ဗိုလ်ချုပ်ကြီးဟောင်း အစိုးရအပေါ် သုံးသပ်ချက်နဲ့ ပတ်သက်၍ ဆက်သွယ် မေးမြန်းချက်

နေ့သစ် | မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် လှုပ်ရှား ဆောင်ရွက် နေကြတဲ့ အဖွဲ့အစည်း ၁၂ ဖွဲ့ ပူးပေါင်းထားတဲ့ အဖွဲ့ဟာ အခု မြန်မာပြည်မှာ တက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း စစ် အစိုးရသစ် အပေါ် သုံးသပ်ချက်နဲ့ ပြည်သူ လူထုသို့ တင်ပြချက် ဆို တဲ့ ကြေညာချက် တစောင် ဒီနေ့ ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

ကြေညာချက် ထဲမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ စစ်အာဏာရှင် စနစ်ကို ကိုယ်စားပြုတဲ့ ကြံ့ဖွံ့ အစိုးရ ဖြစ်တယ်ဆိုတာ အချက်အလက် များနဲ့ ထောက်ပြ ပြောဆို သုံးသပ် ထားပါတယ်။

ယခု လှုပ်ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့ ၁၂ ဖွဲ့ထဲမှ မြေလတ် ကျောင်းသားများ အဖွဲ့က ကိုမင်းစိုးနိုင် ကို ဆက်သွယ် မေးမြန်ခဲ့ပါတယ်။

“ယနေ့ အာရပ် ကမ္ဘာမှာ ဖြစ်နေတဲ့ လူထု အုံကြွမှုမျိုး မြန်မာပြည် မှာရော ဖြစ်ပေါ် လာနိုင်ပါလား”

“အာရပ် ကမ္ဘာမှာ ယနေ့ ဖြစ်ပေါ်နေတဲ့ လူထု အုံကြွမှုမျိုး မြန်မာ နိုင်ငံမှာ ဖြစ်လာမယ်လို့ ယုံကြည့် ပါတယ်။ ပြည်သူကို လုံးဝ အထင် သေးလို့ မရပါဘူး။ ပြည်သူ တွေဟာ ယနေ့ အခြေအနေမှာ ဖိနှိပ်မှု အမျိုးမျိုးကို ခံစား နေကြရတယ်။ ဒုက္ခ မျိုးစုံနဲ့ နေနေရတယ်။ ဖိနှိပ်လွန်းတဲ့ အတွက် ပြည်သူ့ အုံကြွမှုတွေ ဖြစ်လာတော့မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေ နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်ဖို့ ဖေါ်ဆောင်နေကြပါတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမ လဲ”

“အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတွေရဲ့ ထောက်ခံမှုရထားတယ်။ ပြည်သူတွေရဲ့ ဒုက္ခတွေ ကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိတယ်။ ဒေါ်စုကို ထောက်ခံပြီး ဒေါ်စုရဲ့ လှုပ်ရှားမှုကို အားပေး ထောက်ခံ ပါတယ်။ ဒီနေ့ လူငယ်တွေဟာ ဒေါ်စုကို လူထု အမျိုးသား ခေါင်းဆောင် အဖြစ် ယုံကြည်တယ်။”

“ကျနော်တို့ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘူး။ အစိုးသစ်ကို အယုံအကြည် မရှိဘူး စစ်မှန်တဲ့ ပြည် သူတွေ ရွေးချယ်တဲ့ ပြည်သူ့ အစိုးရ မဖြစ်မချင်း ပြည်သူတွေကို အသိပေးပြီး တိုက်ပွဲဝင်သွားမယ်။ ”

“ဒီနေ့ NGO ပုံစံနဲ့ လှုပ်ရှားနေကြတဲ့ ဒေါက်တာနေဝင်းမောင်တို့လို အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါ သလဲ…”

“ဒေါက်တာ နေဝင်းမောင် တို့နဲ့ ကျနော်တို့က လိုင်းမတူသလို သွားတဲ့ လမ်းကြောင်းလဲ မတူကြပါဘူး သူတို့က ပြည်သူ လူထု အရေး အတွက် လုပ်နေကြတာ မဟုတ်၊ ဒေါက်တာ နေဝင်းမောင်လို လူမျိုးတွေ မြန်မာပြည်မှာ များနေတယ်”

“နောက်ဆုံး အနေနဲ့ ပြည်တွင်း ပြည်ပရှိ လူထုနဲ့ ဒီမိုကရေစီ အင်အားစုတွေကို ဘာပြောချင်ပါလဲ …”

“အခု ကျနော်တို့ အစိုးရသစ် အပေါ်သဘောထားနဲ့ ပြည်သူသို့ တင်ပြချက်ကို ထုတ်ပြန်ခဲ့တဲ့ အဖွဲ့တွေက အရပ်သား ပြည်သူ့ အစိုးရသစ် တရပ် ပေါ်ထွန်းရေး အတွက် နည်းလမ်း ပေါင်းစုံနဲ့ တိုက်ပွဲ ဝင်သွားကြမယ်။ လူထု လွတ်မြောက်ရေး တိုက်ပွဲ အတွက် မြန်မာ ပြည်သူ ပြည်သားတွေ ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးကြပါလို့ ပြောလိုပါတယ်။ ကျနော်တို့ရဲ့ တိုက်ပွဲဟာ ပြည်သူ့အားနဲ့ မကြာခင် အောင်ပွဲ ဆင်နိုင် ပါလိမ့်မယ်”။ လို့ ပြောပြသွားပါတယ်။

ယခု တက်လာတဲ့ အစိုးရသစ် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို အမှန်တကယ် သွားမယ် ဆိုပါက အရင်ဦးဆုံးလုပ် ဆောင်ပေး ရမယ့် အချက် ၅ ချက်ကိုလည်း တင်ပြ တောင်းဆို ထားပါတယ်။

source by : နေ့သစ်
Previous Post Next Post

Contact Form