ကမ္ဘာ့ ရွှေဈေး နှစ် ၂၀ အတွင်း အမြင့်ဆုံး ကို ရောက်ရှိ


နိုင်ငံတွင် ရွှေဈေး နှင့် ရေနံစိမ်း ဈေးနှုန်း များမှာ ဆက်လက်မြင့် တက်လျှက် ရှိသည်။
နေမျိုးဦး | ယနေ့ နံနက် ဈေးကွက် ဖွင့်ချိန်တွင် မြန်မာ ငွေနှင့် လဲလှယ်ရာ တွင် အမေရိကန် ၁ ဒေါ်လာ ပေါက်ဈေးမှာ ၈၈၆ ကျပ်ထိ ပြန်လည် တက်သွားပြီး ၊ ရွှေဈေး မှာ ၁၆ ပဲသား အခေါက်ရွှေ ၁ ကျပ်သားလျှင် သင်္ကြန် မတိုင်ခင်က ကျပ် ၆၆.၀၀၀ ဈေး ရှိရာမှ ယနေ့ ၆၉၀.၀၀၀ ကျပ်သို့ မြင့်တက် သွားသည်ဟု သတင်း ရရှိသည်။

ရန်ကုန်တွင် ကန်ထရိုက် တိုက်ခန်းများ မှာ ဈေးကျနေပြီး ၊ အိမ် နှင့် ခြံပါသော မြေကွက်များမှာ အရောင်း အ၀ယ်ဖြစ်ကာ ဈေးတက် နေသည်။

ရန်ကုန်မြို့မှ ရွှေဆိုင် လုပ်ငန်းရှင် တစ်ဦးက ရွှေဈေး မြင့်တက် သွားခြင်းသည် ကမ္ဘာ့ ရွှေဈေး မြင့်တက် သွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ နယူးယောက် ရွှေဈေးကွက်တွင် ရွှေ ၁ အောင်စမှာ ယနေ့ ဒေါ်လာ ၁၅၀၂ ဖြစ်သည်။

၂၀၁၁ ခုနှစ် ပထမ လေးလ အတွင်းမှာပင် မြန်မာနိုင်ငံ၌ ရွှေ ၀ယ်စုသူ သိသိ သာသာ များလာသည်ဟု မြို့မ ရွှေဆိုင်မှာ တာဝန်ရှိသူ တစ်ဦးက FNG သို့ ပြောသည်။

ရေနံ ထွက်သည့် အာရပ် နိုင်ငံ များ တွင် ပြည်တွင်း စစ်ပွဲ များ နှင့် လူထု အုံကြွှမှုများကြောင့် ရေနံစိမ်း ဈေးမှာ မြင့်တက်လျှက် ရှိပြီး လန်ဒန် ဘုရင့် ရေနံစိမ်း တစ်စည်မှာ ၁၂၃ ဒေါ်လာ ဈေးပေါက်ပြီး ၂ နှစ် အတွင်း အမြင့် ဆုံး ဈေးကို ပြန်လည် ရောက်ရှိခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံတွင် အိမ်ခြံမြေ ဈေး ဆက်လက် မြင့်တက်လျှက် ရှိသော်လည်း အမေရိကန်တွင် ဆက်လက် ကျဆင်းလျှက် ရှိသည်။

source by : freedom News Group
Previous Post Next Post

Contact Form