင် ပြောချင်ရင်လဲ လူထွက်ပြီး စာရေး ဆရာတွေ ဟောသလို လိုက်ဟောသင့် ပါတယ် ခုလို လုပ်နေကြပုံကတော့ တမင် သက်သက် ဘာသာရေး အထိကရုဏ်း ဖြစ်အောင် လာလုပ်နေသလို ဖြစ်နေပြီ ဒါတွေကို လူတွေက မသိတာတော့ မဟုတ်ပါဘူး သိကြပါတယ် တချို့ ကြတော့လဲ တကယ့်ကို မသိကြသူတွေ ရှိနေကြတာကိုလဲ ကိုယ်တိုင် တွေ့မြင် မိလို့ ဒီအကြောင်းကို မဖြစ်မနေ အားလုံးကို သိအောင် ပြောပြမှ ဖြစ်တော့မယ် ဆိုပြီး ဒီစာ ရေးဖြစ်သွားတာပါပဲ ၊ သူ့ကို စပွန်ဇာ ပေးပြီး ပင့်ဆောင် လာသူတွေဟာ မလေးရှားမှာ စီးပွား လာရှာနေကြတဲ့ မြန်မာပြည်က မွတ်စလင် ဘာသာဝင် တွေပါပဲ ဗုဒ္ဓ ဘာသာဝင်တွေက ပင့်လာတာ မဟုတ်ပါဘူး ဆိုတော့က ဒီဘုန်းကြီးဟာ တရားပွဲ လုပ်မယ်ဆိုတဲ့ ရက်တွေထက် တစ်လ ကျော်လောက်ကို စောပြီးတော့ ကွာလာလမ်ပူမှာ သူ့ ဟောပြောပွဲကို လာကြဖို့ စည်းရုံးတဲ့ စာစောင် တွေကို ဖြန့်ချီ နေကြတော့ မဖြစ်သင့် တာတွေ မဖြစ်ရအောင် တားတဲ့ သဘောနဲ့ ဒီစာကိုရေးရတာပါပဲ ၊ သူဟောမှာကို သွား နားမထောင် ကြဘူး ဆိုရင် တော့ အကောင်းဆုံး ပါပဲ တချို့ကတော့ မကျေမနပ်တွေ ဖြစ်နေကြပြီး ရန်မူလိုတဲ့ ဆန္ဒတွေ ရှိနေ ကြတာ ကိုလဲ သိရတော့ ဒါဟာ ကောင်းတဲ့ အလုပ် မဟုတ်ပါဘူးလို့တော့ ပြောပါရစေ။

ဘုန်းကြီး အယောင်ဆောင် အတုလို့ သတ်မှတ်ကြတယ် သိကြတယ် ဆိုရင် ဆရာတော် တွေနဲ့ တိုင်ပင်ပြီးတော့ လူဝတ်လဲခိုင်း သင်္ကန်းကို ချွတ်ခိုင်း တာမျိုးပဲ တရားဝင် အားဖြင့် ဆောင်ရွက်ကြစေ လိုပါတယ်။ ဟောပြောပွဲကို သဘော မတူကြောင်း ဆန္ဒပြကြမယ့် အဖွဲ့တွေ ရှိနေပါပြီ အားလုံးပဲ ဟောပြောပွဲကို မသွားသင့်ဘူး ဆိုတာတော့ သိလောက်ပါပြီနော် ဒေါသတွေကို ရှေ့ထားပြီး လက်လွန်ခြေလွန် တွေလုပ်ပြီး မမှားသင့်တာတွေ မမှားရအောင် စဉ်းစားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။

သာသနာတော်ကြီးကို စောင့်ရှောက်ကြတဲ့ အခါမှာလဲ အကုသိုလ်စိတ် ဖြစ်တဲ့ ဒေါသ စိတ်များကို အရင် ချိုးနှိမ်ပြီး ကောင်းစွာ စောင့်ရှောက် နိုင်ကြပါစေ။ ဗီဒီယိုကို ဖွင့်ပြီး ကြည့်လိုက်ကြပါဦး။
Previous Post Next Post

Contact Form