မလေးရှား နိုင်ငံ ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့ မှ အသိပေး ထုတ်ပြန်ချက်

ရခိုင် ဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ပြန်ကြားရေး ဌာန ဧပြီ ၂၂ ရက်၊ ၂ဝ၁၁ ခုနှစ်

မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့ ပူချူန်း ဒေသနေ မြန်မာ ဒုက္ခသည် များအား ယနေ့ နံနက် ၁၂ နာရီမှ စ၍ ဒေသခံ ရဲများနှင့် ကွာလာလမ်ပူရှိ အထူးရဲများ ပူးပေါင်း၍ စီမံချက်ဖြင့် ဝင်ရောက် ဖမ်းဆီး နေကြောင်း သတင်းရရှိသည်။

ယခု အချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံ နေရသူ မြန်မာ ဒုက္ခသည်များ ၁ဝဝ ကျော်ခန့်ရှိပြီး အများစုမှာ ပူချူန်း၊ TESCO – ပန်းခြံ အနီး တဝိုက်ရှိ ရခိုင် ဒုက္ခသည်များ ဖြစ်ကြောင်း သိရှိ ရသည်။

ဖမ်းဆီး ခံနေရသူများတွင် UNHCR ကဒ် ကိုင်ဆောင် ထားသူများနှင့် RST စောင့်နေသူများလည်း ပါဝင် နေကြောင်း သတင်းရရှိသည်။

ဤအကြောင်းရာနှင့် ပတ်သက်၍ သတင်းများ ထပ်မံ ရရှိပါက ရခိုင် ဒုက္ခသည်များ မဟာမိတ် အဖွဲ့ချုပ် (AAR) ၏ Hot line : 0321411332, 0162779365, 0129351251 သို့ တိုက်ရိုက် ဆက်သွယ် ပေးပို့ကြရန်နှင့် သတင်း များအား ဆက်လက် စုံစမ်း နေဆဲ ဖြစ်ပြီး ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (မလေးရှား – UNHCR) သို့ ရခိုင် ဒုက္ခသည်များ မဟာမိတ်အဖွဲ့ အနေဖြင့် အကြောင်းကြား ထားပြီး ဖြစ်သည်။ (AAR)
Previous Post Next Post

Contact Form